
အီရတ် ဘာသာရေးနေ့ အခမ်းအနားတွင် လူအချင်းချင်း နင်းမိ၍ ၃၁ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

Email This Story :
အီရတ်နိုင်ငံတောင်ပိုင်းက ဘာသာရေးမြို့ဖြစ်တဲ့ ခါဘာလာမြို့မှာ စက်တင်ဘာ ၁၀ ရက်က ကျင်းပတဲ့ အာရှုရာ ဘာသာရေးနေ့ အခမ်းအနားအတွင်း လူအချင်းချင်း နင်းမိတာကြောင့် လူ ၃၁ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အရာရှိတယောက်က ပြောပါတယ်။
အာရှုရာဘာသာရေးနေ့ အခမ်းအနားကို နှစ်စဉ် အာမတ်ဟူစိန်ဗိမာန်မှာ ကျင်းပလေ့ ရှိတာကြောင့် တကမ္ဘာလုံးက သိန်းချီတဲ့ ရှီးဟိုက် မွတ်စလင်တွေဟာ ခါဘာလာမြို့ကို လာရောက်ကြပါတယ်။
သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ပြီး နောက်ထပ် လူ ၁၀ ယောက်ထက်မနည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ အီရတ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
လူတွေ သေဆုံးရတဲ့ အကြောင်းအရင်းကို အီရတ် ကျန်းမာရေးဝန်ကြီးဌာနက တိတိကျကျ မပြောခဲ့ပေမယ့် အာမတ်ဟူစိန် ဗိမာန်တာဝန်ခံကတော့ ဗိမာန်အဆောက်အအုံ ဝင်ပေါက်မှာ လူတွေကို ထိန်းမနိုင်ဘဲ လူအုပ်ကြီးအချင်းချင်း နင်းမိခဲ့ကြတယ်လို့ ပြောပါတယ်။
တမန်တော် မိုဟာမတ်ရဲ့ မြေးဖြစ်သူ ဟူစိန် တိုက်ပွဲကျ သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို အောက်မေ့တဲ့အနေနဲ့ အာရှုရာ ဘာသာရေးနေ့ အခမ်းအနားကို ခါဘာလာမြို့မှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။
အစ္စလာမ္မစ် အသိုင်းအဝိုင်းကို ဦးဆောင်ရေး ခါဘာလာမြို့ တိုက်ပွဲမှာ ဟူစိန် ကျဆုံးခဲ့တာက ရှီးဟိုက်မွတ်စလင်နဲ့ ဆွန်နီမွတ်စလင်တွေအကြား ဂိုဏ်းကွဲခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေထဲက တခုပါ။
အဲဒီဘာသာရေးအခမ်းအနားဟာ လူအင်မတန် များတာကြောင့် အရင်နှစ်တွေကလည်း လူအုပ် နင်းမိတာတွေ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
~~~~~~~~~~~~~~~~~~~
Zawgyi_version
အီရတ္ ဘာသာေရးေန႔ အခမ္းအနားတြင္ လူအခ်င္းခ်င္း နင္းမိ၍ ၃၁ ဦး ေသဆုံး၊ ၁၀၀ ေက်ာ္ ဒဏ္ရာရ
အီရတ္ႏိုင္ငံေတာင္ပိုင္းက ဘာသာေရးၿမိဳ႕ျဖစ္တဲ့ ခါဘာလာၿမိဳ႕မွာ စက္တင္ဘာ ၁၀ ရက္က က်င္းပတဲ့ အာရႈရာ ဘာသာေရးေန႔ အခမ္းအနားအတြင္း လူအခ်င္းခ်င္း နင္းမိတာေၾကာင့္ လူ ၃၁ ေယာက္ထက္မနည္း ေသဆုံးၿပီး အေယာက္ ၁၀၀ ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ အရာရွိတေယာက္က ေျပာပါတယ္။
အာရႈရာဘာသာေရးေန႔ အခမ္းအနားကို ႏွစ္စဥ္ အာမတ္ဟူစိန္ဗိမၼာန္မွာ က်င္းပေလ့ ရွိတာေၾကာင့္ တကမာၻလုံးက သိန္းခ်ီတဲ့ ရွီးဟိုက္ မြတ္စလင္ေတြဟာ ခါဘာလာၿမိဳ႕ကို လာေရာက္ၾကပါတယ္။
ေသဆုံးသူ အေရအတြက္ ထပ္တိုးႏိုင္ၿပီး ေနာက္ထပ္ လူ ၁၀ ေယာက္ထက္မနည္း စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိတယ္လို႔ အီရတ္ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
လူေတြ ေသဆုံးရတဲ့ အေၾကာင္းအရင္းကို အီရတ္ က်န္းမာေရးဝန္ႀကီးဌာနက တိတိက်က် မေျပာခဲ့ေပမယ့္ အာမတ္ဟူစိန္ ဗိမာန္တာဝန္ခံကေတာ့ ဗိမာန္အေဆာက္အအုံ ဝင္ေပါက္မွာ လူေတြကို ထိန္းမႏိုင္ဘဲ လူအုပ္ႀကီးအခ်င္းခ်င္း နင္းမိခဲ့ၾကတယ္လို႔ ေျပာပါတယ္။
တမန္ေတာ္ မိုဟာမတ္ရဲ႕ ေျမးျဖစ္သူ ဟူစိန္ တိုက္ပြဲက် ေသဆုံးခဲ့တဲ့ျဖစ္ရပ္ကို ေအာက္ေမ့တဲ့အေနနဲ႔ အာရႈရာ ဘာသာေရးေန႔ အခမ္းအနားကို ခါဘာလာၿမိဳ႕မွာ ႏွစ္စဥ္ က်င္းပေလ့ရွိပါတယ္။
အစၥလာမၼစ္ အသိုင္းအဝိုင္းကို ဦးေဆာင္ေရး ခါဘာလာၿမိဳ႕ တိုက္ပြဲမွာ ဟူစိန္ က်ဆုံးခဲ့တာက ရွီးဟိုက္မြတ္စလင္နဲ႔ ဆြန္နီမြတ္စလင္ေတြအၾကား ဂိုဏ္းကြဲခဲ့တဲ့ သမိုင္းျဖစ္ရပ္ေတြထဲက တခုပါ။
အဲဒီဘာသာေရးအခမ္းအနားဟာ လူအင္မတန္ မ်ားတာေၾကာင့္ အရင္ႏွစ္ေတြကလည္း လူအုပ္ နင္းမိတာေတြ ျဖစ္ခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။