Home
မေးမြန်းခန်း
ထိုင်းအစိုးရ ကန့်သတ်မှုတွေ၊ ဝင်စွက်ဖက်မှုတွေ ဖြစ်တဲ့အတွက် ကျနော်တို့ လက်မခံတာပါ - ဦးအောင်မျိုးမင်း
ပီတာအောင်
·
September 10, 2019
၂၀၁၉ ခုနှစ် အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ-လူထုဖိုရမ် (ACSC/APF) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၁၀ ရက်ကနေ  ၁၂ ရက်အထိ ကျင်းပနေပါတယ်။ ဒီဖိုရမ်ကို အစောပိုင်းက ဘန်ကောက်မြို့လယ်မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် မြို့ပြင်ကို ပြောင်း‌ေရွှ့ပြုလုပ်ခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကို  ကိုပီတာအောင်က ဖိုရမ်အတွင်း တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီဖိုရမ်က မြို့ထဲမှာ ကျင်းပဖို့လုပ်ရာကနေပြီးတော့ ရွှေ့လိုက်တယ်လို့ သိရတယ်၊ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးပါလား။ “အစပိုင်းမှာ မြို့ထဲမှာရှိတဲ့ ဟိုတယ်မှာ လုပ်မလို့ပါ။  ထိုင်းအစိုးရကလည်း ဒါကို သူတို့ ပံ့ပိုးကူညီပြီး ငွေးကြေးအရ ကူညီမှုရှိမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုမျိုး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေလုပ်တဲ့ အစီစဉ်တွေ တက်ရောက်လာတဲ့သူတွေကို ထိုင်းအစိုးရက ဘယ်သူတွေ တက်လဲ ဆိုတာကို သိချင်တယ်တို့၊ နောက်တခါ အစီအစဉ်မှာ ဝင်ရောက်စွက်ဖက်တဲ့ဟာ များတဲ့အတွက် ဒီကိစ္စဟာ အစိုးရနဲ့သက်ဆိုင်တဲ့ပွဲ မဟုတ်ဘူး။ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ပွဲ ဖြစ်တဲ့အတွက် ကျနော်တို့ ဒါကို လက်မခံဘူး။ လက်မခံတဲ့အနေနဲ့ ကျနော်တို့က သူတို့ပေးတဲ့ငွေနဲ့ ကျနော်တို့ မယူတော့ဘဲနဲ့ သူတို့ စီစဉ်တဲ့နေရာမှာ မကျင်းပဘဲ အခုလိုမျိုး မြို့ပြင်မှာ လုပ်တာ ဖြစ်ပါတယ်။ သူတို့ကတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘော ရှိတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ နေရာမျိုးမှာ သူတို့က ဝင်ရောက်ပြီးတော့ ခြယ်လှယ်မှုတွေ၊ ကန့်သတ်မှုတွေ လုပ်လာတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး အရပ်ဘက်အဖွဲ့အစည်းတွေ သီးသန့်ဖော်ဆောင်တဲ့ နေရာတခုကို ကျနော်တို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ” အဓိကအားဖြင့် ငွေကြေးဖြတ်တာလို့လည်း ကျနော်တို့ ကြားတယ်။ အဲဒီတော့ အရေးပေါ်ငွေကြေးတွေ လိုက်ပြီးအကူအညီတောင်းပြီးတော့ မရမက လုပ်လိုက်တယ်လို့ သိရပါတယ်။  အဲဒါတွေ ပြောပြပေးပါလား။ “သူတို့ ဖြတ်တာ မဟုတ်ပါဘူး။ ကျနော်တို့က လက်မခံတော့တာ။ ငွေထောက်ပံ့တယ်ဆို ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းရဲ့ကိစ္စတွေ ဝင်ရောက်စီမံခန့်ခွဲတာတွေ မဖြစ်သင့်ဘူး။ ဒီအာဆီယံ people forum ဆိုတာ အာဆီယံမှာရှိတဲ့ ပြည်သူတွေက အဓိက ဦးဆောင်လုပ်ပြီးတော့ အစိုးရက