A d v e r t i s e m e n t With Us

ရန်ကုန်တိုင်းအတွင်း  မဲဆန္ဒရှင်စာရင်း စက်တင်ဘာလကုန် အပြီးသတ်မည်

၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း မဲဆန္ဒရှင်စာရင်းကို အခုလကုန်အပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။ တိုင်းအတွင်း အခြေခံလူဦးရေစာရင်းကိုတော့ စက်တင်ဘာ ၁၅ ရက်မှာ အပြီးကောက်ယူ ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ "ကျနော်တို့က စက်တင်ဘာ ၁၅ မှာ လူဦးရေစာရင်းပေါ့နော် အပြီးဖြစ်ရမယ်၊ စက်တင်ဘာလကုန်မှာ မဲဆန္ဒရှင်စာရင်း အပြီးဖြစ်ရမယ်၊ အဲ့ဒီတော့ ရာခိုင်နှုန်းတော်တော်များများ လူဦးရေစာရင်းက ရာခိုင်နှုန်းပြည့်ပေါ့ ပြီးသွားပါပြီ။" ရန်ကုန်တိုင်းမှာ အခြေခံလူဦးရေစာရင်းအရ လူ ၇ သန်းခန့်ရှိနေပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလကထက် လူ ၁ သန်းကျော် များလာတယ်လို့လည်း ပြောပါတယ်။ အခြေခံလူဦးရေစာရင်းကို ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေအတွင်း ကော်မရှင်နဲ့အတူ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့က ပူးပေါင်းကောက်ယူ ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်း အခြေခံလူဦးရေစာရင်းကောက်ယူခဲ့ရာမှာ လှိုင်သာယာမြို့နယ်မှာ ကျုးကျော်တွေ စက်ရုံ အလုပ်သမားတွေများလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စေလွှတ်ခဲ့တဲ့ အထူးအဖွဲ့ တိုင်းကော်မရှင်က အထူးတဖွဲ့တို့နဲ့ အထူးအဖွဲ့ နှစ်ဖွဲ့ခွဲပြီး ကောက်ယူခဲ့ရပါတယ်။ လူနေထူထပ်တဲ့ လှိုင်သာယာမြို့နယ်မှာ အခု နှစ်ထဲ ကောက်ယူခဲ့တဲ့ အခြေခံလူဦးရေစာရင်းအရ လူ ၇ သိန်းခန့် ရှိပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် မဲဆနရှင်စာရင်းကိုတော့ ကော်မရှင်က ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၆၀ အလိုမှာ ၂ ကြိမ် ကြေညာပေးမှာ ဖြစ်ပါတယ်။ ========================== ရန္ကုန္တိုင္းအတြင္း  မဲဆႏၵရွင္စာရင္း စက္တင္ဘာလကုန္ အၿပီးသတ္မည္ DVB ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ရန္ကုန္တိုင္းအတြင္း မဲဆႏၵရွင္စာရင္းကို အခုလကုန္အၿပီး လုပ္ေဆာင္သြားမယ္လို႔ တိုင္းေကာ္မရွင္ဥကၠ႒ ဦးၾကည္ျမင့္က ေျပာပါတယ္။ တိုင္းအတြင္း အေျခခံလူဦးေရစာရင္းကိုေတာ့ စက္တင္ဘာ ၁၅ ရက္မွာ အၿပီးေကာက္ယူ ထားၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။ "က်ေနာ္တို႔က စက္တင္ဘာ ၁၅ မွာ လူဦးေရစာရင္းေပါ့ေနာ္ အၿပီးျဖစ္ရမယ္၊ စက္တင္ဘာလကုန္မွာ မဲဆႏၵရွင္စာရင္း အၿပီးျဖစ္ရမယ္၊ အဲ့ဒီေတာ့ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား လူဦးေရစာရင္းက ရာခိုင္ႏႈန္းျပည့္ေပါ့ ၿပီးသြားပါၿပီ။" ရန္ကုန္တိုင္းမွာ အေျခခံလူဦးေရစာရင္းအရ လူ ၇ သန္းခန႔္ရွိေနၿပီး ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲ ကာလကထက္ လူ ၁ သန္းေက်ာ္ မ်ားလာတယ္လို႔လည္း ေျပာပါတယ္။ အေျခခံလူဦးေရစာရင္းကို ၿပီးခဲ့တဲ့ ဇြန္၊ ဇူလိုင္လေတြအတြင္း ေကာ္မရွင္နဲ႔အတူ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာနတို႔က ပူးေပါင္းေကာက္ယူ ခဲ့တာ ျဖစ္ပါတယ္။ ရန္ကုန္တိုင္းအတြင္း အေျခခံလူဦးေရစာရင္းေကာက္ယူခဲ့ရာမွာ လႈိင္သာယာၿမိဳ႕နယ္မွာ က်ဳးေက်ာ္ေတြ စက္႐ုံ အလုပ္သမားေတြမ်ားလို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေစလႊတ္ခဲ့တဲ့ အထူးအဖြဲ႕ တိုင္းေကာ္မရွင္က အထူးတဖြဲ႕တို႔နဲ႔ အထူးအဖြဲ႕ ႏွစ္ဖြဲ႕ခြဲၿပီး ေကာက္ယူခဲ့ရပါတယ္။ လူေနထူထပ္တဲ့ လႈိင္သာယာၿမိဳ႕နယ္မွာ အခု ႏွစ္ထဲ ေကာက္ယူခဲ့တဲ့ အေျခခံလူဦးေရစာရင္းအရ လူ ၇ သိန္းခန႔္ ရွိပါတယ္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးႏိုင္မယ့္ မဲဆနရွင္စာရင္းကိုေတာ့ ေကာ္မရွင္က ေ႐ြးေကာက္ပြဲမတိုင္မီ ရက္ေပါင္း ၆၀ အလိုမွာ ၂ ႀကိမ္ ေၾကညာေပးမွာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up