ဂျပန်ကစားသမားများ၏ ပရော်ဖက်ရှင်နယ် ပီသမှုကို အတုယူရန် မြန်မာနည်းပြပြော

မြန်မာကစားသမားတွေအနေနဲ့ ဂျပန်အသင်းဆီကနေ သင်ယူလေ့လာစရာတွေ အများကြီး ရရှိခဲ့ပြီး သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုတွေကို အတုယူဖို့ လိုအပ်တယ်လို့ မြန်မာနည်းပြ ရာဂျူလိုဗစ်က ပြောပါတယ်။
ဂျပန်အသင်းနဲ့ အဆင့်အတန်း ကွာခြားပေမယ့်လည်း ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်အောင် ကစားနိုင်ခဲ့ကြတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးတယ်လို့ မြန်မာနည်းပြက ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ရာဂျူလိုဗစ်က “အနိုင်မရခဲ့လို့ မပျော်ရွှင်ပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိပါတယ်။ ဒီနေ့ပွဲစဉ်မှာ ကစားသမား အသစ်တွေကို အသုံးပြုခဲ့ပြီး သူတို့ကလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် ပွဲစဉ်တွေမှာ ကျနော့်အတွက် ရွေးချယ်စရာ ကစားသမား ပိုများလာတဲ့အတွက် အကျိုးရှိပါတယ်။ ဂျပန်အသင်းနဲ့ မြန်မာအသင်းအကြား ကွာဟမှုက အရမ်းကြီးမားပါတယ်။ ဒါပေမဲ့ မြန်မာကစားသမားတွေ သူတို့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဒီနေ့ပွဲစဉ်မှာ ရခဲ့တဲ့ သင်ခန်းစာတွေကို အခြေခံပြီး လာမယ့်ပွဲစဉ်တွေအတွက် ပြင်ဆင်သွားမှာပါ။
ပွဲထွက်ကစားခဲ့ကြတဲ့ နောက်ခံလူတွေဖြစ်တဲ့ ဇော်လင်း၊ ဇော်ရဲထွန်းနဲ့ တိုက်စစ်မှူး ကောင်းစည်သူတို့လို ကစားသမားသစ်တွေဟာလည်း အလားအလာကောင်းတွေ ရှိတဲ့အတွက် အနာဂတ် ပြိုင်ပွဲတွေအတွက် ရွေးချယ်စရာ ပိုများလာခဲ့ပြီလို့ နည်းပြ ရာဂျုလိုဗစ်က ပြောကြားသွားခဲ့ပါတယ်။
ဂျပန်အသင်းနည်းပြချုပ် Hajime Moriyasu က “အဖွင့်ပွဲစဉ်ဖြစ်တာနဲ့အညီ ခက်ခဲခဲ့ပါတယ်။ ဘောလုံးပွဲတပွဲမှာ အနိုင်ရဖို့က အရေးကြီးလို့ ဒီရလဒ်ကို ကျေနပ်ပါတယ်။ ကျွန်တော့် ကစားသမားတွေ ပွဲချိန်ပြည့် အာရုံစိုက် ကစားနိုင်ခဲ့လို့ သူတို့ကို ချီးကျူးချင်ပါတယ်။ ပြိုင်ဘက်မြန်မာအသင်းကလည်း အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ မြန်မာ ကစားသမားတွေမှာ တဦးချင်း စွမ်းရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့အတွက် ဒီစွမ်းရည်တွေကို စုစည်းနိုင်ရင် အနာဂတ်မှာ အသင်းကောင်းတသင်း ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် လာမယ့်အောက်တိုဘာ ၁၀ ရက်မှာ ကာဂျစ္စတန်နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဂ်ပန္ကစားသမားမ်ား၏ ပေရာ္ဖက္ရွင္နယ္ ပီသမႈကို အတုယူရန္ ျမန္မာနည္းျပေျပာ
