Home
မြန်မာသတင်း
၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု သုညရာခိုင်နှုန်းထိ လျော့ချရေး ဆောင်ရွက်မည်
DVB
·
September 10, 2019
အသားတင် သစ်တောပြုန်းတီးမှုကို ၂၀၃၀ ပြည့်နှစ်မှာ သုညအထိ လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောပါတယ်။ “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေကို ရည်မှန်းထားတဲ့အတိုင်း ရမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ ဒါမှမဟုတ် ဒီထက်ပိုပြီးစောတဲ့ကာလမှာ အသားတင် သစ်တောပြုန်းတီးမှုကို သုညအထိ လျှော့ချဖို့ (သို့မဟုတ်) သစ်တောပြုန်းတီးမှုကို သိသာထင်ရှားစွာ လျှော့ချဖို့ ရည်ရွယ်ထားတယ်" လို့ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားအဆင့် REDD+ မဟာဗျူဟာ အတည်ပြု အလုပ်ရုံဆွေးနွေးပွဲမှာ ဒုတိယဝန်ကြီးက ပြောဆိုခဲ့တာပါ။ အခမ်းအနားကိုတော့ ဆက်စပ်ဝန်ကြီးဌာန အသီးသီးက ဌာနဆိုင်ရာ အကြီးကဲတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီစဉ် (UN Environment) နဲ့UNREDD Programme က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ လက်ရှိ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေဟာ ကမ္ဘာတဝန်းမှာ ဖြစ်ပေါ်နေသလို မြန်မာနိုင်ငံမှာလည်း ရာသီဥတု ပြောင်းလဲမှု အကျိူးဆက်ကို ခံစားနေကြရတာဖြစ်ပြီး မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် အပူချိန်တွေ သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။ “မြန်မာနိုင်ငံအနေနဲ့ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးအတွက် အထိရောက်ဆုံး ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကတော့ မြန်မာ့သစ်တောတွေကနေ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျှော့ချခြင်း ဖြစ်တယ်” လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံကနေ ထုတ်လွှတ်တဲ့ မှန်လုံအိမ်ဓာတ်ငွေ့ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ သစ်တောတွေကနေ ထုတ်လွှတ်နေတာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ကာလရှည်ကြာ သစ်တောတွေ၊ သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုတွေမှာ ယုံကြည်မှု ကင်းမဲ့ခဲ့တာတွေ၊ နားလည်မှု လွဲတာတွေ၊ ရည်ရွယ်ချက်ချင်း၊ ချဉ်းကပ်ပုံချင်း ကွာခြားမှုတွေ ရှိခဲ့တဲ့အတွက် စိတ်နေသဘောထားတွေကို နေ့ချင်းညချင်း ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ အမျိုးသားအဆင့် REDD+ မဟာဗျူဟာနဲ့အတူ အရေးပါတဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု သတင်းစနစ်တခု ထူထောင်သွားမှာဖြစ်ပြီး ဒီစနစ် ရေးဆွဲရေးလုပ်ငန်းက အတော်ခရီးရောက်နေပြီလို့ သိရပါတယ်။
