မြန်မာကြက်တောင်မယ် သက်ထားသူဇာက ထိုင်းကြက်တောင်သမားကို ၂ ပွဲပြတ် အနိုင်ရ

မြန်မာနိုင်ငံက ပထမဆုံးကျင်းပတဲ့ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ Myanmar International Series 2019 ကို စက်တင်ဘာလ ၁၂ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားနေပါတယ်။ ဒီကနေ့မှာ  မြန်မာကြက်တောင်မယ် သက်ထားသူဇာက ၁၆ ယောက်အဆင့်မှာ ထိုင်းကြက် တောင်မယ် ဆာရာပွန်းကို ၂၁း၁၀ ၊ ၂၁း၁၄ မှတ်နဲ့ ၂ ပွဲပြတ်အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၇၂ ရှိ သက်ထားသူဇာအနေနဲ့ ကမ္ဘာ့အဆင့် ၈၈၄ ရှိတဲ့ ပြိုင်ဘက် ဆာရာပွန်းအပေါ် အသာစီးနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၂ ပွဲပြတ် အနိုင်ရခဲ့လို့ ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။  ၂ ပွဲပြတ်နိုင်ခဲ့တဲ့အပေါ်မှာ ကျေနပ်မိပြီး မနက်ဖြန်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ သက်ထားသူဇာက ပွဲအပြီးမှာ ပြောပါတယ်။ ကွာတားပွဲစဉ်ကို စက်တင်ဘာ ၁၃ မှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီနေ့ညနေမှာ ကစားမယ့် အိန္ဒိယကြက်တောင်မယ် ၂ ဦးထဲက အနိုင်ရတဲ့သူနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  ကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်ထိ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်ကွင်းမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး နိုင်ငံ ၁၂ နိုင်ငံက ကြက်တောင်ကစားသမားပေါင်း ၁၃၉ ဦး၊ မြန်မာနိုင်ငံက ကစားသမားပေါင်း ၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားနေပါတယ်။ ===================== ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ထိုင္းၾကက္ေတာင္သမားကို ၂ ပြဲျပတ္ အႏိုင္ရ DVB ျမန္မာႏိုင္ငံက ပထမဆုံးက်င္းပတဲ့ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲ Myanmar International Series 2019 ကို စက္တင္ဘာလ ၁၂ ရက္က ဆက္လက္ယွဥ္ၿပိဳင္ကစားေနပါတယ္။ ဒီကေန႔မွာ  ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ၁၆ ေယာက္အဆင့္မွာ ထိုင္းၾကက္ ေတာင္မယ္ ဆာရာပြန္းကို ၂၁း၁၀ ၊ ၂၁း၁၄ မွတ္နဲ႔ ၂ ပြဲျပတ္အႏိုင္ရခဲ့ပါတယ္။ ကမာၻ႔အဆင့္ ၇၂ ရွိ သက္ထားသူဇာအေနနဲ႔ ကမာၻ႔အဆင့္ ၈၈၄ ရွိတဲ့ ၿပိဳင္ဘက္ ဆာရာပြန္းအေပၚ အသာစီးနဲ႔ ယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး ၂ ပြဲျပတ္ အႏိုင္ရခဲ့လို႔ ကြာတားဖိုင္နယ္ တက္ေရာက္သြားပါတယ္။ ၂ ပြဲျပတ္ႏိုင္ခဲ့တဲ့အေပၚမွာ ေက်နပ္မိၿပီး မနက္ျဖန္ပြဲမွာလည္း အေကာင္းဆုံး ယွဥ္ၿပိဳင္သြားမယ္လို႔ သက္ထားသူဇာက ပြဲအၿပီးမွာ ေျပာပါတယ္။ ကြာတားပြဲစဥ္ကို စက္တင္ဘာ ၁၃ မွာ ဆက္လက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဒီေန႔ညေနမွာ ကစားမယ့္ အိႏၵိယၾကက္ေတာင္မယ္ ၂ ဦးထဲက အႏိုင္ရတဲ့သူနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ၾကက္ေတာင္ၿပိဳင္ပြဲကို စက္တင္ဘာလ ၁၅ ရက္ထိ လမ္းမေတာ္ၿမိဳ႕နယ္ရွိ အမ်ိဳးသားၾကက္ေတာင္ကြင္းမွာ ဆက္လက္က်င္းပမွာျဖစ္ၿပီး ႏိုင္ငံ ၁၂ ႏိုင္ငံက ၾကက္ေတာင္ကစားသမားေပါင္း ၁၃၉ ဦး၊ ျမန္မာႏိုင္ငံက ကစားသမားေပါင္း ၁၃ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ကစားေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up