ဆွီဒင်တိုက်စစ်မှူး မိုဗစ်၏ရုပ်တု ဇာတိ မယ်လ်မိုမြို့တွင် ထားရှိမည်

4K
ဆွီဒင်တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ရဲ့ ရုပ်တုတခုကို သူ့ရဲ့ဇာတိ မယ်လ်မိုမြို့မှာ ထုလုပ် ထားရှိတော့မှာဖြစ်ပါတယ်။
မိုဗစ်ဟာ သူ့ရဲ့ လူငယ်ကစားသမားဘဝကို မယ်လ်မိုအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
မိုဗစ်ရဲ့ရုပ်တုဟာ ၂.၇ မီတာ ရှည်လျားပြီး ၅၀၀ ကီလိုဂရမ် အလေးချိန်ရှိမှာဖြစ်ပါတယ်။ ရုပ်တုကိုတော့ မယ်လ်မိုအသင်းရဲ့ အိမ်ကွင်းအဟောင်းနဲ့ လက်ရှိအသစ်ကြားက လမ်းဆုံတခုမှာ ထားရှိသွားမှာလည်း ဖြစ်ပါတယ်။
အသက် ၃၇ နှစ်ရှိ တိုက်စစ်မှူးမိုဗစ်ဟာ လက်ရှိအချိန်မှာတော့ အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီအသင်းမှာ ပါဝင်ကစားနေဆဲဖြစ်ပါတယ်။
အသက်ထင်ရှားရှိနေသေးတဲ့ အချိန်မှာပဲ ရုပ်တုထုလုပ်ခံရတော့မှာက ဂုဏ်ယူစရာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်အတွက် ဝမ်းမြောက်မိတယ်လို့ မိုဗစ်က ပြောပါတယ်။
မိုဗစ်ဟာ သူ့ရဲ့ကစားသမားဘ၀ သက်တမ်း နှစ် ၂၀ ကာလအတွင်းမှာ ဥရောပထိပ်တန်း ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူနိုက်တက်၊ အေစီမီလန်၊ အင်တာမီလန် စတဲ့အသင်းတွေအတွက် စုစုပေါင်း ဂိုး ၄၀၀ ကျော်သွင်းယူထားသူဖြစ်ပါတယ်။
=======================
ဆြီဒင္တိုက္စစ္မႉး မိုဗစ္၏႐ုပ္တု ဇာတိ မယ္လ္မိုၿမိဳ႕တြင္ ထားရွိမည္
DVB
ဆြီဒင္တိုက္စစ္မႉးႀကီး အီဗရာဟီမိုဗစ္ရဲ႕ ႐ုပ္တုတခုကို သူ႔ရဲ႕ဇာတိ မယ္လ္မိုၿမိဳ႕မွာ ထုလုပ္ ထားရွိေတာ့မွာျဖစ္ပါတယ္။
မိုဗစ္ဟာ သူ႔ရဲ႕ လူငယ္ကစားသမားဘဝကို မယ္လ္မိုအသင္းမွာ စတင္ခဲ့တာျဖစ္ၿပီး ဆြီဒင္ေဘာလုံးအဖြဲ႕ခ်ဳပ္က ဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။
မိုဗစ္ရဲ႕႐ုပ္တုဟာ ၂.၇ မီတာ ရွည္လ်ားၿပီး ၅၀၀ ကီလိုဂရမ္ အေလးခ်ိန္ရွိမွာျဖစ္ပါတယ္။ ႐ုပ္တုကိုေတာ့ မယ္လ္မိုအသင္းရဲ႕ အိမ္ကြင္းအေဟာင္းနဲ႔ လက္ရွိအသစ္ၾကားက လမ္းဆုံတခုမွာ ထားရွိသြားမွာလည္း ျဖစ္ပါတယ္။
အသက္ ၃၇ ႏွစ္ရွိ တိုက္စစ္မႉးမိုဗစ္ဟာ လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ အယ္လ္ေအဂလက္စီအသင္းမွာ ပါဝင္ကစားေနဆဲျဖစ္ပါတယ္။
အသက္ထင္ရွားရွိေနေသးတဲ့ အခ်ိန္မွာပဲ ႐ုပ္တုထုလုပ္ခံရေတာ့မွာက ဂုဏ္ယူစရာျဖစ္ၿပီး အဲဒီဆုံးျဖတ္ခ်က္အတြက္ ဝမ္းေျမာက္မိတယ္လို႔ မိုဗစ္က ေျပာပါတယ္။
မိုဗစ္ဟာ သူ႔ရဲ႕ကစားသမားဘ၀ သက္တမ္း ႏွစ္ ၂၀ ကာလအတြင္းမွာ ဥေရာပထိပ္တန္း ကလပ္ေတြျဖစ္တဲ့ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ မန္ယူႏိုက္တက္၊ ေအစီမီလန္၊ အင္တာမီလန္ စတဲ့အသင္းေတြအတြက္ စုစုေပါင္း ဂိုး ၄၀၀ ေက်ာ္သြင္းယူထားသူျဖစ္ပါတယ္။