၂၀၃၀ ျပည့္ႏွစ္တြင္ သစ္ေတာျပဳန္းတီးမႈ သုညရာခိုင္ႏႈန္းထိ ေလ်ာ့ခ်ေရး ေဆာင္႐ြက္မည္ ေအာင္ကိုကိုလတ္(ေနျပည္ေတာ္) အသားတင္ သစ္ေတာျပဳန္းတီးမႈကို ၂၀၃၀ ျပည့္ႏွစ္မွာ သုညအထိ ေလွ်ာ့ခ်ႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ သယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ ရဲျမင့္ေဆြက ေျပာပါတယ္။ “ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာရဲ႕ ကူညီပံ့ပိုးမႈေတြကို ရည္မွန္းထားတဲ့အတိုင္း ရမယ္ဆိုရင္ ၂၀၃၀ ျပည့္ႏွစ္မွာ ဒါမွမဟုတ္ ဒီထက္ပိုၿပီးေစာတဲ့ကာလမွာ အသားတင္ သစ္ေတာျပဳန္းတီးမႈကို သုညအထိ ေလွ်ာ့ခ်ဖို႔ (သို႔မဟုတ္) သစ္ေတာျပဳန္းတီးမႈကို သိသာထင္ရွားစြာ ေလွ်ာ့ခ်ဖို႔ ရည္႐ြယ္ထားတယ္" လို႔ ဒုတိယဝန္ႀကီး ေဒါက္တာရဲျမင့္ေဆြက ေျပာပါတယ္။ စက္တင္ဘာ ၁၀ ရက္ေန႔ ေနျပည္ေတာ္ သဂၤဟဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံ အမ်ိဳးသားအဆင့္ REDD+ မဟာဗ်ဴဟာ အတည္ျပဳ အလုပ္႐ုံေဆြးေႏြးပြဲမွာ ဒုတိယဝန္ႀကီးက ေျပာဆိုခဲ့တာပါ။ အခမ္းအနားကိုေတာ့ ဆက္စပ္ဝန္ႀကီးဌာန အသီးသီးက ဌာနဆိုင္ရာ အႀကီးကဲေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက ကိုယ္စားလွယ္ေတြ၊ တိုင္းရင္းသားလူမ်ိဳးစု ကိုယ္စားလွယ္ေတြ၊ ကုလသမဂၢ ပတ္ဝန္းက်င္အစီစဥ္ (UN Environment) နဲ႔UNREDD Programme က တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။ လက္ရွိ ရာသီဥတု ေျပာင္းလဲမႈျဖစ္စဥ္ေတြဟာ ကမာၻတဝန္းမွာ ျဖစ္ေပၚေနသလို ျမန္မာႏိုင္ငံမွာလည္း ရာသီဥတု ေျပာင္းလဲမႈ အက်ိဴးဆက္ကို ခံစားေနၾကရတာျဖစ္ၿပီး ျမန္မာႏိုင္ငံဟာ လြန္ခဲ့တဲ့ ဆယ္ႏွစ္နဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ အပူခ်ိန္ေတြ သိသိသာသာ တိုးလာတယ္လို႔ ဆိုပါတယ္။ “ျမန္မာႏိုင္ငံအေနနဲ႔ ရာသီဥတု ေျပာင္းလဲမႈ ေလွ်ာ့ခ်ေရးအတြက္ အထိေရာက္ဆုံး ေဆာင္႐ြက္ႏိုင္တဲ့ နည္းလမ္းကေတာ့ ျမန္မာ့သစ္ေတာေတြကေန မွန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြကို ေလွ်ာ့ခ်ျခင္း ျဖစ္တယ္” လို႔ ဒုတိယဝန္ႀကီးက ေျပာပါတယ္။ ျမန္မာႏိုင္ငံရဲ႕ မွန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈကို ၾကည့္မယ္ဆိုရင္ ျမန္မာႏိုင္ငံကေန ထုတ္လႊတ္တဲ့ မွန္လုံအိမ္ဓာတ္ေငြ႕ အားလုံးရဲ႕ ၈၀ ရာခိုင္ႏႈန္းခန႔္ဟာ သစ္ေတာေတြကေန ထုတ္လႊတ္ေနတာလို႔ သိရပါတယ္။ ျမန္မာႏိုင္ငံဟာ ကာလရွည္ၾကာ သစ္ေတာေတြ၊ သစ္ေတာစီမံအုပ္ခ်ဳပ္ လုပ္ကိုင္မႈေတြမွာ ယုံၾကည္မႈ ကင္းမဲ့ခဲ့တာေတြ၊ နားလည္မႈ လြဲတာေတြ၊ ရည္႐ြယ္ခ်က္ခ်င္း၊ ခ်ဥ္းကပ္ပုံခ်င္း ကြာျခားမႈေတြ ရွိခဲ့တဲ့အတြက္ စိတ္ေနသေဘာထားေတြကို ေန႔ခ်င္းညခ်င္း ေျပာင္းလဲႏိုင္မွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။ ျမန္မာႏိုင္ငံ အမ်ိဳးသားအဆင့္ REDD+ မဟာဗ်ဴဟာနဲ႔အတူ အေရးပါတဲ့ လူမႈေရးနဲ႔ ပတ္ဝန္းက်င္ဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္မႈ သတင္းစနစ္တခု ထူေထာင္သြားမွာျဖစ္ၿပီး ဒီစနစ္ ေရးဆြဲေရးလုပ္ငန္းက အေတာ္ခရီးေရာက္ေနၿပီလို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024