Home
မြန်မာသတင်း
နိုင်ငံတော်၏ ကာကွယ်ရေးမူဝါဒ မပြောင်းမချင်း ပြည်သူ့စစ်အဖွဲ့များ ဆက်ရှိမည်ဟု တပ်မတော်ပြော
နေဖြိုးဝင်း
·
September 11, 2019
ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုအန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတို ရည်မှန်းချက်အရ ပြည်သူ့စစ် အဖွဲ့အစည်းတွေကို ဖွဲ့ထားတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေးမူဝါဒ မပြောင်းမချင်း ဆက်လက်တည်ရှိနေမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ်က ဒေါ်မိကွန်ချမ်း မေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြည်သူ့စစ်တွေကို မည်သည့်အတွက်ကြောင့်ထားရှိပြီး ပြည်သူ့စစ်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို မည်သည့်ဌာနအဖွဲ့အစည်းက တာဝန်ခံသည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အခုလို ပြန်လည်ဖြေဆိုလိုက်တာပါ။ တပ်မတော်ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ တိုင်းစစ်ဌာနချုပ်နယ်မြေများမှာ ရပ်ကွက်ကျေးရွာ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင် စတဲ့ အချက်အချာကျတဲ့ နေရာတွေမှာ စစ်ရေးလိုအပ်ချက်အရ ပြည်သူ့စစ်ဌာနေအဖွဲ့တွေကို ဖွဲ့စည်းထားရှိတာလို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ "တိုင်းစစ်ဌာနချုပ်နယ်မြေတွေမှာ ပြည်သူ့စစ်ဌာနေအဖွဲ့တွေ ဖွဲ့စည်းထားရတာဟာ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုအန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတို ရည်မှန်းချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည်မှာ ပြည်သူတရပ်လုံးက မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်သူ့စစ်မဟာဗျူဟာအစီအမံရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်မယ့် ပြည်သူ့စစ်ဌာနေအဖွဲ့တွေအဖြစ် ဖွဲ့စည်းထားရှိခြင်းပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့အစည်းတွေကို တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ရင်းတပ်ဖွဲ့တွေက ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးနဲ့ တာဝန်ခွဲဝေ သတ်မှတ်ပေးရေး အပိုင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရုံးတွေက နယ်မြေအလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့အစည်းတွေကို ကြီးကြပ်ကွပ်ကဲပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှုးရုံးက ကြီးကြပ်ကွပ်ကဲလျက်ရှိပါတယ်" လို့ ဗိုလ်ချုပ်မြင့်နွယ်က ဆိုပါတယ်။ မေးခွန်းရှင် ဒေါ်မိကွန်ချမ်းက ငြိမ်းချမ်းတဲ့နယ်မြေတွေမှာ ပြည်သူ့စစ်အဖွဲ့တွေ ဆက်လက်ဖွဲ့စည်းထားရှိဖို့ လိုသလား၊ ဒီအဖွဲ့တွေမှာ ဥပဒေတွေရှိလား၊ ဒီအဖွဲ့တွေရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေအတွက် ဘယ်လို အရေးယူဆောင်ရွက်လည်းလို့ ဆက်စပ်မေးခွန်းကိုတော့ ဒုတိယဝန်ကြီးက အခုလို ပြန်လည်ဖြေဆိုခဲ့ပါတယ်။ "နိုင်ငံတော်ရဲ့ ကာကွယ်ရေးမူဝါဒဆိုတာ နိုင်ငံတိုင်းမှာရှိပါတယ်။ ရေရှည်ရည်မှန်းချက် အတွက်ဆိုရင် ပြည်သူ့စစ်မဟာဗျုဟာ အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဆိုထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒအရ ဆက်လက်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးမူဝါဒ ပြောင်းလဲမှုမရှိမခြင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေဟာ တပ်မတော်သားအဖွဲ့အစည်းမဟုတ်ပါဘူး။ သူတို့ဟာ အရပ်ဘက် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့နဲ့ဆိုင်တဲ့အမှုတွေဟာ ရဲဘက်နဲ့ဆိုင်တဲ့ နယ်ဘက်အမှုပဲ ဖြစ်ပါတယ်။ ပြည်သူ့စစ်နဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကြီးကြပ်ကွပ်ကဲတယ်၊ ဖွဲ့စည်းတယ်၊ လေ့ကျင့်ပေးတယ်၊ ဖြစ်လာတဲ့ ပြဿနာနဲ့ပတ်သက်လို့တော့ အရပ်သားဖြစ်တဲ့အတွက်ကြောင့် အရပ်ဖက်နယ်ဖက် ဥပဒေနဲ့ပဲ အရေးယူလျက်ရှိပါတယ်" လို့ ပြောပါတယ်။ ပေါင်မြို့နယ် တခုတည်းမှာပဲ ပြည်သူ့စစ်အဖွဲ့ရှိတဲ့ ရွာပေါင်း ၄၅ ရွာ၊ တပ်ဖွဲ့ဝင်ပေါင်း ၁၁၂၆ ဦး၊ လက်နက်ကိုင်ခွင့်ပြုထားတဲ့ ကျေးရွာ ၂၈ ရွာရှိပြီး လက်နက်အရေအတွက်အနေနဲ့ ၂၄၆ လက်၊ ကျည်ဆံ ၇၅၁၃ တောင် ခွင့်ပြုထားတယ်လို့ ဒေါ်မိကွန်ချမ်းက ပြောပါတယ်။  ဒါအပြင် တနိုင်ငံလုံးအနေနဲ့ ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၅၀ ရှိပြီး တဖွဲ့မှာ အနည်းဆုံး ၂၀ ဦးကနေ ၆၀ ဦး ဖွဲ့စည်းပုံ ခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ႏိုင္ငံေတာ္၏ ကာကြယ္ေရးမူဝါဒ မေျပာင္းမခ်င္း ျပည္သူ႔စစ္အဖြဲ႕မ်ား ဆက္ရွိမည္ဟု တပ္မေတာ္ေျပာ ျပည္တြင္းလက္နက္ကိုင္ ေသာင္းက်န္းမႈအႏၲရာယ္ကို ေခ်မႈန္းႏိုင္ေရးအတြက္ ေရတို ရည္မွန္းခ်က္အရ ျပည္သူ႔စစ္ အဖြဲ႕အစည္းေတြကို ဖြဲ႕ထားတာျဖစ္ၿပီး ႏိုင္ငံေတာ္ရဲ႕ ကာကြယ္ေရးမူဝါဒ မေျပာင္းမခ်င္း ဆက္လက္တည္ရွိေနမယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ စက္တင္ဘာ ၁၁ ရက္ေန႔ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ မြန္ျပည္နယ္၊ ေပါင္မဲဆႏၵနယ္က ေဒၚမိကြန္ခ်မ္း ေမးတဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အတြင္းရွိ ေက်း႐ြာေတြမွာ ျပည္သူ႔စစ္ေတြကို မည္သည့္အတြက္ေၾကာင့္ထားရွိၿပီး ျပည္သူ႔စစ္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ျပည္သူ႔စစ္အဖြဲ႕ေတြကို မည္သည့္ဌာနအဖြဲ႕အစည္းက တာဝန္ခံသည္ကို သိရွိလိုေၾကာင္း ေမးခြန္းနဲ႔ပတ္သက္ၿပီး ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ျမင့္ႏြယ္က အခုလို ျပန္လည္ေျဖဆိုလိုက္တာပါ။ တပ္မေတာ္ရဲ႕ ႀကီးၾကပ္ကြပ္ကဲမႈနဲ႔ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားမွာ ရပ္ကြက္ေက်း႐ြာ၊ စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္းခြင္ စတဲ့ အခ်က္အခ်ာက်တဲ့ ေနရာေတြမွာ စစ္ေရးလိုအပ္ခ်က္အရ ျပည္သူ႔စစ္ဌာေနအဖြဲ႕ေတြကို ဖြဲ႕စည္းထားရွိတာလို႔ ဒုတိယဝန္ႀကီးက ေျပာပါတယ္။ "တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမေတြမွာ ျပည္သူ႔စစ္ဌာေနအဖြဲ႕ေတြ ဖြဲ႕စည္းထားရတာဟာ ျပည္တြင္းလက္နက္ကိုင္ ေသာင္းက်န္းမႈအႏၲရာယ္ကို ေခ်မႈန္းႏိုင္ေရးအတြက္ ေရတို ရည္မွန္းခ်က္အရ ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ေရရွည္မွာ ျပည္သူတရပ္လုံးက မိမိႏိုင္ငံကို ကာကြယ္ေစာင့္ေရွာက္တဲ့ ျပည္သူ႔စစ္မဟာဗ်ဴဟာအစီအမံရဲ႕ အစိတ္အပိုင္းအျဖစ္ ပါဝင္ေဆာင္႐ြက္ႏိုင္မယ့္ ျပည္သူ႔စစ္ဌာေနအဖြဲ႕ေတြအျဖစ္ ဖြဲ႕စည္းထားရွိျခင္းပဲ ျဖစ္ပါတယ္။ ဖြဲ႕စည္းထားတဲ့ ျပည္သူ႔စစ္ဌာေနအဖြဲ႕အစည္းေတြကို တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ တပ္ရင္းတပ္ဖြဲ႕ေတြက ဖြဲ႕စည္းေရး၊ ေလ့က်င့္ေရး၊ လက္နက္တပ္ဆင္ေရးနဲ႔ တာဝန္ခြဲေဝ သတ္မွတ္ေပးေရး အပိုင္းတို႔ကို တာဝန္ယူေဆာင္႐ြက္လ်က္ရွိပါတယ္။ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္႐ုံးေတြက နယ္ေျမအလိုက္ ဖြဲ႕စည္းထားတဲ့ ျပည္သူ႔စစ္အဖြဲ႕အစည္းေတြကို ႀကီးၾကပ္ကြပ္ကဲၿပီး တႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ ျပည္သူ႔စစ္ႏွင့္ နယ္ျခားတပ္မ်ား ၫႊန္ၾကားေရးမႈး႐ုံးက ႀကီးၾကပ္ကြပ္ကဲလ်က္ရွိပါတယ္" လို႔ ဗိုလ္ခ်ဳပ္ျမင့္ႏြယ္က ဆိုပါတယ္။ ေမးခြန္းရွင္ ေဒၚမိကြန္ခ်မ္းက ၿငိမ္းခ်မ္းတဲ့နယ္ေျမေတြမွာ ျပည္သူ႔စစ္အဖြဲ႕ေတြ ဆက္လက္ဖြဲ႕စည္းထားရွိဖို႔ လိုသလား၊ ဒီအဖြဲ႕ေတြမွာ ဥပေဒေတြရွိလား၊ ဒီအဖြဲ႕ေတြရဲ႕ တရားဥပေဒမဲ့ လုပ္ရပ္ေတြအတြက္ ဘယ္လို အေရးယူေဆာင္႐ြက္လည္းလို႔ ဆက္စပ္ေမးခြန္းကိုေတာ့ ဒုတိယဝန္ႀကီးက အခုလို ျပန္လည္ေျဖဆိုခဲ့ပါတယ္။ "ႏိုင္ငံေတာ္ရဲ႕ ကာကြယ္ေရးမူဝါဒဆိုတာ ႏိုင္ငံတိုင္းမွာရွိပါတယ္။ ေရရွည္ရည္မွန္းခ်က္ အတြက္ဆိုရင္ ျပည္သူ႔စစ္မဟာဗ်ဳဟာ အေကာင္အထည္ေဖာ္ဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာလည္း ျပဆိုထားပါတယ္။ ႏိုင္ငံတႏိုင္ငံရဲ႕ ကာကြယ္ေရးမူဝါဒအရ ဆက္လက္ဖြဲ႕စည္းထားျခင္းျဖစ္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ ကာကြယ္ေရးမူဝါဒ ေျပာင္းလဲမႈမရွိမျခင္း ဆက္လက္ေဆာင္႐ြက္မွာ ျဖစ္ပါတယ္။ ျပည္သူ႔စစ္ေတြဟာ တပ္မေတာ္သားအဖြဲ႕အစည္းမဟုတ္ပါဘူး။ သူတို႔ဟာ အရပ္ဘက္ အဖြဲ႕အစည္းေတြ ျဖစ္ပါတယ္။ သူတို႔နဲ႔ဆိုင္တဲ့အမႈေတြဟာ ရဲဘက္နဲ႔ဆိုင္တဲ့ နယ္ဘက္အမႈပဲ ျဖစ္ပါတယ္။ ျပည္သူ႔စစ္နဲ႔ပတ္သက္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ႀကီးၾကပ္ကြပ္ကဲတယ္၊ ဖြဲ႕စည္းတယ္၊ ေလ့က်င့္ေပးတယ္၊ ျဖစ္လာတဲ့ ျပႆနာနဲ႔ပတ္သက္လို႔ေတာ့ အရပ္သားျဖစ္တဲ့အတြက္ေၾကာင့္ အရပ္ဖက္နယ္ဖက္ ဥပေဒနဲ႔ပဲ အေရးယူလ်က္ရွိပါတယ္" လို႔ ေျပာပါတယ္။ ေပါင္ၿမိဳ႕နယ္ တခုတည္းမွာပဲ ျပည္သူ႔စစ္အဖြဲ႕ရွိတဲ့ ႐ြာေပါင္း ၄၅ ႐ြာ၊ တပ္ဖြဲ႕ဝင္ေပါင္း ၁၁၂၆ ဦး၊ လက္နက္ကိုင္ခြင့္ျပဳထားတဲ့ ေက်း႐ြာ ၂၈ ႐ြာရွိၿပီး လက္နက္အေရအတြက္အေနနဲ႔ ၂၄၆ လက္၊ က်ည္ဆံ ၇၅၁၃ ေတာင္ ခြင့္ျပဳထားတယ္လို႔ ေဒၚမိကြန္ခ်မ္းက ေျပာပါတယ္။ ဒါအျပင္ တႏိုင္ငံလုံးအေနနဲ႔ ျပည္သူ႔စစ္အဖြဲ႕ေပါင္း ၆၀၅၀ ရွိၿပီး တဖြဲ႕မွာ အနည္းဆုံး ၂၀ ဦးကေန ၆၀ ဦး ဖြဲ႕စည္းပုံ ခြင့္ျပဳထားတယ္လို႔လည္း ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024