အနာဂတ် ဂျပန်ဝန်ကြီးချုပ်အဖြစ်ရေပန်းစားနေသူ ရှင်ဂျီယိုခိုအီဇုမီ အစိုးရအဖွဲ့ဝင်ဖြစ်လာ

အနာဂတ် ဂျပန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ ရှင်ဂျီယို ခိုအီဇုမီဟာ စတုတ္ထအကြိမ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့မှာ သဘာ၀ပတ်ဝန်းကျင်းဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ အသက် ၃၈ နှစ်အရွယ် ရှင်ဂျီယိုခိုအီဇုမီဟာ ဂျပန်နိုင်ငံဖွဲ့စည်းပုံအရ နောက်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အနေနဲ့ ဆက်လက်တာဝန်ယူဖို့ မဖြစ်နိုင်တော့တဲ့ ရှင်ဇိုအာဘေး နေရာမှာဆက်ခံဖို့ အာဏာရပါတီ ဂျီမင်တိုပါတီအတွင်းနဲ့ ဂျပန်နိုင်ငံ ပြည်သူများအကြား ရေပန်းစားနေသူတဦးဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက်က ရှင်ဇိုအာဘေးရဲ့ ဝန်ကြီးချုပ်သက်တမ်းရဲ့ စတုတ္ထအကြိမ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့မှာ ရှင်ဂျိယိုကို သဘာဝပတ်ဝန်းကျင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကို ပါတီတွင်း အတိုက်အခံလုပ်သူ ကာကွယ်ရေး ဝန်ကြီးဟောင်း အီရှဘရှီဂဲယူဘက်က ရပ်တည်ခဲ့သူ ရှင်ဂျီယိုခိုအီဇုမီဟာ ထင်ရှားတဲ့ ဂျပန်နိုင်ငံရေး မျိုးရိုးက ဆင်းသက်လာသူတဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ခိုအီဇူမီဂျွန်အီချိယိုကြောင့်လည်း ပြည်သူတွေရဲ့ ယုံကြည်ချစ်ခင်မှုရရှိကာ အသက် ၂၈ နှစ်အရွယ်မှာ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီး ဂျပန်နိုင်ငံနိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုလို မိမိနဲ့ အမြင်မတူသူ မျိုးဆက်သစ်လူငယ်တဦးကို အစိုးရအဖွဲ့အတွင်း နေရာပေးခဲ့တဲ့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ သဘောထားကြီးမှုနဲ့ အမြော်အမြင်ကြီးမှုဟာ ကျဆင်းနေတဲ့ ပြည်သူတွေရဲ့ထောက်ခံမှု မြင့်တက်လာမယ်လို့ သုံးသပ်နေကြပါတယ်။ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး နေရာမှာဆက်ခံဖို့ အသက်ငယ်ပြီး မစောသေးဘူးလားလို့ သတင်းထောက်တဦးရဲ့အမေးကို အစိုးရ ကတ်ဘိနက် အတွင်းဝန်ချုပ် ဆုဂရိုချီအီဒဲက သူဟာ ပါတီအနေနဲ့ နိုင်ငံတဝန်းမှာ တာဝန်အမျိုးမျိုးပေးအပ်ခဲ့တာကြောင့် လိုအပ်တဲ့အတွေ့အကြုံ အများကြီးရရှိနေပြီဖြစ်လို့ မစောပါဘူးလို့ ပြန်ဖြေလိုက်တဲ့အတွက် ဂျပန်နိုင်ငံခေါင်းဆောင်သစ်တဦးအဖြစ် များမကြာမီ မြင်တွေ့ရတော့မယ်လို့ ‌မျှော်လင့်နေကြပါတယ်။ ရှင်ဂျိယိုဟာ နာမည်ကြီးသတင်းကြေညာသူတဦးနဲ့ ပြီးခဲ့လက စေ့စပ်ထားပြီး စစ်ပြီးခေတ် တတိယ အသက်အငယ်ဆုံး အစိုးရအဖွဲ့ဝင်တဦးအဖြစ်လည်း မှတ်တမ်းတင်ခံရပါတယ်။ ဇော်ဇော်လှိုင် ===================== အနာဂတ္ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ေရပန္းစားေနသူ ရွင္ဂ်ီယိုခိုအီဇုမီ အစိုးရအဖြဲ႕ဝင္ျဖစ္လာ DVB အနာဂတ္ ဂ်ပန္ႀကီးခ်ဳပ္အျဖစ္ ေရပန္းစားေနတဲ့ ရွင္ဂ်ီယို ခိုအီဇုမီဟာ စတုတၳအႀကိမ္ျပန္လည္ဖြဲ႕စည္းခဲ့တဲ့ အစိုးရအဖြဲ႕မွာ သဘာ၀ပတ္ဝန္းက်င္းဝန္ႀကီးအျဖစ္ တာဝန္ေပးအပ္ခံခဲ့ရပါတယ္။ အသက္ ၃၈ ႏွစ္အ႐ြယ္ ရွင္ဂ်ီယိုခိုအီဇုမီဟာ ဂ်ပန္ႏိုင္ငံဖြဲ႕စည္းပုံအရ ေနာက္ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္အေနနဲ႔ ဆက္လက္တာဝန္ယူဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ ရွင္ဇိုအာေဘး ေနရာမွာဆက္ခံဖို႔ အာဏာရပါတီ ဂ်ီမင္တိုပါတီအတြင္းနဲ႔ ဂ်ပန္ႏိုင္ငံ ျပည္သူမ်ားအၾကား ေရပန္းစားေနသူတဦးျဖစ္ပါတယ္။ စက္တင္ဘာ ၁၁ ရက္က ရွင္ဇိုအာေဘးရဲ႕ ဝန္ႀကီးခ်ဳပ္သက္တမ္းရဲ႕ စတုတၳအႀကိမ္ျပန္လည္ဖြဲ႕စည္းခဲ့တဲ့ အစိုးရအဖြဲ႕မွာ ရွင္ဂ်ိယိုကို သဘာဝပတ္ဝန္းက်င္ဝန္ႀကီးအျဖစ္ ခန္႔အပ္ခဲ့တာပါ။ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးကို ပါတီတြင္း အတိုက္အခံလုပ္သူ ကာကြယ္ေရး ဝန္ႀကီးေဟာင္း အီရွဘရွီဂဲယူဘက္က ရပ္တည္ခဲ့သူ ရွင္ဂ်ီယိုခိုအီဇုမီဟာ ထင္ရွားတဲ့ ဂ်ပန္ႏိုင္ငံေရး မ်ိဳး႐ိုးက ဆင္းသက္လာသူတဦးျဖစ္ၿပီး ဖခင္ျဖစ္သူ ဝန္ႀကီးခ်ဳပ္ေဟာင္း ခိုအီဇူမီဂြၽန္အီခ်ိယိုေၾကာင့္လည္း ျပည္သူေတြရဲ႕ ယုံၾကည္ခ်စ္ခင္မႈရရွိကာ အသက္ ၂၈ ႏွစ္အ႐ြယ္မွာ ေ႐ြးေကာက္ပြဲအႏိုင္ရခဲ့ၿပီး ဂ်ပန္ႏိုင္ငံႏိုင္ငံေရးေလာကထဲ စတင္ဝင္ေရာက္ခဲ့သူလည္း ျဖစ္ပါတယ္။ အခုလို မိမိနဲ႔ အျမင္မတူသူ မ်ိဳးဆက္သစ္လူငယ္တဦးကို အစိုးရအဖြဲ႕အတြင္း ေနရာေပးခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးရဲ႕ သေဘာထားႀကီးမႈနဲ႔ အေျမာ္အျမင္ႀကီးမႈဟာ က်ဆင္းေနတဲ့ ျပည္သူေတြရဲ႕ေထာက္ခံမႈ ျမင့္တက္လာမယ္လို႔ သုံးသပ္ေနၾကပါတယ္။ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘး ေနရာမွာဆက္ခံဖို႔ အသက္ငယ္ၿပီး မေစာေသးဘူးလားလို႔ သတင္းေထာက္တဦးရဲ႕အေမးကို အစိုးရ ကတ္ဘိနက္ အတြင္းဝန္ခ်ဳပ္ ဆုဂ႐ိုခ်ီအီဒဲက သူဟာ ပါတီအေနနဲ႔ ႏိုင္ငံတဝန္းမွာ တာဝန္အမ်ိဳးမ်ိဳးေပးအပ္ခဲ့တာေၾကာင့္ လိုအပ္တဲ့အေတြ႕အႀကဳံ အမ်ားႀကီးရရွိေနၿပီျဖစ္လို႔ မေစာပါဘူးလို႔ ျပန္ေျဖလိုက္တဲ့အတြက္ ဂ်ပန္ႏိုင္ငံေခါင္းေဆာင္သစ္တဦးအျဖစ္ မ်ားမၾကာမီ ျမင္ေတြ႕ရေတာ့မယ္လို႔ ‌ေမွ်ာ္လင့္ေနၾကပါတယ္။ ရွင္ဂ်ိယိုဟာ နာမည္ႀကီးသတင္းေၾကညာသူတဦးနဲ႔ ၿပီးခဲ့လက ေစ့စပ္ထားၿပီး စစ္ၿပီးေခတ္ တတိယ အသက္အငယ္ဆုံး အစိုးရအဖြဲ႕ဝင္တဦးအျဖစ္လည္း မွတ္တမ္းတင္ခံရပါတယ္။ ေဇာ္ေဇာ္လႈိင္

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up