Home
မြန်မာသတင်း
မရီရီစိုးကျည်ထိမှန်သေဆုံးမှုတွင် ပြစ်မှုတစုံတရာ မငြိစွန်းသဖြင့် ရွာသား ၂ ဦးကို ပြန်လွှတ်
DVB
·
September 11, 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ မရီရီစိုးသေနတ်ကျည် ထိမှန်သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ကျေးရွာသား ၂ ဦးကို ပြစ်မှုတစုံတရာမငြိစွန်းတဲ့အတွက် ဒီကနေ့ ပြန်လွှတ်လိုက်ပါတယ်။ ဒီအမှုမှာ တရားလိုတဦးဖြစ်တဲ့ နယ်ခြားစော့င်တပ်က ဒုရဲအုပ် အောင်ကျော်စိုးမိုးအပါအဝင် လိုပြသက်သေ ၁၀ ဦးကို စစ်ဆေးပြီးတဲ့နောက်မှာ ပြစ်မှုနဲ့တစုံတရာညှိစွန်းချက်မရှိဘဲ မင်းဖူးကျေးရွာသားနှစ်ဦးဖြစ်ကြတဲ့ ဦးမောင်သန်းဖေနဲ့ ဦးဝေစိုးထွန်းတို့နှစ်ယောက်ကို စွဲချက်မတင်ဘဲ စစ်တွေခရိုင် တရားရုံးကလွှတ်ပေးလိုက်တာပါ။ တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်က “စွဲချက်တင်ဖို့ပြစ်မှုနဲ့ မငြိစွန်းတဲ့အတွက် သူတို့ ၂ ယောက်ကို လွှတ်လိုက်တယ်။ ပြစ်မှုနဲ့မငြိစွန်းလို့ စွဲချက်မတင်မီ လွှတ်လိုက်တာပေါ့နော်” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ် မင်းဖူးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က မရီရီစိုး ကျည်ထိမှန်သေဆုံးမှုနဲ့ ပတ်သက်လို့ မင်းဖူးရွာသား ဦးမောင်သန်းဖေနဲ့ ဦးဝေစိုးထွန်းတို့ ဖောက်ခဲ့တဲ့ဗုံးစ ထိမှန်သေဆုံးခဲ့တယ်လို့ဆိုကာ ပေါက်ကွဲအက် ဥပဒေပုဒ်မ ၃ အရတရားစွဲဆိုပြီး စစ်ဆေးခဲ့တာပါ။ မင်းဖူးကျေးရွာဖြစ်စဉ်မှာ ကျေးရွာအပြင်ဘက် ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် တပ်မတော်ဘက်က ရွာထဲဝင်လာပြီး ကျေးရွာအတွင်းမှာ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် မရီရီစိုးဟာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာလို့ ကျေးရွာသားတွေက ပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ မရီရီစိုးသေဆုံးမှုဟာ ကျေးရွာအတွင်းက အေအေဘက်ကနေ သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးတာလို့ သတင်းထုတ်ပြန်ပါတယ်။ =================== မရီရီစိုးက်ည္ထိမွန္ေသဆုံးမႈတြင္ ျပစ္မႈတစုံတရာ မၿငိစြန္းသျဖင့္ ႐ြာသား ၂ ဦးကို ျပန္လႊတ္ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူးေက်း႐ြာမွာ မရီရီစိုးေသနတ္က်ည္ ထိမွန္ေသဆုံးမႈနဲ႔ပတ္သက္ၿပီး တပ္မေတာ္က တရားစြဲဆိုထားတဲ့ ေက်း႐ြာသား ၂ ဦးကို ျပစ္မႈတစုံတရာမၿငိစြန္းတဲ့အတြက္ ဒီကေန႔ ျပန္လႊတ္လိုက္ပါတယ္။ ဒီအမႈမွာ တရားလိုတဦးျဖစ္တဲ့ နယ္ျခားေစာ့င္တပ္က ဒုရဲအုပ္ ေအာင္ေက်ာ္စိုးမိုးအပါအဝင္ လိုျပသက္ေသ ၁၀ ဦးကို စစ္ေဆးၿပီးတဲ့ေနာက္မွာ ျပစ္မႈနဲ႔တစုံတရာညႇိစြန္းခ်က္မရွိဘဲ မင္းဖူးေက်း႐ြာသားႏွစ္ဦးျဖစ္ၾကတဲ့ ဦးေမာင္သန္းေဖနဲ႔ ဦးေဝစိုးထြန္းတို႔ႏွစ္ေယာက္ကို စြဲခ်က္မတင္ဘဲ စစ္ေတြခ႐ိုင္ တရား႐ုံးကလႊတ္ေပးလိုက္တာပါ။ တရားလႊတ္ေတာ္ေရွ႕ေနေဒၚေအးႏုစိန္က “စြဲခ်က္တင္ဖို႔ျပစ္မႈနဲ႔ မၿငိစြန္းတဲ့အတြက္ သူတို႔ ၂ ေယာက္ကို လႊတ္လိုက္တယ္။ ျပစ္မႈနဲ႔မၿငိစြန္းလို႔ စြဲခ်က္မတင္မီ လႊတ္လိုက္တာေပါ့ေနာ္” လို႔ ေျပာပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူး႐ြာမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၀ ရက္က မရီရီစိုး က်ည္ထိမွန္ေသဆုံးမႈနဲ႔ ပတ္သက္လို႔ မင္းဖူး႐ြာသား ဦးေမာင္သန္းေဖနဲ႔ ဦးေဝစိုးထြန္းတို႔ ေဖာက္ခဲ့တဲ့ဗုံးစ ထိမွန္ေသဆုံးခဲ့တယ္လို႔ဆိုကာ ေပါက္ကြဲအက္ ဥပေဒပုဒ္မ ၃ အရတရားစြဲဆိုၿပီး စစ္ေဆးခဲ့တာပါ။ မင္းဖူးေက်း႐ြာျဖစ္စဥ္မွာ ေက်း႐ြာအျပင္ဘက္ ဗုံးႏွစ္လုံးေပါက္ကြဲၿပီးေနာက္ တပ္မေတာ္ဘက္က ႐ြာထဲဝင္လာၿပီး ေက်း႐ြာအတြင္းမွာ ပစ္ခတ္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ မရီရီစိုးဟာ ေသနတ္က်ည္ထိမွန္ ေသဆုံးခဲ့တာလို႔ ေက်း႐ြာသားေတြက ေျပာဆိုၾကေပမယ့္ တပ္မေတာ္ဘက္ကေတာ့ မရီရီစိုးေသဆုံးမႈဟာ ေက်း႐ြာအတြင္းက ေအေအဘက္ကေန ေသနတ္နဲ႔ပစ္ခတ္တာေၾကာင့္ ေသဆုံးတာလို႔ သတင္းထုတ္ျပန္ပါတယ္။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024