ပံ့ပို့ပေးတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အခုနလိုမျိုး ငွေကြေးပေးမယ်၊ အစီစဉ်တွေ တက်ရောက်တဲ့လူတွေကို ကန့်သတ်မှုတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်တဲ့အတွက် ကျနော်တို့က လက်မခံတာပါ။ နောက်ဆုံးမိနစ် ဖြစ်တဲ့အတွက် အစိုးရက ပေးထားမယ့်ငွေကို ကျနော်တို့ ပြန်အပ်လိုက်တဲ့အခါမှာ ငွေကြေးအခက်အခဲတော့ အများကြီးရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ တချို့သော သံရုံးတွေ ဖိုင်းနင်းအင်ဂျင်စီတွေကို နောက်ဆုံးမိနစ်မှာ အသည်းအသန် ကျနော်တို့ ပြန်ပြီးတော့ တောင်းရတယ်။ အဲဒီတော့ ဖြစ်တဲ့နေရာမှာ ရသလောက် ကျနော်တို့ ပြန်ပြီးတော့ လုပ်နိုင်တာဟာ ဒီပွဲလေးရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။” အရင်တုန်းကတော့ ထိုင်းအစိုးရက စစ်အစိုးရပေါ့၊ အခုကတော့ ရွေးကောက်ခံ အစိုးရ ဖြစ်လာရက်နဲ့ ဘာကြောင့်မို့လို့ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်တဲ့ပွဲတွေကို အားမပေးတဲ့အပြင်ကို အဆင်မပြေအောင် အခုလိုမျိုး လုပ်တာ ဘာကြောင့်လို့ ထင်လဲ။ “ကျနော်တို့က ပထမဆုံး ထိုင်းနိုင်ငံက အရင်တုန်းကလိုပဲ ဒီမိုကရေစီပွင့်လင်းပြီးတော့ ဒီပွဲကို တကယ့်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းအခန်းကဏ္ဍ လွတ်လွတ်လပ်လပ် ပြောနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဖြစ်တာက ဘယ်လိုလဲဆိုရင်တော့ ဝန်ကြီးချုပ်ကိုယ်တိုင်က သူ့မှာ National sicurity လို့ခေါ်တဲ့ အမျိုးသားလုံခြုံရေးကိစ္စကို သူတို့ စိုးရိမ်တယ်။ ဒါ့ကြောင့်မို့လို့ တချို့ကိစ္စတွေ တချို့သောသူ တက်ရောက်ဖို့အတွက် သူတို့မှာ စိုးရိမ်ပူပန်မှု National sicurity  ဆိုတဲ့ အမြင်ဘက်ကနေ သူတို့ ကန့်သတ်တာရှိပါတယ်။ အမှန်တော့ ဒီပွဲလေးဟာ ထိုင်းနိုင်ငံတခုတည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံတခုတည်း မဟုတ်ပါဘူး။ အာဆီယံမှာ ဖြစ်နေတဲ့ကိစ္စတွေကို ဖော်ဆောင်ဆွေးနွေးပြီးတော့ အာဆီယံအစိုးရတွေကို ပိုမိုကောင်းမွန်တဲ့ လူ့အခွင့်အရေးကိစ္စ၊ အခြားသောကဏ္ဍတွေ ပေါ်ပေါက်လာလို့ တိုက်တွန်းမယ့်ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုန ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဦးစားပေးပြီးတော့ ကန့်သတ်မှုတွေ ရှိလာတယ်လို့ ကျနော်တို့ ဒါ တွက်ဆမိပါတယ်။ ထိုင်းနိုင်ငံ တနိုင်ငံတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ အာဆီယံဒေသလုံးမှာ ရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံအပြင် မကြာမီမှာ အဖွဲ့ဝင်နိုင်ငံဖြစ်မယ့် တီမောနိုင်ငံ အပါအဝင် ရှိနေတဲ့ ပြည်သူတွေရဲ့အသံ၊ ဆန္ဒ၊ သူတို့ရဲ့ တိုက်တွန်းချက်တွေကို ဖော်ဆောင်မယ့်ပွဲပဲ ဖြစ်ပါတယ်။” အခုလိုမျိုး နောက်ဆုံးမိနစ်မှာ ရွှေ့ပြောင်းလိုက်ရတဲ့အတွက်ကြောင့် မြန်မာပြည်က