လေပေါ်ပျံဝဲ အံ့ဖွယ်သရဲပြကွက်ဆန်းများဖြင့် စံချိန်တင်သရုပ်ပြခဲ့သည့် ဆိုင်ကယ်စတန့်သမား ၃ ဦး

4.4K
ရိုးရိုးသာမန် စတန့်ပြကွက်တွေထက် ပိုထူးခြားတဲ့ ဒီမြင်ကွင်းက သင်တို့ကို ပါးစပ် အဟောင်းသား ဖြစ်သွားလောက်တဲ့အထိ အံ့အားသင့်သွားစေနိုင်မှာပါ။
ဒီစတန့်ပြကွက်ကိုတော့ ဆိုင်ကယ်စတန့် အားကစားသမား ၃ ဦးဖြစ်ကြတဲ့ ဂျို့ရှ် ရှီဟန်၊ ဂျက်ဆန်စထရောင်းနဲ့ လုက်အက်ကာမန်တို့က သရုပ်ပြတင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ ၃ ဦးစလုံးဟာ နာမည်ကြီး အမြင့်ပျံအလွတ်တန်းဆိုင်ကယ်စတန့်သမား တွေ ဖြစ်ကြပြီး ခုလို ၃ ယောက်ပေါင်းပြီး သရုပ်ပြတာကတော့ လာမယ့် ၂၀၂၀ ပြည့်နှစ် မေလမှာ ကျင်းပမယ့် Nitro World Games အားကစားပြိုင်ပွဲကို စိတ်ဝင်စားမှုမြင့်တက် လာစေဖို့ စွမ်းရည်ပြသခဲ့ကြတာ ဖြစ်ပါတယ်။
ဒီစွမ်းရည်ပြသမှုကိုတော့ နာမည်ကျော် ကာဖီလီရဲတိုက်နောက်ခံနဲ့ ရှုစားခဲ့ကြရ တာဖြစ်ပြီး အဲဒီရဲတိုက်ကြီးဟာ လွန်ခဲ့တဲ့ ၁၃ ရာစုနှစ်လောက်က ဝေးလ်စ်တောင်ပိုင်းမှာ တည်ဆောက်ခဲ့တဲ့ လက်ရာဖြစ်ပါတယ်။
စတန့်သမား ၃ ဦးရဲ့ ဆိုင်ကယ်တွေဟာ တစီးပြီးတစီး ပြေးလမ်းအတိုင်း အရှိန်နဲ့ တဟုန်ထိုးတက်လာခဲ့ပြီးနောက်မှာတော့ လေထဲမှာ တပတ် ၂ ပတ်လောက် လည်ပြီးနောက် အဲဒီပြေးလမ်းတလျှောက် ထိုးဆင်းပြနိုင်ခဲ့တာကို တွေ့ကြရမှာဖြစ်ပါတယ်။
===============
ေလေပၚပ်ံဝဲ အံ့ဖြယ္သရဲျပကြက္ဆန္းမ်ားျဖင့္ စံခ်ိန္တင္သ႐ုပ္ျပခဲ့သည့္ ဆိုင္ကယ္စတန႔္သမား ၃ ဦး
DVB
႐ိုး႐ိုးသာမန္ စတန႔္ျပကြက္ေတြထက္ ပိုထူးျခားတဲ့ ဒီျမင္ကြင္းက သင္တို႔ကို ပါးစပ္ အေဟာင္းသား ျဖစ္သြားေလာက္တဲ့အထိ အံ့အားသင့္သြားေစႏိုင္မွာပါ။
ဒီစတန႔္ျပကြက္ကိုေတာ့ ဆိုင္ကယ္စတန႔္ အားကစားသမား ၃ ဦးျဖစ္ၾကတဲ့ ဂ်ိဳ႕ရွ္ ရွီဟန္၊ ဂ်က္ဆန္စထေရာင္းနဲ႔ လုက္အက္ကာမန္တို႔က သ႐ုပ္ျပတင္ဆက္ခဲ့ၾကတာ ျဖစ္ပါတယ္။
သူတို႔ ၃ ဦးစလုံးဟာ နာမည္ႀကီး အျမင့္ပ်ံအလြတ္တန္းဆိုင္ကယ္စတန႔္သမား ေတြ ျဖစ္ၾကၿပီး ခုလို ၃ ေယာက္ေပါင္းၿပီး သ႐ုပ္ျပတာကေတာ့ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ေမလမွာ က်င္းပမယ့္ Nitro World Games အားကစားၿပိဳင္ပြဲကို စိတ္ဝင္စားမႈျမင့္တက္ လာေစဖို႔ စြမ္းရည္ျပသခဲ့ၾကတာ ျဖစ္ပါတယ္။
ဒီစြမ္းရည္ျပသမႈကိုေတာ့ နာမည္ေက်ာ္ ကာဖီလီရဲတိုက္ေနာက္ခံနဲ႔ ရႈစားခဲ့ၾကရ တာျဖစ္ၿပီး အဲဒီရဲတိုက္ႀကီးဟာ လြန္ခဲ့တဲ့ ၁၃ ရာစုႏွစ္ေလာက္က ေဝးလ္စ္ေတာင္ပိုင္းမွာ တည္ေဆာက္ခဲ့တဲ့ လက္ရာျဖစ္ပါတယ္။
စတန႔္သမား ၃ ဦးရဲ႕ ဆိုင္ကယ္ေတြဟာ တစီးၿပီးတစီး ေျပးလမ္းအတိုင္း အရွိန္နဲ႔ တဟုန္ထိုးတက္လာခဲ့ၿပီးေနာက္မွာေတာ့ ေလထဲမွာ တပတ္ ၂ ပတ္ေလာက္ လည္ၿပီးေနာက္ အဲဒီေျပးလမ္းတေလွ်ာက္ ထိုးဆင္းျပႏိုင္ခဲ့တာကို ေတြ႕ၾကရမွာျဖစ္ပါတယ္။