ဂျပန်ပို့ကုန်ထိန်းချုပ်မှု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တိုင်ကြားမည်ဟု တောင်ကိုရီးယား ပြော

4.2K
ဂျပန်က တောင်ကိုရီးယားအပေါ် ပို့ကုန်ထိန်းချုပ်လိုက်တာနဲ့ ပတ်သက်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဆီကို တိုင်ကြားသွားမယ်လို့ တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး ယိုမြောင်ဟီးက စက်တင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
ဇူလိုင်လအစောပိုင်းမှာ ဂျပန်က တောင်ကိုရီးယားရဲ့ စမတ်ဖုန်းနဲ့ ချိပ်စ်ပြားတွေမှာ သုံးနေတဲ့ အဓိက သတ္တုပစ္စည်း သုံးမျိုးကို တင်ပို့ခွင့် ထိန်းချုပ်ကန့်သတ်လိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားလုပ်သားတွေကို အတင်းအဓမ္မ စေခိုင်းတဲ့အတွက် ဂျပန်က လျော်ကြေးပေးရမယ်လို့ တောင်ကိုရီးယားတရားရုံးက အမိန့်ချမှတ်လိုက်တာကြောင့် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် ကုန်သွယ်ရေးပြဿနာ ပေါ်ပေါက်လာခဲ့တာပါ။
WTO အဖွဲ့ရဲ့ ပထမ လုပ်ငန်းစဉ်အရ တောင်ကိုရီးယားဟာ ဂျပန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ တောင်းဆိုရမှာဖြစ်ပြီး ပို့ကုန်ထိန်းချုပ်မှုကို ပြန်ဖြေလျော့ပေးရေး ကြိုးစားရမှာ ဖြစ်ပါတယ်။
ညှိနှိုင်းလို့ မရရင်တော့ နောက်တဆင့်အနေနဲ့ ဒီပြဿနာကို ဆုံးဖြတ်ဖို့ WTO မှာ အစည်း အဝေးခေါ်ဖို့ တောင်ကိုရီးယားက ထပ်တောင်းဆိုရမယ်လို့ ကုန်သွယ်ရေးဝန်ကြီး ယိုမြောင်ဟီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အဓမ္မစေခိုင်းခံရတဲ့ ကိုရီးယားလုပ်သားတွေကို လျော်ကြေးပေးဖို့ ကိစ္စက ၁၉၆၅ ခုနှစ် သဘောတူညီမှုအောက်မှာ ဖြေရှင်းပြီးသွားပြီလို့ ဂျပန်က ယုံကြည်ထား ပါတယ်။
================================
ဂ်ပန္ပို႔ကုန္ထိန္းခ်ဳပ္မႈ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ကို တိုင္ၾကားမည္ဟု ေတာင္ကိုရီးယား ေျပာ
DVB
ဂ်ပန္က ေတာင္ကိုရီးယားအေပၚ ပို႔ကုန္ထိန္းခ်ဳပ္လိုက္တာနဲ႔ ပတ္သက္လို႔ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ (WTO) ဆီကို တိုင္ၾကားသြားမယ္လို႔ ေတာင္ကိုရီးယား ကုန္သြယ္ေရး ဝန္ႀကီး ယိုေျမာင္ဟီးက စက္တင္ဘာ ၁၁ ရက္မွာ ေျပာလိုက္ပါတယ္။
ဇူလိုင္လအေစာပိုင္းမွာ ဂ်ပန္က ေတာင္ကိုရီးယားရဲ႕ စမတ္ဖုန္းနဲ႔ ခ်ိပ္စ္ျပားေတြမွာ သုံးေနတဲ့ အဓိက သတၱဳပစၥည္း သုံးမ်ိဳးကို တင္ပို႔ခြင့္ ထိန္းခ်ဳပ္ကန႔္သတ္လိုက္ပါတယ္။
ဒုတိယကမာၻစစ္အတြင္း ကိုရီးယားလုပ္သားေတြကို အတင္းအဓမၼ ေစခိုင္းတဲ့အတြက္ ဂ်ပန္က ေလ်ာ္ေၾကးေပးရမယ္လို႔ ေတာင္ကိုရီးယားတရား႐ုံးက အမိန႔္ခ်မွတ္လိုက္တာေၾကာင့္ ႏွစ္ႏိုင္ငံအၾကား သံတမန္ဆက္ဆံေရး တင္းမာခဲ့ၿပီးေနာက္ ကုန္သြယ္ေရးျပႆနာ ေပၚေပါက္လာခဲ့တာပါ။
WTO အဖြဲ႕ရဲ႕ ပထမ လုပ္ငန္းစဥ္အရ ေတာင္ကိုရီးယားဟာ ဂ်ပန္နဲ႔ ညႇိႏႈိင္းေဆြးေႏြးဖို႔ ေတာင္းဆိုရမွာျဖစ္ၿပီး ပို႔ကုန္ထိန္းခ်ဳပ္မႈကို ျပန္ေျဖေလ်ာ့ေပးေရး ႀကိဳးစားရမွာ ျဖစ္ပါတယ္။
ညႇိႏႈိင္းလို႔ မရရင္ေတာ့ ေနာက္တဆင့္အေနနဲ႔ ဒီျပႆနာကို ဆုံးျဖတ္ဖို႔ WTO မွာ အစည္း အေဝးေခၚဖို႔ ေတာင္ကိုရီးယားက ထပ္ေတာင္းဆိုရမယ္လို႔ ကုန္သြယ္ေရးဝန္ႀကီး ယိုေျမာင္ဟီးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ဒုတိယကမာၻစစ္အတြင္း အဓမၼေစခိုင္းခံရတဲ့ ကိုရီးယားလုပ္သားေတြကို ေလ်ာ္ေၾကးေပးဖို႔ ကိစၥက ၁၉၆၅ ခုႏွစ္ သေဘာတူညီမႈေအာက္မွာ ေျဖရွင္းၿပီးသြားၿပီလို႔ ဂ်ပန္က ယုံၾကည္ထား ပါတယ္။