ဒယ်နီယယ်ဂျိမ်းက ရပ်တန့်လို့မရသည့် ကစားသမားဟု ရွိုင်ယန်ဂစ် ချီးကျူး
1.3K
ဒယ်နီယယ်ဂျိမ်းဟာ ရပ်တန့်လို့မရတဲ့ ကစားသမားဖြစ်တယ်လို့ ဝေးလ်လက်ရွေးစင်အသင်းနည်းပြ ရွိုင်ယန်ဂစ်က ချီးကျူးလိုက်ပါတယ်။
လူငယ်တောင်ပံ ကစာသးမား ဒယ်နီယယ်ဂျိမ်းဟာ ဝေးလ်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြသနေပြီး ဘီဘာရုနဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
ဒီဂျေက ဘာလုပ်ရမလဲဆိုတာသိတဲ့ ကစားသမားတွေထဲက တဦးဖြစ်ပြီး သူ့ကို ရပ်တန့်အောင် လုပ်လို့ မရနိုင်ကြောင်းနဲ့ ရာသီအစမှာပဲ သူလုပ်ပြခဲ့တဲ့အရာတွေက အံ့အားသင့် စရာကောင်းကြောင်း၊ လက်ရှိခြေစွမ်းကို ဆက်ထိန်းပြီး ဆက်သွားမယ်ဆိုရင် သူဖြစ်ချင်တဲ့ အကောင်းဆုံးကစားသမားဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း နည်းပြဂစ်က ပြောပါတယ်။
ဂျိမ်းဟာ ပြီးခဲ့တဲ့ မတ်လကကစားခဲ့တဲ့ ဆလိုဗက်ကီးယားအသင်းနဲ့ ယူရိုခြေစစ်ပွဲမှာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။