အစ်ကိုတို့လို အရပ်ဘက်အဖွဲ့အစည်းတွေက တက်ရောက်မယ့်လူတွေအတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံခဲ့ရလဲ။ “ကျနော်တို့ နေထိုင်သွားလာမှု တော်တော်ကြီးကို အဆင်မပြေတာ ဖြစ်တယ်။ အရင်က မြို့ထဲမှာ စီစဉ်ထားတယ်။ အဲဒါကြောင့် ဒီကို ပြောင်းတဲ့အခါ နေရာသစ်ရှာရတဲ့အပြင် အရင်တုန်းက ပေးထားတဲ့ စပေါ်တွေ ဆုံးရှုံးတာလည်း ရှိတယ်။ အရင်တုန်းကဆိုရင် အလုပ်ရုံ ဆွေးနွေးပွဲတွေက သုံးဆယ်ကျော် ရှိပါတယ်။ အခုက အခြေအနေရ လျှော့လိုက်ရတယ်။ တချို့ workshop ၃ ခုလောက်ကို ပေါင်းလိုက်ရတဲ့အခါမှာ တချို့ issue တွေက အရင်တုန်းကလို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည့်ပြည့်ဝဝ ဆွေးနွေးနိုင်မယ့် အနေအထားမျိုး သိပ်မရှိတော့ဘဲနဲ့ ချုံ့ပြီး လုပ်ဆောင်ရတဲ့ကိစ္စမျိုး ဖြစ်ပါတယ်။ နေရာအနေအထားကိုက အခန်းတွေဖွဲ့လို့ရတဲ့ အနေအထားမျိုး မရှိဘူး။ အဲဒီတော့ အစီအစဉ်ချုံ့တာတွေ၊ မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှု ပိုမိုများသွားတာတွေ အဓိကကြုံတွေ့ရတဲ့ အခက်အခဲပါပဲ။” ဒီနေ့မှာ ကိုအောင်မျိုးမင်းကိုယ်တိုင်အနေနဲ့ ဆွေးနွေးဖို့ မရှိသေးဘူးလို့ သိရတယ်။ နောက်နေ့မှာ အစ်ကို့အနေနဲ့ အဓိက ဘာဆွေးနွေးဖို့ ပြင်ထားလဲ။ “အခု အစီအစဉ် ချုံ့လိုက်တဲ့အတွက် ကျနော်က အစီအစဉ်နှစ်ခုပဲ ရှိပါတော့တယ်။ တခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်းနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများရဲ့ အခြေအနေတွေ တင်ပြတဲ့ workshop တခုရယ်၊ LGBT လို့ ခေါ်တဲ့ လိင်စိတ်ကွဲပြားသူများရဲ့ အခြေအနေ၊ ဒေသတွင်းမှာ သူတို့ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ နှစ်ခုပဲ ကျန်ပါတော့တယ်။ ကျန်တဲ့ workshop တွေလည်း အများကြီးကနေ ချုံ့လိုက်ရတဲ့အတွက် Speaker ၊ workshop ဆွေးနွေးတဲ့ panel list အကူးအပြောင်းပဲ ရှိပါတယ်။” အစ်ကို့အနေနဲ့ အဓိက တခုပဲ ဆွေးနွေးရမယ်ဆိုတော့ အဲဒီ section မှာရော မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမက်ဆေ့ချ် အဓိက ပေးချင်တာလဲ၊ သတင်းစကား ပါးချင်တာလဲ။ “ကျနော်ကတော့ အာဆီယံဒေသတခုလုံးမှာရှိတဲ့ကိစ္စ လွှမ်းခြုံပြောရမှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာ မကြာခင်က ဖြစ်ခဲ့တဲ့ ငြိမ်းစုစီကြောင့် အဖမ်းခံထိတဲ့ ကိစ္စတွေ၊ ဆက်သွယ်ရေးဥပဒေနဲ့ အဖမ်းခံထိတဲ့သူတွေရဲ့ စာရင်းတွေအပြင် အာဆီယံဒေသတွင်းမှာလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ပတ်သက်ပြီး အန္တရာယ်နဲ့ ဆက်လက်ကြုံတွေ့နေရတယ်။ အာဆီယံဒေသတွင်းမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ကာကွယ်နိုင်မယ့် ဥပဒေစိုးမိုးမှုတွေ၊ တရားဥပဒေ အားနည်းနေတဲ့ အချက်တွေကို အဓိကထားပြီး ပြောမှာ ဖြစ်ပါတယ်။” မြန်မာပြည်က LGBT လှုပ်ရှားတဲ့သူတွေအတွက်ရော