ထိုင်းတွင် သတင်းအတုဖြန့်ဝေလိမ်လည်မှု ၉ ခု ဖော်ထုတ်ဖမ်းဆီး

4.1K
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကနေ ဒီစက်တင်ဘာ ၉ ရက်ထိ နေရာပေါင်း ၉ ခုကနေ သတင်းလိမ်လည်ဖြန့်ဝေမှုပေါင်း ၉ ခုကို ထုတ်ဖော်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ လူမှုစီးပွားရေးအတွက် ဒစ်ဂျစ်တယ်လ်ဝန်ကြီးဌာနက မနေ့ညနေပိုင်းမှာ သတင်းစာရှင်းလင်းပြီး ထုတ်ပြန်ပါတယ်။
ကနေ့ခေတ်သတင်းလောကဟာ အချိန်နဲ့တပြေးညီလျင်မြန်စွာထွက်ပေါ်နေပြီး တချိန်တည်းမှာဘဲ သတင်းတု သတင်းမှားတွေလည်း ရောစွက်ပါဝင်လာကြောင်း၊ အဆိုပါသတင်းတုတွေဟာ နိုင်ငံရဲ့လုံခြုံရေး နိုင်ငံရဲ့လူမှုစီးပွားရေး၊ လူထုအကျိုးစီးပွားတွေကို ထိခိုက်စေနိုင်သလို လူထုအုံကြွမှုတွေလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် သတင်းတုထုတ်ဖော်နှိမ်နင်းရေး စီမံချက်ကို ဆောင်ရွက်ရတာလို့ ထိုင်းနိုင်ငံ လူမှုစီးပွားရေးအတွက် ဒစ်ဂျစ်တယ်လ်ဝန်ကြီး နိုင်းဖုထိဖုန်း ပွန်နကန်က စက်တင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ အမှု ၉ မှုမှာ ဖြစ်စဉ် ၁ က ဘန်ကောက်ပေါက်ကွဲမှုထိန်းချုပ်ရေးအထူးနယ်မြေ ၇ ခုကြေငြာခြင်း ဆိုသော မဟုတ်မမှန်သတင်း ထုတ်ပြန်မှုဖြစ်ပြီး ဒီအမှုကိုတော့ ဘန်ကောက် ဘန်ဖလပ်နယ်မြေမှာ ဖမ်းမိခဲ့ကာ တရားခံကလည်း ကျူးလွန်ကြောင်းဝန်ခံကာ ကွန်ပြူတာဥပဒေနဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှု ၂ မှာ တပါးသူရဲ့ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး ငွေဘတ်သန်းနဲ့ချီလိမ်လည်ခဲ့သော နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦး နဲ့ ထိုင်းနိုင်ငံသား ၂ ဦး၊ ပြစ်မှု ၃ မှာ အွန်လိုင်းချစ်သူ ဆိုတဲ့အကောင့်ဖွင့်ကာ ဘတ်ငွေသန်းနဲ့ချီ လိမ်လည်မှု၊ ပြစ်မှု ၄ မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူအမည်ကိုအလွှဲသုံးစားလုပ်ပြီး အွန်လိုင်းမှတဆင့် တယ်လီဖုန်း၊ အဝတ်အထည် စသည့်ပစ္စည်းတွေအား ဘတ် ၅ သန်းကျော်ရောင်းချသူ တရားခံ ၃ ဦး၊ ပြစ်မှု ၅ မှာ တရုတ်သမ္မတ သမီးနာမည်သုံး လိမ်လည်ပြီး ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်သူ ၁ ဦး။ ပြစ်မှု ၆ မှာ မဲခေါင်မြစ်ရေခန်းပြီး ငါးတွေမျိုးသုဉ်းခြင်း ဟူသော မဟုတ်မမှန်သတင်း ထုတ်ပြန်မှု၊ ပြစ်မှု ၇ မှာ အွန်လိုင်းမှနေ၍ လျှပ်စစ်ဓာတ်အားချွေတာစေသည့်ကရိယာ လိမ်လည်ရောင်းချမှု၊ ပြစ်မှု ၈ မှာ ထိုင်းဝန်ကြီးချုပ်၏ မျိုးရိုးအမည်အသုံးပြုပြီး အွန်လိုင်းတွင် ဘတ်သိန်းနဲ့ချီဝင်ငွေရှာမှု၊ ပြစ်မှု ၉ မှာ ပုန်ကန်လိုသည့်ရဲဘော်များလျှောက်ထားနိုင်သည်ဟုကြေငြာကာ လူစုဝေးသည့် ဖေ့ဘုတ်အကောင့်ပိုင်ရှင်တို့ကို ဖမ်းဆီးအရေးယူခဲ့မှု တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းတုဖြန့်ချိတဲ့ထဲမှာ တပါးသူအား အထိတ်တလန့်ဖြစ်အောင်မဟုတ်မမှန် လည်ဆည်ရေးသားသူ၊ နာမည်ကြီးမင်းသားမင်းသမီးတို့ကို အသုံးချပြီး လိမ်လည်ငွေရှာသူ၊ အမုန်းတရားတွေဖြစ်ပေါ်အောင် ရေးသားသူ၊ အမှန်တကယ်အကျိုးမရှိတဲ့ပစ္စည်းများအား လိမ်လည်ရောင်းချသူ စတဲ့ ကွန်ပျူတာ ကီးဘုတ်ရိုက်သမားတွေလည်း ပါဝင်တယ်လို့ ထိုင်းဒစ်ဂျစ်တယ်လ်ဝန်ကြီးက ပြောသွားပါတယ်။
==================
ထိုင္းတြင္ သတင္းအတုျဖန႔္ေဝလိမ္လည္မႈ ၉ ခု ေဖာ္ထုတ္ဖမ္းဆီး
ဒီဗြီဘီ
ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၉ ရက္ေန႔ကေန ဒီစက္တင္ဘာ ၉ ရက္ထိ ေနရာေပါင္း ၉ ခုကေန သတင္းလိမ္လည္ျဖန႔္ေဝမႈေပါင္း ၉ ခုကို ထုတ္ေဖာ္ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ထိုင္းႏိုင္ငံ လူမႈစီးပြားေရးအတြက္ ဒစ္ဂ်စ္တယ္လ္ဝန္ႀကီးဌာနက မေန႔ညေနပိုင္းမွာ သတင္းစာရွင္းလင္းၿပီး ထုတ္ျပန္ပါတယ္။
ကေန႔ေခတ္သတင္းေလာကဟာ အခ်ိန္နဲ႔တေျပးညီလ်င္ျမန္စြာထြက္ေပၚေနၿပီး တခ်ိန္တည္းမွာဘဲ သတင္းတု သတင္းမွားေတြလည္း ေရာစြက္ပါဝင္လာေၾကာင္း၊ အဆိုပါသတင္းတုေတြဟာ ႏိုင္ငံရဲ႕လုံၿခဳံေရး ႏိုင္ငံရဲ႕လူမႈစီးပြားေရး၊ လူထုအက်ိဳးစီးပြားေတြကို ထိခိုက္ေစႏိုင္သလို လူထုအုံႂကြမႈေတြလည္း ျဖစ္ေပၚေစႏိုင္တဲ့အတြက္ သတင္းတုထုတ္ေဖာ္ႏွိမ္နင္းေရး စီမံခ်က္ကို ေဆာင္႐ြက္ရတာလို႔ ထိုင္းႏိုင္ငံ လူမႈစီးပြားေရးအတြက္ ဒစ္ဂ်စ္တယ္လ္ဝန္ႀကီး ႏိုင္းဖုထိဖုန္း ပြန္နကန္က စက္တင္ဘာ ၁၀ ရက္ေန႔ သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။