ျမန္မာကစားသမားေတြအေနနဲ႔ ဂ်ပန္အသင္းဆီကေန သင္ယူေလ့လာစရာေတြ အမ်ားႀကီး ရရွိခဲ့ၿပီး သူတို႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈေတြကို အတုယူဖို႔ လိုအပ္တယ္လို႔ ျမန္မာနည္းျပ ရာဂ်ဴလိုဗစ္က ေျပာပါတယ္။
ဂ်ပန္အသင္းနဲ႔ အဆင့္အတန္း ကြာျခားေပမယ့္လည္း ၂ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ေအာင္ ကစားႏိုင္ခဲ့ၾကတဲ့ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးတယ္လို႔ ျမန္မာနည္းျပက ေျပာပါတယ္။
ျမန္မာ့လက္ေ႐ြးစင္အသင္း နည္းျပခ်ဳပ္ ရာဂ်ဴလိုဗစ္က “အႏိုင္မရခဲ့လို႔ မေပ်ာ္႐ႊင္ေပမယ့္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ ေက်နပ္မိပါတယ္။ ဒီေန႔ပြဲစဥ္မွာ ကစားသမား အသစ္ေတြကို အသုံးျပဳခဲ့ၿပီး သူတို႔ကလည္း အေကာင္းဆုံး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ ပြဲစဥ္ေတြမွာ က်ေနာ့္အတြက္ ေ႐ြးခ်ယ္စရာ ကစားသမား ပိုမ်ားလာတဲ့အတြက္ အက်ိဳးရွိပါတယ္။ ဂ်ပန္အသင္းနဲ႔ ျမန္မာအသင္းအၾကား ကြာဟမႈက အရမ္းႀကီးမားပါတယ္။ ဒါေပမဲ့ ျမန္မာကစားသမားေတြ သူတို႔ တတ္ႏိုင္သေလာက္ အေကာင္းဆုံး ႀကိဳးစားခဲ့ပါတယ္။ အထူးသျဖင့္ ဒုတိယပိုင္းမွာ အေကာင္းဆုံး ကစားႏိုင္ခဲ့တယ္။ ဒီေန႔ပြဲစဥ္မွာ ရခဲ့တဲ့ သင္ခန္းစာေတြကို အေျခခံၿပီး လာမယ့္ပြဲစဥ္ေတြအတြက္ ျပင္ဆင္သြားမွာပါ။
ပြဲထြက္ကစားခဲ့ၾကတဲ့ ေနာက္ခံလူေတြျဖစ္တဲ့ ေဇာ္လင္း၊ ေဇာ္ရဲထြန္းနဲ႔ တိုက္စစ္မႉး ေကာင္းစည္သူတို႔လို ကစားသမားသစ္ေတြဟာလည္း အလားအလာေကာင္းေတြ ရွိတဲ့အတြက္ အနာဂတ္ ၿပိဳင္ပြဲေတြအတြက္ ေ႐ြးခ်ယ္စရာ ပိုမ်ားလာခဲ့ၿပီလို႔ နည္းျပ ရာဂ်ဳလိုဗစ္က ေျပာၾကားသြားခဲ့ပါတယ္။
ဂ်ပန္အသင္းနည္းျပခ်ဳပ္ Hajime Moriyasu က “အဖြင့္ပြဲစဥ္ျဖစ္တာနဲ႔အညီ ခက္ခဲခဲ့ပါတယ္။ ေဘာလုံးပြဲတပြဲမွာ အႏိုင္ရဖို႔က အေရးႀကီးလို႔ ဒီရလဒ္ကို ေက်နပ္ပါတယ္။ ကြၽန္ေတာ့္ ကစားသမားေတြ ပြဲခ်ိန္ျပည့္ အာ႐ုံစိုက္ ကစားႏိုင္ခဲ့လို႔ သူတို႔ကို ခ်ီးက်ဴးခ်င္ပါတယ္။ ၿပိဳင္ဘက္ျမန္မာအသင္းကလည္း အေကာင္းဆုံးကစားႏိုင္ခဲ့တယ္လို႔ ျမင္ပါတယ္။ ျမန္မာ ကစားသမားေတြမွာ တဦးခ်င္း စြမ္းရည္ေကာင္းေတြ ပိုင္ဆိုင္ထားတဲ့အတြက္ ဒီစြမ္းရည္ေတြကို စုစည္းႏိုင္ရင္ အနာဂတ္မွာ အသင္းေကာင္းတသင္း ျဖစ္လာမွာပါ” လို႔ ေျပာပါတယ္။
ျမန္မာအသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္ေတြအျဖစ္ လာမယ့္ေအာက္တိုဘာ ၁၀ ရက္မွာ ကာဂ်စၥတန္နဲ႔ ဆက္လက္ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။