Home
မြန်မာသတင်း
မြစ်ငယ်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေး သုတေသနလေ့လာချက်အစည်းအဝေးအား ပြည်သူ ၂၀၀ ခန့် ဆန္ဒပြ
နန်းမြနဒီ
·
September 12, 2019
ရှမ်းပြည်နယ် တောင်ကြီးမြို့ မောင်းတိန်းစတားဟိုတယ်မှာ ဒီကနေ့မနက်ပိုင်း ကျင်းပခဲ့တဲ့ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးနဲ့ ထပ်ဆင့်ထိခိုက်မှု၊ အကဲဖြတ်ဆန်းစစ်ခြင်းဆိုင်ရာ သုတေသနပြုချက်တွေနဲ့ ပတ်သက်တဲ့အစည်းအဝေးကို နမ္မတူမြစ်ဝှမ်း ဒေသခံ ၂၀၀ လောက် လာရောက် ကန်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီအစည်းအဝေးဟာ ရွာသားတွေကန့်ကွက်ထားတဲ့ နမ္မတူမြစ်ပေါ်က ရေကာတာ စီမံကိန်း အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခြင်းဖြစ်တာကြောင့် လာရောက် ကန့်ကွက်ရတာလို့ နမ္မတူမြစ်ဝှမ်းရှိ တာလုံရွာသား စိုင်းထမ်းအိုက်က ဒီဗွီဘီကို ပြောပါတယ်။  “စီမံကိန်းတခုရဲ့ လုပ်ထုံးလုပ်နည်းအရ အဲဒီဒေသမှာ ဆည်တွေ၊ ရေကာတာ တွေဆောက်မယ်ဆိုရင် စီမံကိန်းကြောင့် သက်ရောက်လာမယ့်  ကောင်းကျိုးဆိုးကျိုးတွေကို သုတေသနပြု အကဲဖြတ်ဆန်းစစ်တာတွေ၊ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်ကြပါတယ်။ ဒီကနေ့လည်း ကျနော်တို့ နမ္မတူမြစ်ဝှမ်းဒေသမှာ ရေကာတာလာပြီး တည်ဆောက်ဖို့ ပြင်နေတဲ့ IFC အဖွဲ့၊ SWECO နဲ့ Australian Aid အဖွဲ့၊ မြန်မာလျှပ်စစ်စွမ်း အင်ဝန်ကြီးဌာန၊ သဘဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေပါတယ်၊ လူထုအခြေပြုအဖွဲ့တွေပါတယ် ဆိုတော့ကာ ရေကာတာစီမံကိန်းကို မရပ်တံ့ဘဲ ရှေ့ဆက်ဖို့ လုပ်ငန်းစဉ်အတိုင်း သွားနေတာဖြစ်တယ်၊  လူထုအခြေပြုအဖွဲ့ဆိုတာကတော့ ကျနော်တို့ နမ္မတူဖြစ်ဝှမ်းက ဒေသခံတွေ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်တို့နေထိုင်တဲ့ နမ္မတူဒေသ ဖွံ့ဖြိုးရေးဖြစ်တဲ့အတွက် ရေကာတာမဆေက်ဖို့ လာပြီးကန့်ကွက်ကြ တာဖြစ်ပါတယ်။” ဒီကနေ့ လာရောက်ကန့်ကွက်သူတွေထဲမှာ သီပေါမြို့နယ် တာလုံရွာသား၊ ပေါ်ကြိုရွာသား နဲ့ တောင်ကြီးရောက် နမ္မတူဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ တောင်ကြီးဒေသခံတွေ၊ ရှမ်းလူငယ်တွေပါ စုစုပေါင်းအင်အား ၂၀၀ လောက် လာရောက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေက “မြစ်ငယ်မြစ်ဝှမ်းဒေသ ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စုပေါင်းထပ်ဆင့်ထိခိုက်မှု အကဲဖြတ်ဆန်းစစ်ခြင်း နှင့် စီမံခန့်ခွဲခြင်း” အစည်းအ ဝေးအားကန့်ကွက်ပါကြောင်း၊ မြစ်ငယ်မြစ်ပေါ်တွင် ဆောက်လုပ်ဖို့ လျာထားတဲ့ ရေကာတာစီမံကိန်းအားလုံးအားကန့်ကွက်ပြီး  ရွာသားများရဲ့ နေထိုင်မှုဘ၀ ထိခိုက်စေမယ့် ရေကာတာတည်ဆောက်ခြင်းကို ရုတ်သိမ်းပေးဖို့ ထုတ်ပြန်ကြေငြာချက်တစောင်ကို သက်ဆိုင်ရာ IFC (  International Finance Corporation ) ကိုယ်စားလှယ်ထံ  ပေးပို့ခဲ့ကြပါတယ်။ ဒီကနေ့အစည်းအဝေးကို Australian Aid က ငွေကြေးကူညီထောက်ပံ့ပြီး ဆွီဒင် အင်ဂျင်နီယာ အတိုင်ပင်ခံ လုပ်ငန်း SWECO  က အကောင်အထည်ဖော်တာလို့ ဆိုပါတယ်။  အထက်ရဲရွာ ရေကာတာအပါအဝင် ရေကာတာကြီး ၄ ခုဟာ နမ္မတူ ခေါ် မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်ဖို့ အစီအစဉ်ရေးဆွဲထားတာဖြစ်ပြီး ဆွစ်ဇာလန်၊ ဂျပန် နဲ့ တရုတ်ကုမ္ပဏီတွေက ပါဝင်ရင်းနှီးလုပ်ကိုင်နေတာလို့ စိုင်းထမ်းအိုက်က ပြောပါတယ် ။  နမ္မတူမြစ်ပေါ်မှာ ရေကာတာတွေတည်ဆောက်ခြင်းအားဖြင့် သီပေါ နဲ့ ကျော က်မဲမြို့နယ်တွင်းစီးဆင်းသွားတဲ့ မြစ်ကမ်းတလျှောက်က ရွာတွေ ရေလွှမ်းမိုးသွားနိုင်ပြီး ပြောင်းရွှေ့နေထိုင်မှုတွေလုပ်ရမှာ၊ နေ့စဉ်ဘ၀ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်မှာ၊ လတ်တလော သူတို့ဒေသမှာ တိုက်ပွဲဖြစ်နေလို့ စစ်ပြေးရှောင်နေရတဲ့အပြင် စီမံကိန်းကြောင့် နောက်ထပ်ဒုက္ခရောက်ရမှာကို မလိုလားလို့ ရွာသားတွေက အဆိုပါစီမံကိန်းကို တစိုက်မတ်မတ် ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။ ========================= ျမစ္ငယ္ျမစ္ဝွမ္းေဒသဖြံ႕ၿဖိဳးေရး သုေတသနေလ့လာခ်က္အစည္းအေဝးအား ျပည္သူ ၂၀၀ ခန႔္ ဆႏၵျပ နန္းျမနဒီ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ ေမာင္းတိန္းစတားဟိုတယ္မွာ ဒီကေန႔မနက္ပိုင္း က်င္းပခဲ့တဲ့ နမၼတူျမစ္ (ေခၚ) ျမစ္ငယ္ျမစ္ဝွမ္းေဒသ ဖြံ႕ၿဖိဳးေရးနဲ႔ ထပ္ဆင့္ထိခိုက္မႈ၊ အကဲျဖတ္ဆန္းစစ္ျခင္းဆိုင္ရာ သုေတသနျပဳခ်က္ေတြနဲ႔ ပတ္သက္တဲ့အစည္းအေဝးကို နမၼတူျမစ္ဝွမ္း ေဒသခံ ၂၀၀ ေလာက္ လာေရာက္ ကန္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ ဒီအစည္းအေဝးဟာ ႐ြာသားေတြကန႔္ကြက္ထားတဲ့ နမၼတူျမစ္ေပၚက ေရကာတာ စီမံကိန္း အေကာင္အထည္ေဖာ္ဖို႔ ျပင္ဆင္ျခင္းျဖစ္တာေၾကာင့္ လာေရာက္ ကန႔္ကြက္ရတာလို႔ နမၼတူျမစ္ဝွမ္းရွိ တာလုံ႐ြာသား စိုင္းထမ္းအိုက္က ဒီဗြီဘီကို ေျပာပါတယ္။ “စီမံကိန္းတခုရဲ႕ လုပ္ထုံးလုပ္နည္းအရ အဲဒီေဒသမွာ ဆည္ေတြ၊ ေရကာတာ ေတြေဆာက္မယ္ဆိုရင္ စီမံကိန္းေၾကာင့္ သက္ေရာက္လာမယ့္  ေကာင္းက်ိဳးဆိုးက်ိဳးေတြကို သုေတသနျပဳ အကဲျဖတ္ဆန္းစစ္တာေတြ၊ ေဒသခံေတြနဲ႔ ေဆြးေႏြးတိုင္ပင္တာေတြ လုပ္ၾကပါတယ္။ ဒီကေန႔လည္း က်ေနာ္တို႔ နမၼတူျမစ္ဝွမ္းေဒသမွာ ေရကာတာလာၿပီး တည္ေဆာက္ဖို႔ ျပင္ေနတဲ့ IFC အဖြဲ႕၊ SWECO နဲ႔ Australian Aid အဖြဲ႕၊ ျမန္မာလွ်ပ္စစ္စြမ္း အင္ဝန္ႀကီးဌာန၊ သဘဝအရင္းအျမစ္နဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ကိုယ္စားလွယ္ေတြပါတယ္၊ လူထုအေျချပဳအဖြဲ႕ေတြပါတယ္ ဆိုေတာ့ကာ ေရကာတာစီမံကိန္းကို မရပ္တံ့ဘဲ ေရွ႕ဆက္ဖို႔ လုပ္ငန္းစဥ္အတိုင္း သြားေနတာျဖစ္တယ္၊  လူထုအေျချပဳအဖြဲ႕ဆိုတာကေတာ့ က်ေနာ္တို႔ နမၼတူျဖစ္ဝွမ္းက ေဒသခံေတြ မဟုတ္ပါဘူး၊ ဒါေပမယ့္ က်ေနာ္တို႔ေနထိုင္တဲ့ နမၼတူေဒသ ဖြံ႕ၿဖိဳးေရးျဖစ္တဲ့အတြက္ ေရကာတာမေဆက္ဖို႔ လာၿပီးကန႔္ကြက္ၾက တာျဖစ္ပါတယ္။” ဒီကေန႔ လာေရာက္ကန႔္ကြက္သူေတြထဲမွာ သီေပါၿမိဳ႕နယ္ တာလုံ႐ြာသား၊ ေပၚႀကိဳ႐ြာသား နဲ႔ ေတာင္ႀကီးေရာက္ နမၼတူေဒသခံေတြ၊ သဘာဝပတ္ဝန္းက်င္ကို ခ်စ္ျမတ္ႏိုးတဲ့ ေတာင္ႀကီးေဒသခံေတြ၊ ရွမ္းလူငယ္ေတြပါ စုစုေပါင္းအင္အား ၂၀၀ ေလာက္ လာေရာက္ဆႏၵျပခဲ့ပါတယ္။ ဆႏၵျပသူေတြက “ျမစ္ငယ္ျမစ္ဝွမ္းေဒသ ျပည့္ၿဖိဳးၿမဲစြမ္းအင္ဖြံ႕ၿဖိဳးမႈအတြက္ စုေပါင္းထပ္ဆင့္ထိခိုက္မႈ အကဲျဖတ္ဆန္းစစ္ျခင္း ႏွင့္ စီမံခန႔္ခြဲျခင္း” အစည္းအ ေဝးအားကန႔္ကြက္ပါေၾကာင္း၊ ျမစ္ငယ္ျမစ္ေပၚတြင္ ေဆာက္လုပ္ဖို႔ လ်ာထားတဲ့ ေရကာတာစီမံကိန္းအားလုံးအားကန႔္ကြက္ၿပီး  ႐ြာသားမ်ားရဲ႕ ေနထိုင္မႈဘ၀ ထိခိုက္ေစမယ့္ ေရကာတာတည္ေဆာက္ျခင္းကို ႐ုတ္သိမ္းေပးဖို႔ ထုတ္ျပန္ေၾကျငာခ်က္တေစာင္ကို သက္ဆိုင္ရာ IFC (  International Finance Corporation ) ကိုယ္စားလွယ္ထံ  ေပးပို႔ခဲ့ၾကပါတယ္။ ဒီကေန႔အစည္းအေဝးကို Australian Aid က ေငြေၾကးကူညီေထာက္ပံ့ၿပီး ဆြီဒင္ အင္ဂ်င္နီယာ အတိုင္ပင္ခံ လုပ္ငန္း SWECO  က အေကာင္အထည္ေဖာ္တာလို႔ ဆိုပါတယ္။ အထက္ရဲ႐ြာ ေရကာတာအပါအဝင္ ေရကာတာႀကီး ၄ ခုဟာ နမၼတူ ေခၚ ျမစ္ငယ္ျမစ္ေပၚမွာ တည္ေဆာက္ဖို႔ အစီအစဥ္ေရးဆြဲထားတာျဖစ္ၿပီး ဆြစ္ဇာလန္၊ ဂ်ပန္ နဲ႔ တ႐ုတ္ကုမၸဏီေတြက ပါဝင္ရင္းႏွီးလုပ္ကိုင္ေနတာလို႔ စိုင္းထမ္းအိုက္က ေျပာပါတယ္ ။ နမၼတူျမစ္ေပၚမွာ ေရကာတာေတြတည္ေဆာက္ျခင္းအားျဖင့္ သီေပါ နဲ႔ ေက်ာ က္မဲၿမိဳ႕နယ္တြင္းစီးဆင္းသြားတဲ့ ျမစ္ကမ္းတေလွ်ာက္က ႐ြာေတြ ေရလႊမ္းမိုးသြားႏိုင္ၿပီး ေျပာင္းေ႐ႊ႕ေနထိုင္မႈေတြလုပ္ရမွာ၊ ေန႔စဥ္ဘ၀ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းေတြ ထိခိုက္မွာ၊ လတ္တေလာ သူတို႔ေဒသမွာ တိုက္ပြဲျဖစ္ေနလို႔ စစ္ေျပးေရွာင္ေနရတဲ့အျပင္ စီမံကိန္းေၾကာင့္ ေနာက္ထပ္ဒုကၡေရာက္ရမွာကို မလိုလားလို႔ ႐ြာသားေတြက အဆိုပါစီမံကိန္းကို တစိုက္မတ္မတ္ ဆန႔္က်င္ေနၾကတာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024