Home
မြန်မာသတင်း
တရုတ်-မြန်မာချစ်ကြည်ရေး လမုန့်စားပွဲတော် မန္တလေးမြို့တွင် ကျင်းပ
DVB
·
September 12, 2019
တရုတ်-မြန်မာချစ်ကြည်ရေး လမုန့်စားပွဲတော်ကို စက်တင်ဘာ ၁၂ ရက်က မန္တလေးချမ်းအေးသာစံမြို့ နယ် လမ်း ၃၀ x ၈၂ လမ်း ၈၃ လမ်း ဖူကျင် ဘုံကျောင်းဝင်းအတွင်း ဖူကျင်ခမ်းမမှာ  ကျင်းပခဲ့ပါတယ်။ “ကျနော်တို့ တူညီသောလမင်း တူညီသောစိတ်ကောင်းစေတနာနဲ့ တရုတ်ယဉ်ကျေးမှုတွေက ကျနော်တို့မြန်ယဉ်ကျေးမူနဲ့ တော်တော်လေးကို ထူးခြားတယ်။ အထူးသဖြင့် ဒီလပြည့်နေ့မှာ ပွဲလုပ်ကြတယ်။ အထူးသဖြင့် ကျနော်တို့ လမုန့်စားတဲ့ပွဲနဲ့လာတူနေတယ်။ သီတင်းကျွတ်မှာ လူကြီးတွေ ဆရာဆရာမတွေကန်တော့တာတွေ မိသားစုတွေဆုံတွေတာတို့ဟာ တူတူပါပဲ။ ကလေးတွေအနေနဲ့ မြန်မာယဉ် ကျေးမူတွေသိလာသလို တရုတ်-မြန်မာချစ်ကြည်ရင်းနီးမှုတွေ ပိုပြီး သိလာမှာဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ တူညီသောလမင်း တူညီသော စိတ်ကောင်းစေတနာနဲ့  ၂၀၁၉ ခုနှစ် တရုတ်မြန်မာ ချစ်ကြည်ရေး လမုန့်စားပွဲတော်ကို ကျင်းပရတာ” လို့ ဦးဆောင်ကျင်းပတဲ့ ဦးစက်တီကပြောပါတယ်။ ဒုတိယကောင်စစ်ဝန်ချုပ် Mrs. Li libei၊ FITC ကျောင်း နာယက ဥက္ကဋ္ဌ ဦးဖြူဝင်း၊ FITC ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဦးစက်တီကွမ်ရှီး၊ မြောက်ပင်လယ်ကွေ့ အသံလွှင့်ဌာန ဒါရိုက်တာ Mrs. Wen Hongren၊ မြန်မာတရုတ်ချစ်ကြည်ရေးအသင်းကိုယ်စား ဦးညိုဝင်း၊ ကံတက်ကုန်း ဘုန်းတော်ကြီး၊ (ဘက)ကျောင်း နဂါးကိုးကောင် တရုတ်ဗုဒ္ဓဘာသာ စာသင်ကျောင်းစတဲ့ ကျောင်းသား/သူတွေနဲ့ တာဝန်ရှိတွေတက်ရောက်ခဲ့ကြပါတယ်။ လမုန့်ပွဲတော်ဟာ တရုတ်ရိုးရာပွဲတော် ဖြစ်သလို အာဆီယံနိုင်ငံအသီးသီးက တရုတ်လူမျိုးတို့ရဲ့ ရိုးရာပွဲတော်တခု ဖြစ်ပြီး တူညီသောလမင်း တူညီသော စိတ်ကောင်းစေတနာ မေတ္တာပွဲတော်ကို ၂၀၁၁ ခုနှစ်ကစတင်ပြီး ဗီယက်နမ်နိုင်ငံမှာ နှစ်စဉ်ကျင်းပပြီး ၂၀၁၅ ခုနှစ်မှစကာ ကမ္ဘောဒီယား၊ လားအို၊ ထိုင်း၊ မြန်မာနဲ့ မလေးရှားစတဲ့ အာဆီယံနိုင်ငံတွေမှာ တရုတ်-မြန်မာ ချစ်ကြည်ရေး လမုန့်ပွဲတော်တွေကို ကျင်းပခဲ့ကြတာပါ။
တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရး လမုန႔္စားပြဲေတာ္ မႏၲေလးၿမိဳ႕တြင္ က်င္းပ DVB တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရး လမုန႔္စားပြဲေတာ္ကို စက္တင္ဘာ ၁၂ ရက္က မႏၲေလးခ်မ္းေအးသာစံၿမိဳ႕ နယ္ လမ္း ၃၀ x ၈၂ လမ္း ၈၃ လမ္း ဖူက်င္ ဘုံေက်ာင္းဝင္းအတြင္း ဖူက်င္ခမ္းမမွာ  က်င္းပခဲ့ပါတယ္။ “က်ေနာ္တို႔ တူညီေသာလမင္း တူညီေသာစိတ္ေကာင္းေစတနာနဲ႔ တ႐ုတ္ယဥ္ေက်းမႈေတြက က်ေနာ္တို႔ျမန္ယဥ္ေက်းမူနဲ႔ ေတာ္ေတာ္ေလးကို ထူးျခားတယ္။ အထူးသျဖင့္ ဒီလျပည့္ေန႔မွာ ပြဲလုပ္ၾကတယ္။ အထူးသျဖင့္ က်ေနာ္တို႔ လမုန႔္စားတဲ့ပြဲနဲ႔လာတူေနတယ္။ သီတင္းကြၽတ္မွာ လူႀကီးေတြ ဆရာဆရာမေတြကန္ေတာ့တာေတြ မိသားစုေတြဆုံေတြတာတို႔ဟာ တူတူပါပဲ။ ကေလးေတြအေနနဲ႔ ျမန္မာယဥ္ ေက်းမူေတြသိလာသလို တ႐ုတ္-ျမန္မာခ်စ္ၾကည္ရင္းနီးမႈေတြ ပိုၿပီး သိလာမွာျဖစ္တယ္။ အထူးသျဖင့္ က်ေနာ္တို႔ တူညီေသာလမင္း တူညီေသာ စိတ္ေကာင္းေစတနာနဲ႔  ၂၀၁၉ ခုႏွစ္ တ႐ုတ္ျမန္မာ ခ်စ္ၾကည္ေရး လမုန႔္စားပြဲေတာ္ကို က်င္းပရတာ” လို႔ ဦးေဆာင္က်င္းပတဲ့ ဦးစက္တီကေျပာပါတယ္။ ဒုတိယေကာင္စစ္ဝန္ခ်ဳပ္ Mrs. Li libei၊ FITC ေက်ာင္း နာယက ဥကၠ႒ ဦးျဖဴဝင္း၊ FITC ေက်ာင္းအုပ္ဆရာႀကီး ေဒါက္တာ ဦးစက္တီကြမ္ရွီး၊ ေျမာက္ပင္လယ္ေကြ႕ အသံလႊင့္ဌာန ဒါ႐ိုက္တာ Mrs. Wen Hongren၊ ျမန္မာတ႐ုတ္ခ်စ္ၾကည္ေရးအသင္းကိုယ္စား ဦးညိဳဝင္း၊ ကံတက္ကုန္း ဘုန္းေတာ္ႀကီး၊ (ဘက)ေက်ာင္း နဂါးကိုးေကာင္ တ႐ုတ္ဗုဒၶဘာသာ စာသင္ေက်ာင္းစတဲ့ ေက်ာင္းသား/သူေတြနဲ႔ တာဝန္ရွိေတြတက္ေရာက္ခဲ့ၾကပါတယ္။ လမုန႔္ပြဲေတာ္ဟာ တ႐ုတ္႐ိုးရာပြဲေတာ္ ျဖစ္သလို အာဆီယံႏိုင္ငံအသီးသီးက တ႐ုတ္လူမ်ိဳးတို႔ရဲ႕ ႐ိုးရာပြဲေတာ္တခု ျဖစ္ၿပီး တူညီေသာလမင္း တူညီေသာ စိတ္ေကာင္းေစတနာ ေမတၱာပြဲေတာ္ကို ၂၀၁၁ ခုႏွစ္ကစတင္ၿပီး ဗီယက္နမ္ႏိုင္ငံမွာ ႏွစ္စဥ္က်င္းပၿပီး ၂၀၁၅ ခုႏွစ္မွစကာ ကေမာၻဒီယား၊ လားအို၊ ထိုင္း၊ ျမန္မာနဲ႔ မေလးရွားစတဲ့ အာဆီယံႏိုင္ငံေတြမွာ တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရး လမုန႔္ပြဲေတာ္ေတြကို က်င္းပခဲ့ၾကတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024