ဒုက္ခသည်များအား ခိုလှုံခွင့်မပေးရန် ထရမ့်အစိုးရကို အမေရိကန်တရားရုံးချုပ် ခွင့်ပြု

အမေရိကန်-မက္ကဆီကိုနယ်စပ်ကနေတဆင့် ဝင်လာတဲ့ ဗဟိုအမေရိက ဒုက္ခသည်တွေကို ခိုလှုံခွင့်မပေးရန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရကို အမေရိကန်တရားရုံးချုပ်က စက်တင်ဘာ ၁၁ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။  အမေရိကန်နိုင်ငံထဲကို ဒုက္ခသည်စီးဝင်မှု လျော့ချရေးဟာ သမ္မတထရမ့်ရဲ့ အဓိကအရေးပါတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတစ်ခုပါ။  ဒုက္ခသည်တွေရဲ့ ခိုလှုံခွင့်တောင်းခံမှုကို ပယ်ချခွင့်ပေးရေး ထရမ့်ရဲ့ အဆိုနဲ့ ပတ်သက်လို့ တရားသူကြီး ၉ ဦးထဲမှာ ၂ ဦးက ကန့်ကွက်ခဲ့ပေမယ့် ကျန် ၇ ဦးက ထောက်ခံတာကြောင့် အတည်ပြုခဲ့ပါတယ်။  ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးအဆိုဟာ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အရေးနိမ့်ခဲ့ပေမယ့် အခုအခါ တရားရုံးချုပ်ရဲ့ ခွင့်ပြုချက်ကြောင့် အောင်ပွဲခံခဲ့ပါတယ်။ တရားရုံးချုပ်က ခွင့်ပြုလိုက်တဲ့ ဥပဒေအရ အမေရိကန်အစိုးရဟာ တောင်ပိုင်းနယ်စပ်က ဝင်လာတဲ့ ဒုက္ခသည်တွေ အားလုံးနီးပါးရဲ့ ခှိုလှုံခွင့်လျောက်တင်ခွင့်ကို ပိတ်ပင်သွားမှာပါ။ အမေရိကန် အရပ်ဘက်လွတ်လပ်ရေးသမဂ္ဂနဲ့ ထရမ့်ရဲ့မူဝါဒကို ပြည်ထောင်စု တရားရုံးမှာ စိန်ခေါ်သူတွေက ဒါဟာ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ပြောခဲ့ကြပါတယ်။  ဗဟိုအမေရိကနိုင်ငံတွေဖြစ်ကြတဲ့ အယ်လ်ဆာဗေးဒိုး၊ ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာက ရွှေ့ပြောင်းဒုက္ခသည်တွေဟာ မက္ကဆီကိုနိုင်ငံကိုဖြတ်ပြီး အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံဖို့ ကြိုးစားနေကြတာပါ။  ဒါပေမယ့် တရားရုံးချုပ်က ခွင့်ပြုလိုက်တဲ့ ဥပေဒအရ အဲဒီနိုင်ငံတွေက ဒုက္ခသည်တွေ အားလုံး အမေရိကန်ကို ဝင်ခွင့်တားမြစ်ခံရမှာဖြစ်ပေမယ့် မက္ကဆီကို နိုင်ငံသားတွေကိုတော့ ခိုလှုံခွင့်အကာအကွယ် ဆက်ပေးသွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ .................................................................. ဒုကၡသည္မ်ားအား ခိုလႈံခြင့္မေပးရန္ ထရမ့္အစိုးရကို အေမရိကန္တရား႐ုံးခ်ဳပ္ ခြင့္ျပဳ DVB အေမရိကန္-မကၠဆီကိုနယ္စပ္ကေနတဆင့္ ဝင္လာတဲ့ ဗဟိုအေမရိက ဒုကၡသည္ေတြကို ခိုလႈံခြင့္မေပးရန္ သမၼတ ေဒၚနယ္ထရမ့္အစိုးရကို အေမရိကန္တရား႐ုံးခ်ဳပ္က စက္တင္ဘာ ၁၁ ရက္မွာ ခြင့္ျပဳလိုက္ပါတယ္။ အေမရိကန္ႏိုင္ငံထဲကို ဒုကၡသည္စီးဝင္မႈ ေလ်ာ့ခ်ေရးဟာ သမၼတထရမ့္ရဲ႕ အဓိကအေရးပါတဲ့ လူဝင္မႈႀကီးၾကပ္ေရး မူဝါဒတစ္ခုပါ။ ဒုကၡသည္ေတြရဲ႕ ခိုလႈံခြင့္ေတာင္းခံမႈကို ပယ္ခ်ခြင့္ေပးေရး ထရမ့္ရဲ႕ အဆိုနဲ႔ ပတ္သက္လို႔ တရားသူႀကီး ၉ ဦးထဲမွာ ၂ ဦးက ကန႔္ကြက္ခဲ့ေပမယ့္ က်န္ ၇ ဦးက ေထာက္ခံတာေၾကာင့္ အတည္ျပဳခဲ့ပါတယ္။ ထရမ့္ရဲ႕ လူဝင္မႈႀကီးၾကပ္ေရးအဆိုဟာ ေအာက္တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ အေရးနိမ့္ခဲ့ေပမယ့္ အခုအခါ တရား႐ုံးခ်ဳပ္ရဲ႕ ခြင့္ျပဳခ်က္ေၾကာင့္ ေအာင္ပြဲခံခဲ့ပါတယ္။ တရား႐ုံးခ်ဳပ္က ခြင့္ျပဳလိုက္တဲ့ ဥပေဒအရ အေမရိကန္အစိုးရဟာ ေတာင္ပိုင္းနယ္စပ္က ဝင္လာတဲ့ ဒုကၡသည္ေတြ အားလုံးနီးပါးရဲ႕ ခႈိလႈံခြင့္ေလ်ာက္တင္ခြင့္ကို ပိတ္ပင္သြားမွာပါ။ အေမရိကန္ အရပ္ဘက္လြတ္လပ္ေရးသမဂၢနဲ႔ ထရမ့္ရဲ႕မူဝါဒကို ျပည္ေထာင္စု တရား႐ုံးမွာ စိန္ေခၚသူေတြက ဒါဟာ အေမရိကန္ရဲ႕ လူဝင္မႈႀကီးၾကပ္ေရးဥပေဒကို ခ်ိဳးေဖာက္ရာေရာက္တယ္လို႔ ေျပာခဲ့ၾကပါတယ္။ ဗဟိုအေမရိကႏိုင္ငံေတြျဖစ္ၾကတဲ့ အယ္လ္ဆာေဗးဒိုး၊ ဟြန္ဒူးရပ္စ္နဲ႔ ဂြါတီမာလာက ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြဟာ မကၠဆီကိုႏိုင္ငံကိုျဖတ္ၿပီး အေမရိကန္ႏိုင္ငံမွာ ခိုလႈံခြင့္ ေတာင္းခံဖို႔ ႀကိဳးစားေနၾကတာပါ။ ဒါေပမယ့္ တရား႐ုံးခ်ဳပ္က ခြင့္ျပဳလိုက္တဲ့ ဥေပဒအရ အဲဒီႏိုင္ငံေတြက ဒုကၡသည္ေတြ အားလုံး အေမရိကန္ကို ဝင္ခြင့္တားျမစ္ခံရမွာျဖစ္ေပမယ့္ မကၠဆီကို ႏိုင္ငံသားေတြကိုေတာ့ ခိုလႈံခြင့္အကာအကြယ္ ဆက္ေပးသြားမယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up