Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
September 12, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင် ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ် ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပူလစ်ဇာ ဆုရ စာအုပ်တအုပ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်လိုက်တဲ့ The Goldfinch ! ဟောလိဝုဒ် ဒရာမာအမျိုးအစားရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီ ကားကိုတော့ Warner Bros. Pictures ကနေ ဖြန့်ချိသွားမှာဖြစ်ပြီး အိုင်းရစ်ချ် ရုပ်ရှင် ဒါရိုက်တာ John Crowley က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီရုပ်ရှင်ကားဟာ ၂၀၁၄ ခုနှစ် ပူလစ်ဇာဆုရ အမေရိကန်စာရေးဆရာ Donna Tartt ရဲ့ The Goldfinch စာအုပ်ကို ရုပ်ရှင်အနေနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။ The Goldfinch ဆိုတဲ့ပန်းချီကားတစ်ချပ်ကို အကြောင်းပြုပြီး နယူးယောက်-မန်ဟက်တန်မှာ နေထိုင်တဲ့ လူငယ်တယောက်ရဲ့ ဘဝအတွက် ရုန်းကန်လှုပ်ရှားတဲ့ အ တွေ့အကြုံနဲ့ ဘဝအပေါ် အနုပညာရဲ့ သက်ရောက်ပုံတွေ ရေးဖွဲ့ထားတာပါ။ Theo ဆိုတဲ့ အဲဒီလူငယ်လေးရဲ့ ဘဝနောက်ကြောင်းကတော့ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ်မှာ မက်ထရိုပိုလီတန်အနုပညာပြတိုက် ဗုံးပေါက်ကွဲမှုမှာ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဘဝဟာ တကယ့်ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရတယ်။ ဒီနောက်မှာ မိခင်အတွက် အမှန်တရားကို ဘယ်လိုရှာဖွေမလဲ၊ ဘယ်လိုချိတ် ဆက်မှုတွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီး တွေဖြစ်ကြတဲ့ Ansel Elgort ၊ Sarah Paulson ၊ Luke Wilson ၊ Jeffrey Wright ၊ Nicole Kidman ၊ Ashleigh Cummings စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ် ပါတယ်။ IMDb မှာ Rating 6.7 အထိ ရရှိထားခဲ့တဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျက်အမေရိကန်ဒေါ်လာသန်း ၄၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိ သန်ဒေါ်လာ ၈ သန်းကနေ ၁၂ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၄၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဝါရင့်အဆိုတော် သ ရုပ်ဆောင်မင်းသမီး ဂျနီဖာလိုပက်ဇ်နဲ့ အာရှနွယ်ဖွားသရုပ်ဆောင်မင်းသမီး ကွန်းစတန့်ဝူ တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ Hustlers ! ဖြစ်ရပ်မှန်ဒရာမာဇာတ်မြူးရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေ ရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Lorene Scafaria က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး STX Films ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၂၀၁၅ ခုနှစ်က နာမည်ကျော် နယူးယော့ခ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ဆောင်းပါးရှင် Jessica Pressler ရဲ့ “The Hustlers at Scores” ဆိုတဲ့ ဆောင်းပါးကို ရုပ်ရှင်အနေနဲ့ အသက်သွင်းပုံဖော်လိုက်တာပါ။ ၂၀၀၀ ပြည့်လွန်ကာလတွေတုန်းက နယူးယော့ခ်စီးတီးမှာ နေထိုင်ခဲ့တဲ့ တိုင်းတပါးမှ အမျိုးသမီးအကအဖွဲ့တခုဟာ သူတို့အပေါ် ငွေကြေး၊ အရက်တို့ကြောင့် နှိပ် စက်အနိုင်ကျင့်ခဲ့ကြတဲ့ ငှားရမ်းသူ သူဌေးတွေဆီကနေ ဘဏ်ခရက်ဒစ်ကတ်တွေ ယူ ဆောင်ခဲ့ကြပြီး ကလဲ့စားချေကြတဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားခဲ့တာ ပါ။ စွဲမက်ဖွယ် ကောက်ကြောင်းနဲ့ ညှို့အားပြင်းအလှကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီး ဂျနီဖာလိုပက်ဇ်နဲ့ မကြာသေးခင်ကမှ Crazy Rich Asians ရုပ် ရှင်ကားနဲ့ အောင်မြင်လာခဲ့သူ အာရှနွယ်ဖွားသရုပ်ဆောင်မင်းသမီး ကွန်းစတန့်ဝူတို့ရဲ့ ခုလိုပေါင်းစည်းမှုဟာ ပရိသတ်တွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။ ဒီကားထဲမှာ သူတို့ ၂ ဦးအပြင် တခြားဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Julia Stiles၊ Keke Palmer ၊ Lili Reinhart ၊ Lizzo နဲ့ အဆိုတော် Cardi B စတဲ့ သ ရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြု လုပ်ခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၂၀ နဲ့ ၃၀ ကြား အ ကုန်အကျခံ ရိုက်ကူးထားပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမ သီတင်းပတ် မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၂၄ သန်းကနေ ၂၆ သန်းကြား ရရှိနိုင်မယ်လို့ ခန့် မှန်းထားပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ အဖော်အချွတ်ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့် ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဝင်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာအချစ်ဒရာမာ ရုပ် ရှင်ကားတကားဖြစ်တဲ့ ရူးအောင်ချစ်မယ့်လူ ! ဒီကားကိုတော့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွန်းထားထားရဲ့ ဝတ္ထုကို မယ်ခိုင်နဲ့ အင်ကြင်းဟန်တို့က ဇာတ်ညွှန်းခွဲထားပေးခဲ့ပြီး ဒါ ရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ သရုပ်ဆောင်သစ် မေတိုးခိုင်တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ အလင်းသစ်၊ အခရာ၊ လရိပ်ညိုစတဲ့ အဓိက ဇာတ်ကောင် ၃ ယောက်ရဲ့ အချစ် ဒရာမာဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီကားထဲမှာ ဘယ်လိုအပြိုင်ကြဲ သရုပ်ဆောင်ထားကြမလဲဆိုတာ ကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ရူးအောင်ချစ်မယ့်လူရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လ ရက်နေ့က ၈ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အတွဲညီပြီး သရုပ်ဆောင်ကောင်းသူတွေဖြစ်ကြ တာမို့ ဒီရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ တော့ လတ်တလောအချိန်ထိ ရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပရိသတ် တွေ စိတ်ဝင်စားကြမယ့် ထူးထူးခြားခြားဖြစ်ရပ်မှန် ရုပ်ရှင်ကားတကားဖြစ်တဲ့ The Cave ! ဒီကားရဲ့ နာမည်ကိုတော့ အင်္ဂလိပ်ဘာသာနဲ့ The Cave ၊ ထိုင်းဘာသာနဲ့ နန်း နွန်းလို့ အမည်ပေးထားပြီး အိုင်ယာလန်နွယ်ဖွား ထိုင်းရုပ်ရှင်ဒါရိုက်တာ Tom Waller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ အားလုံးသိခဲ့ကြပြီးတဲ့အတိုင်း ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း