Home
မြန်မာသတင်း
ဟင်္သာတခရိုင်အတွင်း ကြီးထွားနှုန်းမရှိတော့သည့် ကျွန်းပင်များ ခုတ်လှဲ
DVB
·
September 11, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ပုသိမ်-မုံရွာကားလမ်းနဲ့ ဟင်္သာတ-မြန်အောင်-ကြံခင်းအဝေးပြေးလမ်ဘေးတွေက ကြီးထွားမှုမရှိတော့တဲ့ ကျွန်းပင်တွေကို မြန်မာ့သစ်ထုတ်လုပ်ရေးနဲ့သစ်တောဝန်ကြီးဌာနတို့က စတင်ခုတ်လှဲနေပါတယ်။ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ တောအုပ် ဦးဟန်မျိုးထွန်းကတော့ "ကျနော်တို့သစ်တောဦးစီးဌာနနဲ့ မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းတို့ ပူပေါင်းပြီးလှဲတာပါ။ လမ်းဘေးဝဲရှိ ကျွန်းပင်အားလုံးမဟုတ်ပါ။ အဓိက ကြီးထွားထွန်းကားရန် မဖြစ်နိုင်တော့တဲ့ အလိမ်အကောက်အပင်တွေနဲ့ အပင်ညက်တွေလှဲတာ၊ ဟင်္သာတ တခရိုင်လုံးလှဲမှာ ကျနော်ဘိနယ်ကတော့ ကျွန်းပင်ပေါင်း ၇၈ ပင်ပဲလှဲတာပါ” လို့ ပြောပါတယ်။ ဟင်္သာတခရိုင်အတွင်းရှိ အဝေးပြေးလမ်းမအများစုမှာ ခေတ်အဆက်ဆက် အရိပ်ရပင်တွေနဲ့ကျွန်းပင်တွေကို သစ်တောဦးစီးဌာနတွေနဲ့ ဒေသတွင်းက ဒေသခံပြည်သူတွေစု ပေါင်းစိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ သစ်ပင်များ စုပေါင်းစိုက်ပျိုးနေတဲ့ ထူးကြီးဒေသ ပရဟိအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်တင့်က "အဓိက ခုထိကျွန်းပင်တွေရော အရိပ်ရအပင်တွေကောက နှစ်ပေါင်း များစွာကြာနေပြီလေ။ ပြီးတော့ လမ်းဦးစီးက လမ်းမချဲ့ရာမှ မလွတ်လို့ လှဲလိုက်ပြီး လျှပ်စစ်မီးလင်းရေး လိုင်းဆွဲတဲ့ ဒေသခံတွေနဲ့ ကုမ္ပဏီကလမ်းဘေးက ကပ်ဆွဲတာလုပ်ပြီး မလွတ်တော့ ခုတ်ပြန်ရောလေ၊ ခုတ်လည်း မဲဇလီကုန်းလမ်းမဘေးမှာ အပင်တွေကြားထဲက လျှပ်စစ်မီးကြိုးသွယ်တန်းဖို့ လုပ်နေတာ၊ အချို့အပင်တွေနဲ့မလွတ်ဘူး၊ ဒါတွေလည်းခုတ်မဲ့သဘောပဲ၊ ဒီနှစ်ရှည်ပင်တွေကို မခုတ်ဖို့ကတော့ ကျနော်တို့စုပေါင်းကန်ကွက်မယ့် သဘောရှိနေပြီ" လို့ ပြောပါတယ်။ လမ်းဦးစီးဌာနက သစ်ပင်တွေကို လမ်းမချဲ့တာနဲ့ လျှပ်စစ်သွယ်တန်းရာမှာ မလွတ်တဲ့အတွက် အခုလို ခုတ်လှဲနေတဲ့အပေါ်ဒေသခံတွေက ဝေဖန်နေကြပါတယ်။
ဟသၤာတခ႐ိုင္အတြင္း ႀကီးထြားႏႈန္းမရွိေတာ့သည့္ ကြၽန္းပင္မ်ား ခုတ္လွဲ DVB ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတခ႐ိုင္အတြင္းရွိ ပုသိမ္-မုံ႐ြာကားလမ္းနဲ႔ ဟသၤာတ-ျမန္ေအာင္-ႀကံခင္းအေဝးေျပးလမ္ေဘးေတြက ႀကီးထြားမႈမရွိေတာ့တဲ့ ကြၽန္းပင္ေတြကို ျမန္မာ့သစ္ထုတ္လုပ္ေရးနဲ႔သစ္ေတာဝန္ႀကီးဌာနတို႔က စတင္ခုတ္လွဲေနပါတယ္။ အဂၤပူၿမိဳ႕နယ္၊ မဲဇလီကုန္းၿမိဳ႕ရွိ ေတာအုပ္ ဦးဟန္မ်ိဳးထြန္းကေတာ့ "က်ေနာ္တို႔သစ္ေတာဦးစီးဌာနနဲ႔ ျမန္မာ့သစ္ထုတ္လုပ္ေရးလုပ္ငန္းတို႔ ပူေပါင္းၿပီးလွဲတာပါ။ လမ္းေဘးဝဲရွိ ကြၽန္းပင္အားလုံးမဟုတ္ပါ။ အဓိက ႀကီးထြားထြန္းကားရန္ မျဖစ္ႏိုင္ေတာ့တဲ့ အလိမ္အေကာက္အပင္ေတြနဲ႔ အပင္ညက္ေတြလွဲတာ၊ ဟသၤာတ တခ႐ိုင္လုံးလွဲမွာ က်ေနာ္ဘိနယ္ကေတာ့ ကြၽန္းပင္ေပါင္း ၇၈ ပင္ပဲလွဲတာပါ” လို႔ ေျပာပါတယ္။ ဟသၤာတခ႐ိုင္အတြင္းရွိ အေဝးေျပးလမ္းမအမ်ားစုမွာ ေခတ္အဆက္ဆက္ အရိပ္ရပင္ေတြနဲ႔ကြၽန္းပင္ေတြကို သစ္ေတာဦးစီးဌာနေတြနဲ႔ ေဒသတြင္းက ေဒသခံျပည္သူေတြစု ေပါင္းစိုက္ပ်ိဳးခဲ့ၾကတာျဖစ္ပါတယ္။ သစ္ပင္မ်ား စုေပါင္းစိုက္ပ်ိဳးေနတဲ့ ထူးႀကီးေဒသ ပရဟိအဖြဲ႕ဝင္တဦးျဖစ္တဲ့ ဦးေက်ာ္တင့္က "အဓိက ခုထိကြၽန္းပင္ေတြေရာ အရိပ္ရအပင္ေတြေကာက ႏွစ္ေပါင္း မ်ားစြာၾကာေနၿပီေလ။ ၿပီးေတာ့ လမ္းဦးစီးက လမ္းမခ်ဲ႕ရာမွ မလြတ္လို႔ လွဲလိုက္ၿပီး လွ်ပ္စစ္မီးလင္းေရး လိုင္းဆြဲတဲ့ ေဒသခံေတြနဲ႔ ကုမၸဏီကလမ္းေဘးက ကပ္ဆြဲတာလုပ္ၿပီး မလြတ္ေတာ့ ခုတ္ျပန္ေရာေလ၊ ခုတ္လည္း မဲဇလီကုန္းလမ္းမေဘးမွာ အပင္ေတြၾကားထဲက လွ်ပ္စစ္မီးႀကိဳးသြယ္တန္းဖို႔ လုပ္ေနတာ၊ အခ်ိဳ႕အပင္ေတြနဲ႔မလြတ္ဘူး၊ ဒါေတြလည္းခုတ္မဲ့သေဘာပဲ၊ ဒီႏွစ္ရွည္ပင္ေတြကို မခုတ္ဖို႔ကေတာ့ က်ေနာ္တို႔စုေပါင္းကန္ကြက္မယ့္ သေဘာရွိေနၿပီ" လို႔ ေျပာပါတယ္။ လမ္းဦးစီးဌာနက သစ္ပင္ေတြကို လမ္းမခ်ဲ႕တာနဲ႔ လွ်ပ္စစ္သြယ္တန္းရာမွာ မလြတ္တဲ့အတြက္ အခုလို ခုတ္လွဲေနတဲ့အေပၚေဒသခံေတြက ေဝဖန္ေနၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024