Home
မြန်မာသတင်း
တပ်မတော်အတွင်း မူးယစ်ဆေးသုံးစွဲမှု မပျံ့နှံ့ရေး ဝိုင်းဝန်းထိန်းသိမ်းရမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
September 11, 2019
တပ်မတော်အတွင်း မူးယစ်ဆေးဝါး သုံးစွဲတာ မပျံ့နှံ့စေဖို့အတွက် အဆင့်အားလုံး ကိုယ်စီ အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်းထိန်းသိမ်းရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ အသောက်အစား၊ အပျော်အပါးနဲ့ မူးယစ်ဆေးဝါး မရှောင်ကြဉ်တာကနေတဆင့် အုပ်ချုပ်မှုကိစ္စတွေ ဖြစ်နေနိုင်လို့ ကိုယ့်အတွက် အကျိုးမရှိမယ့် စားသောက်တာနဲ့ သုံးစွဲတာတွေကို ဆင်ခြင်ဖို့ လိုတယ်လို့ မနေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံရာမှာ ပြောခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာပြီး ပြည်သူတွေရဲ့ အစိတ်အပိုင်းတခု ဖြစ်လို့ မိမိတပ်ကို ကောင်းအောင်လုပ်ဖို့လိုပြီး တိုင်းပြည် တိုးတက်တည်ငြိမ်အေးချမ်းဖို့ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းဖို့ လိုတယ်လို့လည်း ပြောပါတယ်။ ပြီးတော့ ဘယ်အဖွဲ့အစည်းမှာမဆို ခေါင်းဆောင်မှု အခန်းကဏ္ဍဟာ အရေးကြီးပြီး တပ်မတော်မှာ ဒုတပ်ကြပ်က စလို့ ခေါင်းဆောင်တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အထူးအလေးထား ဆောင်ရွက်နေပြီး တပ်မတော်တရပ်လုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာဟာ ၂၀၁၈ ခုနှစ်က စုစုပေါင်း ကာလတန်ဖိုးကျပ် ၁၄၇ ဒသမ ၅၈ ဘီလီယံလောက် (ကျပ်သန်းပေါင်း တသိန်းခွဲလောက်) နဲ့ ၂၀၁၉ ဩဂုတ်လအထိ ၂၅၁ ဒသမ ၇၈ ဘီလီယံလောက် (ကျပ်သန်းပေါင်း ၂ သိန်းခွဲကျော်) ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တပ္မေတာ္အတြင္း မူးယစ္ေဆးသုံးစြဲမႈ မပ်ံ႕ႏွံ႔ေရး ဝိုင္းဝန္းထိန္းသိမ္းရမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ တပ္မေတာ္အတြင္း မူးယစ္ေဆးဝါး သုံးစြဲတာ မပ်ံ႕ႏွံ႔ေစဖို႔အတြက္ အဆင့္အားလုံး ကိုယ္စီ အသိစိတ္ဓာတ္နဲ႔ ဝိုင္းဝန္းထိန္းသိမ္းရမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။ အေသာက္အစား၊ အေပ်ာ္အပါးနဲ႔ မူးယစ္ေဆးဝါး မေရွာင္ၾကဥ္တာကေနတဆင့္ အုပ္ခ်ဳပ္မႈကိစၥေတြ ျဖစ္ေနႏိုင္လို႔ ကိုယ့္အတြက္ အက်ိဳးမရွိမယ့္ စားေသာက္တာနဲ႔ သုံးစြဲတာေတြကို ဆင္ျခင္ဖို႔ လိုတယ္လို႔ မေန႔က အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ မႏၲေလးတပ္နယ္က အရာရွိ၊ စစ္သည္၊ မိသားစုေတြကို ေတြ႕ဆုံရာမွာ ေျပာခဲ့တာပါ။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တပ္မေတာ္ဟာ ျပည္သူၾကားက ေပါက္ဖြားလာၿပီး ျပည္သူေတြရဲ႕ အစိတ္အပိုင္းတခု ျဖစ္လို႔ မိမိတပ္ကို ေကာင္းေအာင္လုပ္ဖို႔လိုၿပီး တိုင္းျပည္ တိုးတက္တည္ၿငိမ္ေအးခ်မ္းဖို႔ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းဖို႔ လိုတယ္လို႔လည္း ေျပာပါတယ္။ ၿပီးေတာ့ ဘယ္အဖြဲ႕အစည္းမွာမဆို ေခါင္းေဆာင္မႈ အခန္းက႑ဟာ အေရးႀကီးၿပီး တပ္မေတာ္မွာ ဒုတပ္ၾကပ္က စလို႔ ေခါင္းေဆာင္ေတြပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။ တပ္မေတာ္အေနနဲ႔ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးကို အထူးအေလးထား ေဆာင္႐ြက္ေနၿပီး တပ္မေတာ္တရပ္လုံး မူးယစ္ေဆးဝါး ဖမ္းဆီးရမိတာဟာ ၂၀၁၈ ခုႏွစ္က စုစုေပါင္း ကာလတန္ဖိုးက်ပ္ ၁၄၇ ဒသမ ၅၈ ဘီလီယံေလာက္ (က်ပ္သန္းေပါင္း တသိန္းခြဲေလာက္) နဲ႔ ၂၀၁၉ ဩဂုတ္လအထိ ၂၅၁ ဒသမ ၇၈ ဘီလီယံေလာက္ (က်ပ္သန္းေပါင္း ၂ သိန္းခြဲေက်ာ္) ဖမ္းဆီးရမိခဲ့တယ္လို႔လည္း ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024