အဆိုပါ အမႈ ၉ မႈမွာ ျဖစ္စဥ္ ၁ က ဘန္ေကာက္ေပါက္ကြဲမႈထိန္းခ်ဳပ္ေရးအထူးနယ္ေျမ ၇ ခုေၾကျငာျခင္း ဆိုေသာ မဟုတ္မမွန္သတင္း ထုတ္ျပန္မႈျဖစ္ၿပီး ဒီအမႈကိုေတာ့ ဘန္ေကာက္ ဘန္ဖလပ္နယ္ေျမမွာ ဖမ္းမိခဲ့ကာ တရားခံကလည္း က်ဴးလြန္ေၾကာင္းဝန္ခံကာ ကြန္ျပဴတာဥပေဒနဲ႔ အေရးယူခဲ့တယ္လို႔ ဆိုပါတယ္။
ျပစ္မႈ ၂ မွာ တပါးသူရဲ႕ဆိုရွယ္မီဒီယာကိုအသုံးျပဳၿပီး ေငြဘတ္သန္းနဲ႔ခ်ီလိမ္လည္ခဲ့ေသာ ႏိုင္ဂ်ီးရီးယားႏိုင္ငံသား ၃ ဦး နဲ႔ ထိုင္းႏိုင္ငံသား ၂ ဦး၊ ျပစ္မႈ ၃ မွာ အြန္လိုင္းခ်စ္သူ ဆိုတဲ့အေကာင့္ဖြင့္ကာ ဘတ္ေငြသန္းနဲ႔ခ်ီ လိမ္လည္မႈ၊ ျပစ္မႈ ၄ မွာ ထိုင္းျပည္ထဲေရးဝန္ႀကီးဌာန တာဝန္ရွိသူအမည္ကိုအလႊဲသုံးစားလုပ္ၿပီး အြန္လိုင္းမွတဆင့္ တယ္လီဖုန္း၊ အဝတ္အထည္ စသည့္ပစၥည္းေတြအား ဘတ္ ၅ သန္းေက်ာ္ေရာင္းခ်သူ တရားခံ ၃ ဦး၊ ျပစ္မႈ ၅ မွာ တ႐ုတ္သမၼတ သမီးနာမည္သုံး လိမ္လည္ၿပီး ေဖ့စ္ဘြတ္ခ္အေကာင့္ဖြင့္သူ ၁ ဦး။ ျပစ္မႈ ၆ မွာ မဲေခါင္ျမစ္ေရခန္းၿပီး ငါးေတြမ်ိဳးသုဥ္းျခင္း ဟူေသာ မဟုတ္မမွန္သတင္း ထုတ္ျပန္မႈ၊ ျပစ္မႈ ၇ မွာ အြန္လိုင္းမွေန၍ လွ်ပ္စစ္ဓာတ္အားေခြၽတာေစသည့္ကရိယာ လိမ္လည္ေရာင္းခ်မႈ၊ ျပစ္မႈ ၈ မွာ ထိုင္းဝန္ႀကီးခ်ဳပ္၏ မ်ိဳး႐ိုးအမည္အသုံးျပဳၿပီး အြန္လိုင္းတြင္ ဘတ္သိန္းနဲ႔ခ်ီဝင္ေငြရွာမႈ၊ ျပစ္မႈ ၉ မွာ ပုန္ကန္လိုသည့္ရဲေဘာ္မ်ားေလွ်ာက္ထားႏိုင္သည္ဟုေၾကျငာကာ လူစုေဝးသည့္ ေဖ့ဘုတ္အေကာင့္ပိုင္ရွင္တို႔ကို ဖမ္းဆီးအေရးယူခဲ့မႈ တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။
သတင္းတုျဖန႔္ခ်ိတဲ့ထဲမွာ တပါးသူအား အထိတ္တလန႔္ျဖစ္ေအာင္မဟုတ္မမွန္ လည္ဆည္ေရးသားသူ၊ နာမည္ႀကီးမင္းသားမင္းသမီးတို႔ကို အသုံးခ်ၿပီး လိမ္လည္ေငြရွာသူ၊ အမုန္းတရားေတြျဖစ္ေပၚေအာင္ ေရးသားသူ၊ အမွန္တကယ္အက်ိဳးမရွိတဲ့ပစၥည္းမ်ားအား လိမ္လည္ေရာင္းခ်သူ စတဲ့ ကြန္ပ်ဴတာ ကီးဘုတ္႐ိုက္သမားေတြလည္း ပါဝင္တယ္လို႔ ထိုင္းဒစ္ဂ်စ္တယ္လ္ဝန္ႀကီးက ေျပာသြားပါတယ္။