သမ္မတထရမ့်က အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးကို ရာထူးမှဖြုတ်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘောလ်တန်ကို စက်တင်ဘာ ၁၀ ရက်မှာ ရာထူးက ဖြုတ်ချလိုက်ပါတယ်။
မြောက်ကိုရီးယား၊ အီရန်၊ အာဖဂန်စ္စတန်နဲ့ ရုရှား စတဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ထရမ့်ဟာ ဂျွန်ဘော်လ်တန်နဲ့ သဘောထား ကွဲလွဲနေချိန်မှာပဲ သူ့ကို ရာထူးက ဖြုတ်လိုက်တာပါ။
ဂျွန်ဘော်လ်တန်ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ဦးဆောင်ကိုင်တွယ်ခဲ့ပြီး ထရမ့်ရဲ့ တတိယမြောက် အမျိုးသားလုံခြုံရေးအကြံပေးလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ မြောက်ကိုရီးယားအရေးမှာ သမ္မတ ထရမ့်ကို ဖိအားပေးခဲ့တာနဲ့ ပတ်သတ်လို့လည်း လူသိများပါတယ်။
ဂျွန်ဘော်လ်တန်ဟာ အီရန်ဆန့်ကျင်ရေး ထရမ့်ရဲ့ မူဝါဒရေးရာမှာလည်း အကြီးအကဲ တယောက်ဖြစ်ပြီး ရုရှားနဲ့ အာဖဂန်နစ္စတန်အား ခိုင်ခိုင်မာမာ ချဉ်းကပ်ရေးကိုလည်း ထောက်ခံ အားပေးခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလက အမျိုးသားလုံခြုံရေး အကြံပေးတာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဘောလ်တန်ဟာ ထရမ့်ရဲ့ အဓိကသစ္စာတော်ခံ တယောက်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့လည်း တခါတရံ သဘောထား ကွဲလွဲတာတွေ ရှိခဲ့ပါတယ်။
လက်ရှိ လစ်လပ်သွားတဲ့ အမျိုးသားလုံခြုံရေး အကြံပေးရာထူးအတွက် ရေပန်းစားနေသူထဲမှာ ထရမ့်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ သံတမန် စတီဖင် ဘီဂန်လည်း ပါတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
သမၼတထရမ့္က အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးကို ရာထူးမွျဖဳတ္ခ်
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က သူ႔ရဲ႕ အမ်ိဳးသား လုံၿခဳံေရးအႀကံေပး ဂြၽန္ေဘာလ္တန္ကို စက္တင္ဘာ ၁၀ ရက္မွာ ရာထူးက ျဖဳတ္ခ်လိုက္ပါတယ္။
ေျမာက္ကိုရီးယား၊ အီရန္၊ အာဖဂန္စၥတန္နဲ႔ ႐ုရွား စတဲ့ ႏိုင္ငံျခားေရး မူဝါဒေတြကို ဘယ္လိုကိုင္တြယ္မယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ထရမ့္ဟာ ဂြၽန္ေဘာ္လ္တန္နဲ႔ သေဘာထား ကြဲလြဲေနခ်ိန္မွာပဲ သူ႔ကို ရာထူးက ျဖဳတ္လိုက္တာပါ။
ဂြၽန္ေဘာ္လ္တန္ဟာ အေမရိကန္ရဲ႕ ႏိုင္ငံျခားေရးရာ မူဝါဒေတြကို ဦးေဆာင္ကိုင္တြယ္ခဲ့ၿပီး ထရမ့္ရဲ႕ တတိယေျမာက္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးလည္း ျဖစ္ခဲ့ပါတယ္။
ဒါ့အျပင္ သူဟာ ေျမာက္ကိုရီးယားအေရးမွာ သမၼတ ထရမ့္ကို ဖိအားေပးခဲ့တာနဲ႔ ပတ္သတ္လို႔လည္း လူသိမ်ားပါတယ္။
ဂြၽန္ေဘာ္လ္တန္ဟာ အီရန္ဆန႔္က်င္ေရး ထရမ့္ရဲ႕ မူဝါဒေရးရာမွာလည္း အႀကီးအကဲ တေယာက္ျဖစ္ၿပီး ႐ုရွားနဲ႔ အာဖဂန္နစၥတန္အား ခိုင္ခိုင္မာမာ ခ်ဥ္းကပ္ေရးကိုလည္း ေထာက္ခံ အားေပးခဲ့ပါတယ္။
၂၀၁၈ ခုႏွစ္ ဧၿပီလက အမ်ိဳးသားလုံၿခဳံေရး အႀကံေပးတာဝန္ကို စတင္ထမ္းေဆာင္ခဲ့တဲ့ ဂြၽန္ေဘာလ္တန္ဟာ ထရမ့္ရဲ႕ အဓိကသစၥာေတာ္ခံ တေယာက္ျဖစ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယိုနဲ႔လည္း တခါတရံ သေဘာထား ကြဲလြဲတာေတြ ရွိခဲ့ပါတယ္။
လက္ရွိ လစ္လပ္သြားတဲ့ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးရာထူးအတြက္ ေရပန္းစားေနသူထဲမွာ ထရမ့္ရဲ႕ ေျမာက္ကိုရီးယားဆိုင္ရာ သံတမန္ စတီဖင္ ဘီဂန္လည္း ပါတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။