စပိန်လွှတ်တော်အပြင်ဘက် ရဲအကာအရံများကို ကတ်တလန်ခွဲထွက်ရေးသမားများ ဖျက်ရန်ကြိုး စား

3.7K
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ စက်တင်ဘာ ၁၁ ရက်က ကတ်တလန်အမျိုးသားနေ့အတွင်း ဒေသန္တရ လွှတ်တော်အဆောက်အအုံအပြင်ဘက်မှာ ကတ်တလန် ခွဲထွက်ရေးသမားတွေက ရဲတွေရဲ့ အကာအရံတွေကို ဖျက်ဖို့ ကြိုးစားခဲ့ကြပါတယ်။
Defence of the Republic (CDR) ကော်မတီ အဖွဲ့ဝင်တွေဟာ စပိန်နိုင်ငံအလံကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေရဲ့ အကာအရံတွေကို တွန်းဖယ်ခဲ့ကြပါတယ်။
အဲဒီနေ့ အစောပိုင်းမှာပဲ မြို့တော်ဘာစီလိုနာမှာ သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးချီတက်လာကြပြီး လွတ်လပ်ရေးလိုလားတဲ့ အလံတွေ လွှင့်ထူခဲ့ကြတဲ့အပြင် “လွတ်လပ်ရေးအခုပေး” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
သူတို့ဟာ စပိန်ကနေ ခွဲထွက်ရေး တောင်းဆိုဖို့ စုဝေးခဲ့ကြပေမယ့် ကတ်တလန်ခွဲထွက်ရေး ပါတီတွေအကြား သဘောထားကွဲလွဲတွေကြောင့် စက်တင်ဘာ ၁၁ ရက်နေ့ ဆန္ဒပြပွဲဟာ အရင်ပွဲတွေထက်တော့ အင်အားနည်းခဲ့ပါတယ်။
စပိန်နိုင်ငံမှာ ဒေသန္တရနဲ့ အမျိုးသာေနိုင်ငံရေးအခြေအနေ ပရမ်းပတာ ဖြစ်နေချိန်မှာ လွတ်လပ်ရေးလိုလားတဲ့ ကတ်တလန်နှစ်ပတ်လည် လုထုစုဝေးပွဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
===============================
DVB
စပိန်နိုင်ငံမှာ ဒေသန္တရနဲ့ အမျိုးသာနေိုင်ငံရေးအခြေအနေ ပရမ်းပတာ ဖြစ်နေချိန်မှာ လွတ်လပ်ရေးလိုလားတဲ့ ကတ်တလန်နှစ်ပတ်လည် လုထုစုဝေးပွဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။