DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story ကျန်းမာရေး သတင်း

မော်လမြိုင် ကျောက်မီးသွေးရုံ ငါး၊ ပုစွန်ဈေးတွင် ဖော်မလင်သုံး ငါးနှပ်များတွေ့ရှိ၊ ထပ်မံသုံးစွဲပါက အရေးယူမည်

  • By DVB
  • 11 September 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မော်လမြိုင် ကျောက်မီးသွေးရုံ ငါး၊ ပုစွန်ဈေးမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ တာရှည်ခံ ဖော်မလင် သုံးစွဲထားတဲ့ ငါးနှပ်တွေကို FDA က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီငါး၊ ပုစွန်ဈေးမှာ တာရှည်ခံပစ္စည်း ဖော်မလင်တွေ သုံးစွဲနေတယ်လို့ သတင်းပေး တိုင်ကြားချက်အရ စက်တင်ဘာ ၉ ရက်နေ့က ရှောင်တခင် သွားရောက် စစ်ဆေးခဲ့တာပါ။ 

အခုလို စစ်ဆေးရာမှာတော့ ငါး၊ ပုစွန်ဒိုင် ၄ ဒိုင်မှာ တာရှည်ခံ ဖော်မလင် သုံးစွဲထားတဲ့ ငါးနှပ် ပိဿာချိန် ၁၈၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်နယ် FDA ပြည်နယ်ဦးစီးမှူး  ဒေါက်တာစိုးနိုင်က ပြောပါတယ်။

တာရှည်ခံ ဖော်မလင် သုံးစွဲထားတာတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက်ကြောင့် ငါးဒိုင် ၄ ဒိုင်ကို စီမံခန့်ခွဲမှု နည်းလမ်းအရ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။  စစ်ဆေးတွေ့ရှိတဲ့ ငါးတွေကိုတော့ မော်လမြိုင် မုရောင်း အမှိုက်ပုံမှာ ဖျက်ဆီးခဲ့ပါတယ်။ 

အခုလို လက်မှတ်ရေးထိုးထားတဲ့ ငါးဒိုင်တွေအနေနဲ့ နောက်တကြိမ် ဖော်မလင် သုံးစွဲထားကြောင်း ထပ်မံစိစစ်တွေ့ရှိရင် အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒေါက်တာစိုးနိုင်က ဆိုပါတယ်။

အခုအခါမှာတော့ ငါးနှပ်တွေမှာ တာရှည်ခံပစ္စည်း ဖော်မလင် သုံးစွဲထားတဲ့ အခြေအနေတွေကို ပင်ရင်းအထိ လိုက်လံစစ်ဆေးသွားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ခံဝန်ကတိ လက်မှတ်ထိုးခဲ့ရတဲ့ ငါးဒိုင် လုပ်ငန်းရှင် ကိုအောင်က ငါးတွေ တာရှည်ခံအောင် ရေခဲတွေကိုသာ အဓိက အသုံးပြုနေတာဖြစ်လို့ အချိန်မရွေး လာရောက် စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။ 

တာရှည်ခံပစ္စည်း ဖော်မလင် သုံးစွဲထားတဲ့ အစားအစာတွေကို ရေရှည်စားသုံးမိရင် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေအပြင် မျက်စိရောင်ရမ်းတာတွေ၊ အစာအိမ်ဆိုင်ရာ ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဖော်မလင်ကိုတော့ အန္တရာယ်ရှိတဲ့ ဓာတုဆေးဝါးအဖြစ် FDA က သတ်မှတ်ထားတာပါ။

မွန်ပြည်နယ်မှာတော့ ငါးနှပ်တွေကို သံဖြူဇရပ်၊ ပေါင်၊ ရေးမြို့နယ်တို့က အဓိက ထွက်ရှိပါတယ်။

ဇော်လွင်ထွဋ်

~~~~~~~~~~~~~~~~~~~

Zawgyi_version











ဇော်လွင်ထွဋ်

Tags: ငါး၊ ပုစွန်ဈေးဖော်မလင်သုံး ငါးနှပ်မော်လမြိုင်

  • Previous story တရုတ်-ဟောင်ကောင်တို့နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုရပ်တန့်ရန် ဂျာမနီကို ဂျိုရှုဝေါင် တိုက်တွန်း
  • Next story ငြီးငွေ့စရာစာသင်ခန်းကို ပျော်ရွှင်တက်ကြွစေအောင် သင်ကြားပေးတဲ့ အံ့ဖွယ်ထိုင်းကျောင်းဆရာ (ရုပ်သံ)
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ICJ တရားရုံးကြားနာပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့တက်ရောက် 

    • gallery

      ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေကြသည့် ရန်ကုန်မြို့က လူပင်လယ်မြင်ကွင်း 

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ဒေးဒရဲမြို့တွင်ကျင်းပ 

    • gallery

      အိုင်စီဂျေ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ မြင်ကွင်း (ဓာတ်ပုံ)

    • gallery

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံပွဲ ပဲခူးမြို့တွင်ကျင်းပ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
    • 02 ဘုတလင်မြို့နယ်တွင် သားအမိ ၂ ဦး အသတ်ခံရ
    • 03 စိုင်းထီးဆိုင်ရဲ့ ‘ဒီဆောင်းတစ်ည’သီချင်းကို ကိုယ်ပိုင်ဟန်ဖြင့် အစွမ်းပြသီဆိုခဲ့သူ အေးမြဖြူ(ရုပ်သံ)
    • 04 မြေပုံထိပ်ဖျား သဘာဝအလှတရား (ဓာတ်ပုံ)
    • 05 ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော် ပဲခူးတွင် ကျင်းပ (ဓာတ်ပုံ)
    • 01 ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မသက်ထားသူဇာ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ
    • 02 ကျပ်သိန်း ၁၀၀ အထိ ချေးနိုင်မည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းတင်သွင်း
    • 03 ပန်းတောင်းမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်းနှင့် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီး 
    • 04 ရုရှားမှ တရုတ်ကို ပို့ဆောင်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်
    • 05 အင်တာမီလန်က အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ပြင်ဆင်
    • 01 ကျပ်သိန်း ၁၀၀ အထိ ချေးနိုင်မည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းတင်သွင်း
    • 02 ဝမ်းတွင်းတွင် စပါးသွားရိတ်သည့် ၇၄ နှစ် အရွယ် အဘိုးအို ၁ ဦး ရေနစ် သေဆုံး
    • 03 ဒီဇင်ဘာ ၁၀ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး 
    • 04 ICJ တရားရုံးကြားနာပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့တက်ရောက် 
    • 05 ပီရူးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြို၊ အိမ်များ၊ တံတားနှင့်မော်တော်ကားများ ပျက်စီး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.