A d v e r t i s e m e n t With Us

အဲပုဂံလေယာဉ် ဟဲဟိုးတွင် မတော်တဆမှုဖြစ်ပွား၊ ၂ ဦးသေဆုံး

ခရီးသည် ၆၀ ကျော်လိုက်ပါသွားတဲ့   အဲပုဂံ လေယာဉ်ဟာ   ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးလေဆိပ်အနီးမှာ ဒီဇင်ဘာ ၂၅ မနက်ပိုင်းက  လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန် - မန္တလေး - ဟဲဟိုး လေယာဉ်ခရီးစဉ်အမှတ် W9-001၊ လေယာဉ်အမျိုးအစား F-100 ဟာ မန္တလေးမြို့ကနေ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်လောက်က  ပုံမှန်အတိုင်း ထွက်ခွာသွားပြီး  ဟဲဟိုးလေဆိပ်အရောက်မှာ မတော်တဆဖြစ်ပွားခဲ့တာလို့ အဲပုဂံမန္တလေးရုံးက တာဝန်ကျဝန်ထမ်းတဦးက ပြောပါတယ်။ ဟဲဟိုးလေယာဉ်ကွင်းနဲ့ ၂ မိုင်ခန့် အလိုမှာ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့အကြောင်း၊ လေယာဉ်အမှုထမ်း ၆ ဦင်္း၊ လေယာဉ်လုံခြုံရေး ၂ ဦး၊လေယာဉ်ပေါ်ပါ ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦး လိုက်ပါလာပြီး ခရီးသည်ထဲက အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးသွားကြောင်း၊ ဒါ့အပြင် လေယာဉ်မှားယွင်းဆင်းသက်စဉ် မန္တလေး - တောင်ကြီး ကတ္တရာလမ်းပေါ်မှာ ဆိုင်းကယ်စီးနေသူ ၂ ဦးအား တိုက်မိတဲ့အတွက် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဆိုင်ကယ်စီးသူ ၂ ဦး သေဆုံး ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး မျက်မြင်တဦးက “ဆိုင်ကယ်က တိုက်မိတာမဟုတ်ဘူး။ ဆိုင်ကယ်က ဖြတ်လာတာ။ အဲအချိန်မှာ လေယာဉ်ပျံက သစ်ပင်ကိုတိုက်ပြီး သစ်ပင်ပိပြီးတော့ မီးလောင်သေတာ” လို့ ပြောပါတယ်။ လေယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ လေယာဉ်မှူး မောင်မောင်ထွေး၊ တွဲဘက်လောယာဉ်မှူး နေလင်းထွန်း၊ နိုင်ငံခြားသား ၄ ဦးအပါအ၀င် ခရီးသည် ၉ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရှိခဲ့တဲ့အတွက် ဟဲဟိုးဆေးရုံနဲ့ စ၀်စံထွန်းဆေးရုံတွေမှာ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ ဟဲဟိုးဒေသခံတဦးက “တောင်ကြီး-မိတ္ထီလာကားလမ်းကနေပြီး လမ်းလွှဲပြီး ဆင်းသွားတာ။ ဆင်းသွားပြီး သစ်ပင်တွေရော၊ ဓာတ်ကြိုးတွေရာ တိုက်သွားတယ်။ ၀ါယာရှော့ဖြစ်ပြီး လယ်ကွင်းထဲမှာ မီးလောင်တယ်” လို့ ပြောပါတယ်။ အခုလက်ရှိ မီးလောင်းကျွမ်းတာ မီးငြိမ်းသွားပြီဖြစ်ပြီး လေယာဉ်ထဲက ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို တာဝန်ရှိသူတွေက ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပဲဖြစ်တဲ့ အကြောင်းနဲ့ မကြာခင် အသေးစိတ် သတင်းထုတ်ပြန်ပေးဖို့ရှိတယ်လို့ အဲပုဂံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ အဲပုဂံလေယာဉ်ပျက်ကျမှုမှာ သေဆုံးသူဟာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်မဟုတ်ဘဲ အသက် (၃၄) နှစ်အရွယ် ဒေါ်နွယ်လင်းရှိန် (Tour Guide) ဖြစ်ကြောင်း သိရပါတယ်။  

A d v e r t i s e m e n t With Us

More News
Up