လိုဏ်ဂူတခုထဲမှာ ပိတ်မိနေခဲ့ကြတဲ့ တောဝက်အကယ်ဒမီ လူ ငယ်ဘောလုံးအသင်းဝင် ၁၃ ဦးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်းကို ရုပ်ရှင်အနေနဲ့ အသက်သွင်းဖန်တီးလိုက်တာ ဖြစ်ပါတယ်။ တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ထိုင်း နိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့က ခွန်နမ့်နန်းနွန်းလိုဏ်ဂူထဲမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကနေ ဇူလိုင် ၁၀ ရက်နေ့ထိ အချိန် ၂ ပတ်ကျော်ကြာ ပိတ်မိ နေခဲ့ကြပြီးမှ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိသူတွေအပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဇွဲ၊ လုံ့ လနဲ့ ကြိုးစားအားထုတ်မှုတွေ၊ ဂူတွင်းပိတ်မိကလေးငယ်တွေနဲ့ သူတို့မိဘတွေကြား မျှော်လင့်ချက်တွေနဲ့အတူ စွန့်စွန့်စားစားကယ်တင်ခဲ့ရတာတွေကို ဒီကားထဲမှာ ဘယ် လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ပရိသတ်တွေက ရှုစားကြရတော့ မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ဒါရိုက်တာ Waller ကတော့ ဖြစ်စဉ်မှာ ကနဦး ပါဝင်ခဲ့သူတွေ၊ မ ဖော်ကျူးရသေးတဲ့ သူရဲကောင်းတွေအနေနဲ့ ရုပ်ရှင်ကို အဓိကထား ရိုက်ကူးသွားမယ်လို့ ပြောခဲ့ပြီး ဆင်ဆာကိစ္စတွေ၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေအပြင် ဒီအဖြစ်အပျက် ဇာတ် လမ်းမှာ ပါဝင်သူတွေကြား ရုပ်ရှင်ရိုက်ကူးရတာ တကယ့်အိပ်မက်ဆိုးတခုလိုပဲလို့ ပြော ခဲ့တာပါ။ ဒီကားထဲမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ Ron Smoorenburg၊ Kelly B. Jones ၊ Nirut Sirichanya ၊ Eoin O'Brien ၊ Valerie Bentson စတဲ့ သရုပ်ဆောင်တွေ က ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ထွက်ရှိလာခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာ ဖြစ် ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားကို လန်ဒန်ရုပ်ရှင်ပွဲတော်မှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ပွဲဦးထွက်ပြသဖို့ စီစဉ်ထားပြီး တခြားနိုင်ငံတကာ ရုပ် ရှင်ပွဲတော်တွေမှာပါ ပြသသွားမယ်လို့ ဆိုပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံတဝှမ်းရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ကြေ ငြာထားပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကိုရီး ယားနဲ့ မြန်မာအနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ ရုပ်ရှင်-တန်ဖိုး ! ဒီကားကိုတော့  Hkakabo Razi Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ် လိုက်တာဖြစ်ပြီး ဒါရိုက်တာ ဂျွန်လရော်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ တန်ဖိုးရုပ်ရှင်ကားထဲမှာတော့ လူငယ်တွေရဲ့ဘဝ၊ လူငယ်တွေရဲ့ခံစားချက်တွေနဲ့ လူငယ်တွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုအခြေခံပြီး ရိုက်ကူးထားခဲ့ တာပါ။ ဒီနေ့ခေတ်မှာလူငယ်တွေဟာ မူးယစ်ဆေးဝါးရဲ့သားကောင်တွေ ဖြစ်လာကြတဲ့အ တွက် မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေကို လမ်းမှား မရောက်ဖို့နဲ့ လူငယ်တွေအနေနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်နားလည်သိရှိဖို့ သတင်းစကားပါးတဲ့အနေနဲ့ ဇာတ်ကားကို ဖန်တီး ထားတာလို့ သိရပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။ =========================== ႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ(႐ုပ္သံ) DVB အပတ္စဥ္ပုံမွန္တင္ဆက္ေနက်ျဖစ္တဲ့ Movie Crazy အစီအစဥ္ကေန ျမန္မာႏိုင္ ငံနဲ႔ ႏိုင္ငံတကာမွာ ႐ုံတင္ျပသေတာ့မယ့္၊ ႐ုံတင္ျပသေနဆဲျဖစ္တဲ့ ေကာင္းႏိုးရာရာ ႐ုပ္ ရွင္ဇာတ္ကားေတြ အေၾကာင္းကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ပူလစ္ဇာ ဆုရ စာအုပ္တအုပ္ကို ႐ုပ္ရွင္အေနနဲ႔ ႐ိုက္ကူးပုံေဖာ္လိုက္တဲ့ The Goldfinch ! ေဟာလိဝုဒ္ ဒရာမာအမ်ိဳးအစား႐ုပ္ရွင္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ဒီ ကားကိုေတာ့ Warner Bros. Pictures ကေန ျဖန႔္ခ်ိသြားမွာျဖစ္ၿပီး အိုင္းရစ္ခ်္ ႐ုပ္ရွင္ ဒါ႐ိုက္တာ John Crowley က ႐ိုက္ကူးပုံေဖာ္ေပးထားတာပါ။ ဒီ႐ုပ္ရွင္ကားဟာ ၂၀၁၄ ခုႏွစ္ ပူလစ္ဇာဆုရ အေမရိကန္စာေရးဆရာ Donna Tartt ရဲ႕ The Goldfinch စာအုပ္ကို ႐ုပ္ရွင္အေနနဲ႔ ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါ တယ္။ The Goldfinch ဆိုတဲ့ပန္းခ်ီကားတစ္ခ်ပ္ကို အေၾကာင္းျပဳၿပီး နယူးေယာက္-မန္ဟက္တန္မွာ ေနထိုင္တဲ့ လူငယ္တေယာက္ရဲ႕ ဘဝအတြက္ ႐ုန္းကန္လႈပ္ရွားတဲ့ အ ေတြ႕အႀကဳံနဲ႔ ဘဝအေပၚ အႏုပညာရဲ႕ သက္ေရာက္ပုံေတြ ေရးဖြဲ႕ထားတာပါ။ Theo ဆိုတဲ့ အဲဒီလူငယ္ေလးရဲ႕ ဘဝေနာက္ေၾကာင္းကေတာ့ သူ႔ရဲ႕ အသက္ ၁၃ ႏွစ္အ႐ြယ္မွာ မက္ထ႐ိုပိုလီတန္အႏုပညာျပတိုက္ ဗုံးေပါက္ကြဲမႈမွာ မိခင္ျဖစ္သူကို ဆုံးရႈံးခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ ဘဝဟာ တကယ့္ကို ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္သြားခဲ့ရတယ္။ ဒီေနာက္မွာ မိခင္အတြက္ အမွန္တရားကို ဘယ္လိုရွာေဖြမလဲ၊ ဘယ္လိုခ်ိတ္ ဆက္မႈေတြနဲ႔ ႐ိုက္ကူးပုံေဖာ္ထားမလဲဆိုတာကို ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ေဟာလိဝုဒ္နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားမင္းသမီး ေတြျဖစ္ၾကတဲ့ Ansel Elgort ၊ Sarah Paulson ၊ Luke Wilson ၊ Jeffrey Wright ၊ Nicole Kidman ၊ Ashleigh Cummings စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားၾကတာ ျဖစ္ ပါတယ္။ IMDb မွာ Rating 6.7 အထိ ရရွိထားခဲ့တဲ့ ဒီ႐ုပ္ရွင္ကားကို နာမည္ႀကီး ႐ုပ္ရွင္ပြဲ ေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၈ ရက္ေန႔က ျပသခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိထားပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ဘတ္ဂ်က္အေမရိကန္ေဒၚလာသန္း ၄၀ အကုန္အက်ခံ႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ ကားကိုေတာ့ Box Office မွာ ႐ုံတင္ျပသမယ့္ ပထမသီတင္းပတ္မွာတင္ ဝင္ေငြအေမရိ သန္ေဒၚလာ ၈ သန္းကေန ၁၂ သန္းၾကား ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၄၉ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာ ၁၃ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ဝါရင့္အဆိုေတာ္ သ ႐ုပ္ေဆာင္မင္းသမီး ဂ်နီဖာလိုပက္ဇ္နဲ႔ အာရွႏြယ္ဖြားသ႐ုပ္ေဆာင္မင္းသမီး ကြန္းစတန႔္ဝူ တို႔ ေခါင္းေဆာင္ပါဝင္ထားၾကတဲ့ Hustlers ! ျဖစ္ရပ္မွန္ဒရာမာဇာတ္ျမဴး႐ုပ္ရွင္အမ်ိဳးအစားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အေမ ရိကန္အမ်ိဳးသမီး ႐ုပ္ရွင္ဒါ႐ိုက္တာ Lorene Scafaria က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ၿပီး STX Films ကေန ျဖန႔္ခ်ိေပးသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ၂၀၁၅ ခုႏွစ္က နာမည္ေက်ာ္ နယူးေယာ့ခ္မဂၢဇင္းမွာ ပါဝင္ခဲ့တဲ့ ေဆာင္းပါးရွင္ Jessica Pressler ရဲ႕ “The Hustlers at Scores” ဆိုတဲ့ ေဆာင္းပါးကို ႐ုပ္ရွင္အေနနဲ႔ အသက္သြင္းပုံေဖာ္လိုက္တာပါ။ ၂၀၀၀ ျပည့္လြန္ကာလေတြတုန္းက နယူးေယာ့ခ္စီးတီးမွာ ေနထိုင္ခဲ့တဲ့ တိုင္းတပါးမွ အမ်ိဳးသမီးအကအဖြဲ႕တခုဟာ သူတို႔အေပၚ ေငြေၾကး၊ အရက္တို႔ေၾကာင့္ ႏွိပ္ စက္အႏိုင္က်င့္ခဲ့ၾကတဲ့ ငွားရမ္းသူ သူေဌးေတြဆီကေန ဘဏ္ခရက္ဒစ္ကတ္ေတြ ယူ ေဆာင္ခဲ့ၾကၿပီး ကလဲ့စားေခ်ၾကတဲ့အေၾကာင္းေတြကို ဇာတ္အိမ္တည္႐ိုက္ကူးထားခဲ့တာ ပါ။ စြဲမက္ဖြယ္ ေကာက္ေၾကာင္းနဲ႔ ညႇိဳ႕အားျပင္းအလွကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္မင္းသမီး ဂ်နီဖာလိုပက္ဇ္နဲ႔ မၾကာေသးခင္ကမွ Crazy Rich Asians ႐ုပ္ ရွင္ကားနဲ႔ ေအာင္ျမင္လာခဲ့သူ အာရွႏြယ္ဖြားသ႐ုပ္ေဆာင္မင္းသမီး ကြန္းစတန႔္ဝူတို႔ရဲ႕ ခုလိုေပါင္းစည္းမႈဟာ ပရိသတ္ေတြအတြက္ေတာ့ စိတ္ဝင္စားစရာ ျဖစ္ေနခဲ့တာပါ။ ဒီကားထဲမွာ သူတို႔ ၂ ဦးအျပင္ တျခားေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Julia Stiles၊ Keke Palmer ၊ Lili Reinhart ၊ Lizzo နဲ႔ အဆိုေတာ္ Cardi B စတဲ့ သ ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၇ ရက္ေန႔က နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ျပဳ လုပ္ခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိထားခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်တ္အေမရိကန္ေဒၚလာသန္း ၂၀ နဲ႔ ၃၀ ၾကား အ ကုန္အက်ခံ ႐ိုက္ကူးထားၿပီး Box Office မွာေတာ့ ႐ုံတင္ျပသမယ့္ ပထမ သီတင္းပတ္ မွာတင္ ဝင္ေငြအေမရိကန္ေဒၚလာ ၂၄ သန္းကေန ၂၆ သန္းၾကား ရရွိႏိုင္မယ္လို႔ ခန႔္ မွန္းထားပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ လိင္ပိုင္းဆိုင္ရာ အေဖာ္အခြၽတ္ဇာတ္ဝင္ခန္းေတြ၊ ျပ ကြင္းျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကိုၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ ျပဳခ်က္နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ယူက်ဳဘ္ေပၚမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အ ႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာျဖစ္ၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစားေနခဲ့တာပါ။ ၾကာျမင့္ခ်ိန္ မိနစ္ ၁၁၀ ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ျမန္မာအခ်စ္ဒရာမာ ႐ုပ္ ရွင္ကားတကားျဖစ္တဲ့ ႐ူးေအာင္ခ်စ္မယ့္လူ ! ဒီကားကိုေတာ့ ေ႐ႊစင္ဦး ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး လြန္းထားထားရဲ႕ ဝတၳဳကို မယ္ခိုင္နဲ႔ အင္ၾကင္းဟန္တို႔က ဇာတ္ၫႊန္းခြဲထားေပးခဲ့ၿပီး ဒါ ႐ိုက္တာ ေအာင္ေဇာ္လင္းက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားမင္းသမီး ၂ ဦးျဖစ္ၾကတဲ့ ေနတိုး၊ အိျႏၵာေက်ာ္ဇင္တို႔နဲ႔အတူ သ႐ုပ္ေဆာင္သစ္ ေမတိုးခိုင္တို႔က ေခါင္းေဆာင္ပါဝင္ထားၾကပါတယ္။ အလင္းသစ္၊ အခရာ၊ လရိပ္ညိဳစတဲ့ အဓိက ဇာတ္ေကာင္ ၃ ေယာက္ရဲ႕ အခ်စ္ ဒရာမာဇာတ္လမ္းက ဘယ္လိုျဖစ္လာမလဲ။ သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းတပုဒ္အေနနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဒီကားထဲမွာ ဘယ္လိုအၿပိဳင္ႀကဲ သ႐ုပ္ေဆာင္ထားၾကမလဲဆိုတာ ကိုေတာ့ ပရိသတ္ေတြက မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ႐ူးေအာင္ခ်စ္မယ့္လူ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာ လ ရက္ေန႔က ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ေနတိုးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဟာ အတြဲညီၿပီး သ႐ုပ္ေဆာင္ေကာင္းသူေတြျဖစ္ၾက တာမို႔ ဒီ႐ုပ္ရွင္ကားဟာ ႐ုံမတင္ခင္ကတည္းက နာမည္ႀကီးေနခဲ့ၿပီး ေဖ့စ္ဘြတ္ခ္ေပၚမွာ ေတာ့ လတ္တေလာအခ်ိန္ထိ ႐ုပ္ရွင္ကား Trailer ကို ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ ေရ ၄ သန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ဒီတခါ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ပရိသတ္ ေတြ စိတ္ဝင္စားၾကမယ့္ ထူးထူးျခားျခားျဖစ္ရပ္မွန္ ႐ုပ္ရွင္ကားတကားျဖစ္တဲ့ The Cave ! ဒီကားရဲ႕ နာမည္ကိုေတာ့ အဂၤလိပ္ဘာသာနဲ႔ The Cave ၊ ထိုင္းဘာသာနဲ႔ နန္း ႏြန္းလို႔ အမည္ေပးထားၿပီး အိုင္ယာလန္ႏြယ္ဖြား ထိုင္း႐ုပ္ရွင္ဒါ႐ိုက္တာ Tom Waller က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကေတာ့ အားလုံးသိခဲ့ၾကၿပီးတဲ့အတိုင္း ဟိုးေလးတေၾကာ္ျဖစ္ခဲ့တဲ့ ထိုင္းႏိုင္ငံေျမာက္ပိုင္း လိုဏ္ဂူတခုထဲမွာ ပိတ္မိေနခဲ့ၾကတဲ့ ေတာဝက္အကယ္ဒမီ လူ ငယ္ေဘာလုံးအသင္းဝင္ ၁၃ ဦးကို ကယ္တင္ႏိုင္ခဲ့တဲ့အေၾကာင္းကို ႐ုပ္ရွင္အေနနဲ႔ အသက္သြင္းဖန္တီးလိုက္တာ ျဖစ္ပါတယ္။ ေတာဝက္ အကယ္ဒမီ လူငယ္ေဘာလုံးသမား ၁၂ ဦးနဲ႔ နည္းျပတို႔ဟာ ထိုင္း ႏိုင္ငံေျမာက္ပိုင္း၊ ခ်င္း႐ိုင္ခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕က ခြန္နမ့္နန္းႏြန္းလိုဏ္ဂူထဲမွာ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၃ ရက္ေန႔ကေန ဇူလိုင္ ၁၀ ရက္ေန႔ထိ အခ်ိန္ ၂ ပတ္ေက်ာ္ၾကာ ပိတ္မိ ေနခဲ့ၾကၿပီးမွ ကယ္တင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံ အစိုးရတာဝန္ရွိသူေတြအပါအဝင္ ကယ္ဆယ္ေရးအဖြဲ႕ေတြရဲ႕ ဇြဲ၊ လုံ႔ လနဲ႔ ႀကိဳးစားအားထုတ္မႈေတြ၊ ဂူတြင္းပိတ္မိကေလးငယ္ေတြနဲ႔ သူတို႔မိဘေတြၾကား ေမွ်ာ္လင့္ခ်က္ေတြနဲ႔အတူ စြန႔္စြန႔္စားစားကယ္တင္ခဲ့ရတာေတြကို ဒီကားထဲမွာ ဘယ္ လိုပုံေဖာ္ဖန္တီးထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ပရိသတ္ေတြက ရႈစားၾကရေတာ့ မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ ဒါ႐ိုက္တာ Waller ကေတာ့ ျဖစ္စဥ္မွာ ကနဦး ပါဝင္ခဲ့သူေတြ၊ မ ေဖာ္က်ဴးရေသးတဲ့ သူရဲေကာင္းေတြအေနနဲ႔ ႐ုပ္ရွင္ကို အဓိကထား ႐ိုက္ကူးသြားမယ္လို႔ ေျပာခဲ့ၿပီး ဆင္ဆာကိစၥေတြ၊ မူပိုင္ခြင့္ဆိုင္ရာကိစၥရပ္ေတြအျပင္ ဒီအျဖစ္အပ်က္ ဇာတ္ လမ္းမွာ ပါဝင္သူေတြၾကား ႐ုပ္ရွင္႐ိုက္ကူးရတာ တကယ့္အိပ္မက္ဆိုးတခုလိုပဲလို႔ ေျပာ ခဲ့တာပါ။ ဒီကားထဲမွာ အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ Ron Smoorenburg၊ Kelly B. Jones ၊ Nirut Sirichanya ၊ Eoin O'Brien ၊ Valerie Bentson စတဲ့ သ႐ုပ္ေဆာင္ေတြ က ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ စက္တင္ဘာလ ၄ ရက္ေန႔မွာ ထြက္ရွိလာခဲ့တာျဖစ္ၿပီး လတ္တေလာမွာေတာ့ ပရိသတ္ေတြၾကားမွာ စိတ္ဝင္စားမႈေတြ ျမင့္တက္ေနခဲ့တာ ျဖစ္ ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကားကို လန္ဒန္႐ုပ္ရွင္ပြဲေတာ္မွာ လာမယ့္ ေအာက္တိုဘာလ ၂ ရက္ေန႔မွာ ပြဲဦးထြက္ျပသဖို႔ စီစဥ္ထားၿပီး တျခားႏိုင္ငံတကာ ႐ုပ္ ရွင္ပြဲေတာ္ေတြမွာပါ ျပသသြားမယ္လို႔ ဆိုပါတယ္။ ၾကာျမင့္ခ်ိန္ ၁၀၄ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔မွာေတာ့ ထိုင္းႏိုင္ငံတဝွမ္း႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္တယ္လို႔ ေၾက ျငာထားပါတယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ကိုရီး ယားနဲ႔ ျမန္မာအႏုပညာရွင္ေတြ ပူးေပါင္း႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္-တန္ဖိုး ! ဒီကားကိုေတာ့  Hkakabo Razi Pictures ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ လိုက္တာျဖစ္ၿပီး ဒါ႐ိုက္တာ ဂြၽန္လေရာ္က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ တန္ဖိုး႐ုပ္ရွင္ကားထဲမွာေတာ့ လူငယ္ေတြရဲ႕ဘဝ၊ လူငယ္ေတြရဲ႕ခံစားခ်က္ေတြနဲ႔ လူငယ္ေတြၾကားမွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြကိုအေျခခံၿပီး ႐ိုက္ကူးထားခဲ့ တာပါ။ ဒီေန႔ေခတ္မွာလူငယ္ေတြဟာ မူးယစ္ေဆးဝါးရဲ႕သားေကာင္ေတြ ျဖစ္လာၾကတဲ့အ တြက္ မူးယစ္ေဆးဝါးသုံးစြဲတဲ့လူငယ္ေတြကို လမ္းမွား မေရာက္ဖို႔နဲ႔ လူငယ္ေတြအေနနဲ႔ ကိုယ့္တန္ဖိုးကို ကိုယ္နားလည္သိရွိဖို႔ သတင္းစကားပါးတဲ့အေနနဲ႔ ဇာတ္ကားကို ဖန္တီး ထားတာလို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ျမန္မာနာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾက တဲ့ ရန္ေအာင္၊ ထြန္းထြန္း၊ ဇင္ဝိုင္း၊ ေအးျမတ္သူ၊ မို႔မို႔ျမင့္ေအာင္၊ ခင္ဇာျခည္ေက်ာ္နဲ႔ တျခားသ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ လတ္တေလာအခ်ိန္ထိ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ ပါတယ္။ Movie Crazy-DVB အစီအစဥ္ကို အပတ္စဥ္ ဗုဒၶဟူးေန႔ ညတိုင္း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီေတြမွာ DVB TV channel ကေန ပုံမွန္တင္ဆက္ေပးေနတာျဖစ္ၿပီး မ ၾကည့္ရႈလိုက္ရသူေတြအတြက္ ၾကာသပေတးေန႔မနက္ ၉.၁၅ နာရီ၊ ေန႔လည္ ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ ေသာၾကာေန႔ ေန႔လည္ ၂.၄၅ နာရီ၊ စေနေန႔ မနက္ ၁၁.၄၅ နာရီနဲ႔ တ နလၤာေန႔မနက္ ၉.၄၅ နာရီတို႔မွာ ျပန္လည္ ထုတ္လႊင့္ျပသေပးေနတာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ Movie Crazy ေတြအတြက္ ႏိုင္ငံတကာနဲ႔ ျမန္မာ႐ုပ္ရွင္ကား ေတြ အေၾကာင္းကို ေကာင္းႏိုးရာရာ ေ႐ြးခ်ယ္တင္ဆက္ေပးေနတာျဖစ္ၿပီး Movie Crazy-DVB ဆိုတဲ့ Facebook စာမ်က္ႏွာကေနတဆင့္လည္း Like, Share နဲ႔ Comment ေတြေပးၿပီး ေတာ့ အားေပးႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024