Home
မြန်မာသတင်း
ကိုးရီးယားနိုင်ငံက ရေးမြို့နယ်၌ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးပေးမည်
DVB
·
September 10, 2019
စိုက်ပျိုးရေးဦးစီးဌာနနဲ့ ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ပူးပေါင်းပြီး  မွန်ပြည်နယ် ရေးမြို့နယ်မှာ စွမ်းအားမြှင့်မီးဖိုတွေ ဖြန့်ဖြူးဖို့စီမံကိန်းနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။  ဒီကနေ့ကာလမှာ သဘာဝပတ်ဝန်းကျင် ရာသီဥတု ပြဿနာကို ရင်ဆိုင်ကြုံတွေ့ နေရတာကြောင့် လောင်စာထင်းသုံးစွဲမှု လျှော့ချဖို့အတွက် အခုလို စွမ်းအားမြှင် မီးဖိုတွေပြောင်းလဲသုံးစွဲဖို့ စီစဉ်တာဖြစ်ပါတယ်။ စွမ်းအားမြှင့် မီးဖိုတွေဟာ  သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မှာ ဖြစ်သလို ရာသီဥတု ပြောင်းလဲမှု ဒဏ်ကိုလည်း တဖက်တလမ်းကနေ အထောက်ကူပြုမှာဖြစ်တယ်လို့ ရေးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ရေးမြို့နယ်ထဲက အိမ်ထောင်စု ၂ သောင်းကျော်အတွက် အောက်တိုဘာလကနေ စတင်ပြီး ထင်းအဓိကသုံးစွဲတဲ့  ကျေးရွာပေါင်း ၁၃၃ ရွာကို ဖြန့်ဖြူးပေးသွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှဝင်းက ပြောပါတယ်။  မြန်မာနိုင်ငံအစိုးရ၊ ကိုးရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာနတို့က အခုစီမံကိန်းကို ကနဦး ၇ လကနေ စီမံကိန်း ၇ နှစ်ကြာအထိ လက်မှတ်ရေးထိုး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ကိုးရီးယားႏိုင္ငံက ေရးၿမိဳ႕နယ္၌ ထင္းအစားထိုး စြမ္းအားျမႇင့္မီးဖို ျဖန႔္ျဖဴးေပးမည္ စိုက္ပ်ိဳးေရးဦးစီးဌာန နဲ႔ ကိုရီးယား ရာသီဥတုေျပာင္းလဲမႈ ဗဟိုဌာနတို႔ပူးေပါင္းၿပီး  မြန္ျပည္နယ္ ေရးၿမိဳ႕နယ္မွာ စြမ္းအားျမႇင့္မီးဖိုေတြ ျဖန႔္ျဖဴးဖို႔စီမံကိန္းနဲ႔ပတ္သက္ၿပီး အလုပ္႐ုံေဆြးေႏြးပြဲကို စက္တင္ဘာ ၁၀ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။ ဒီကေန႔ကာလမွာ သဘာဝပတ္ဝန္းက်င္ ရာသီဥတု ျပႆနာကို ရင္ဆိုင္ႀကဳံေတြ႕ ေနရတာေၾကာင့္ ေလာင္စာထင္းသုံးစြဲမႈ ေလွ်ာ့ခ်ဖို႔အတြက္ အခုလို စြမ္းအားျမႇင္ မီးဖိုေတြေျပာင္းလဲသုံးစြဲဖို႔ စီစဥ္တာျဖစ္ပါတယ္။ စြမ္းအားျမႇင့္ မီးဖိုေတြဟာ  သစ္ေတာျပဳန္းတီးမႈကို ကာကြယ္ႏိုင္မွာ ျဖစ္သလို ရာသီဥတု ေျပာင္းလဲမႈ ဒဏ္ကိုလည္း တဖက္တလမ္းကေန အေထာက္ကူျပဳမွာျဖစ္တယ္လို႔ ေရးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ေရးၿမိဳ႕နယ္ထဲက အိမ္ေထာင္စု ၂ ေသာင္းေက်ာ္အတြက္ ေအာက္တိုဘာလကေန စတင္ၿပီး ထင္းအဓိကသုံးစြဲတဲ့  ေက်း႐ြာေပါင္း ၁၃၃ ႐ြာကို ျဖန႔္ျဖဴးေပးသြားမယ္လို႔ စိုက္ပ်ိဳးေရးဦးစီးဌာန ဦးစီးမႉး ေဒၚလွလွဝင္းက ေျပာပါတယ္။ ျမန္မာႏိုင္ငံအစိုးရ၊ ကိုးရီးယားႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ နဲ႔ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ဗဟိုဌာနတို႔က အခုစီမံကိန္းကို ကနဦး ၇ လကေန စီမံကိန္း ၇ ႏွစ္ၾကာအထိ လက္မွတ္ေရးထိုး ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024