ပွဲကြီးများတွင် ခံစစ်အမှားလုပ်၍မရဟု အင်္ဂလန်နောက်ခံလူများကို နည်းပြ သတိပေး
3.7K
ပွဲကြီးပွဲကောင်းတွေမှာ ခံစစ်အမှားလုပ်လို့ မရကြောင်း အင်္ဂလန်နောက်ခံလူတွေကို နည်းပြ ဆောက်ဂိတ်က သတိပေးလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ ကိုဆိုဗိုအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ခံစစ်ပိုင်းမှာ တဦးချင်းအမှားတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မိမိတို့အသင်းဟာ ဆုံးဖြတ်ချက်အမှားတွေနဲ့ မဖြစ်သင့်တဲ့ အမှားတွေကို ကျူးလွန်ခဲ့ပြီး အဲဒီအမှားတွေကနေ သင်ခန်းစားရယူသွားနိုင်ဖို့ လိုတယ်လို့ နည်းပြဆောက်ဂိတ်ကပြောပါတယ်။
ဒါပေမဲ့ ပွဲကြီးပွဲကောင်းတွေမှာဆိုရင်တော့ ထိပ်တန်းအသင်းတွေက အဲဒီလို အမှားလုပ်ဆောင်မှာမဟုတ်ဘဲ မိမိတို့အသင်းအနေနဲ့လည်း အမှားလုပ်လို့မရကြောင်း နည်းပြ ဆောက်ဂိတ်က ဆိုပါတယ်။
ကိုဆိုဗိုနဲ့ပွဲစဉ်မှာ အင်္ဂလန်နောက်ခံလူတွေဖြစ်တဲ့ မိုက်ကယ်ကိန်း၊ မက်ဂွဲယားနဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်တို့ကြားမှာ နားလည်မူလွဲမှားခဲ့ပြီး ဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။