ဘယ်လိုမျိုးကိစ္စတွေ ထည့်သွင်း‌ဆွေးနွေးကြဖို့ ရှိလဲ။ “LGBT ကတော့ အာဆီယံဒေသအတွင်းမှာ လက်ခံတဲ့နိုင်ငံတွေ ရှိသလို လက်မခံတဲ့ နိုင်ငံတွေလည်း အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် ပုဒ်မ ၃၇၇ လို့ ခေါ်တဲ့ ရာဇသတ်ကြီး ပုဒ်မအရ LGBT တွေကို ဓမ္မတာနှင့်ဆန့်ကျင်သော အပြုအမူဆိုတဲ့ သတ်မှတ်ချက်တွေက မြန်မာနိုင်ငံအပြင် မလေးရှား၊ စင်ကာပူ၊ ဘူရူနိုင်း စတဲ့နိုင်ငံတွေမှာ ဆက်လက်ရှိနေတုန်းပဲ။ မြန်မာနိုင်ငံမှာ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသလို အာဆီယံမှာ ကျန်တဲ့နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ကိစ္စ။ နောက်တခုက LGBT တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေက ထိုင်းနိုင်ငံလို နေရာမျိုးမှာလည်း ရှိနေတယ်လို့ ကျနော်တို့ ပြင်ဆင်ချက်မှာ တွေ့ရတယ်။ အဲဒီအချက်တွေကို ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲနိုင်မလဲ၊ အထူးသဖြင့် အာဆီယံမှာရှိတဲ့ လူ့အခွင့်အရေးယန္တရားထဲမှာ LGBT ‌တွေကို အထူးကာကွယ်ပေးတဲ့ အချက်တွေ၊ အထူးကာကွယ်စောင့်ရှောက်ပေးတဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့အတွက် အာဆီယံအစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။” အကျဉ်းချုံးပြီး ကျင်းပလိုက်ရတဲ့ ဒီဖိုရမ်ကနေပြီးတော့ မြန်မာပြည်သူလူထုတွေရော၊ အာဆီယံ ပြည်သူလူထုတွေအတွက်ရော ဘာအကျိုးရလဒ် ရှိမယ်လို့ ထင်လဲ။ “ဒီနှစ်ကတော့ ထူးထူးခြားခြား အစိုးရနဲ့ အဆင်ပြေပြီးမှ နောက်ဆုံးမိနစ်အချိန်မှာ ပြောင်းလိုက်ရတယ်။ ကသီလင်တ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီနှစ်ပွဲက အာဆီယံမှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ CSO တွေ အစစ်အမှန်၊ People Organisation တွေ အစစ်အမှန်တွေ စုဝေးပြီးတော့ တကယ့်အသံ ထုတ်ဖော်တဲ့ပွဲ ဖြစ်ပါတယ်။ အစိုးရကနေ စပွန်ဆာပေးပြီးတော့ အစိုးရ အလိုကျ ပြောမယ့်ပွဲမျိုး မဟုတ်တာကို ကျနော်တို့ ဂုဏ်ယူပါတယ်။ အဲဒါကတော့ အာဆီယံ people forum ရဲ့ ရည်မှန်းချက်လည်း ဖြစ်သလို စောင့်ထိန်းရမယ့် ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ အခက်အခဲ ဘယ်လိုရှိရှိ အာဆီယံမှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဖြစ်အောင် လုပ်နိုင်တယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်း အသံကို ဖော်ဆောင်နိုင်တယ်။ အဲဒီအသ့တွေကို အာဆီယံအစိုးရတွေအားလုံး လေးစားလိုက်နာအောင် အတတ်နိုင်ဆုံး ဆက်လက်လုပ်ဆောင်သွားပါမယ်။ အာဆီယံအစိုးရထဲမှာလည်း မြန်မာအစိုးရ ပါဝင်တဲ့အတွက် အခုလို ဒေသအတွင်းမှာ ပြောကြားချက်တွေကလည်း မြန်မာနိုင်ငံအစိုးရ လက်ရှိလုပ်ဆောင်နေတဲ့ အစိုးရပေါ်လစီတွေ၊ အစိုးရရဲ့ လုပ်ဆောင်မှုအပိုင်းမှာလည်း သွားရောက်သက်ရောက်မှု ရှိနိုင်တဲ့အတွက် မြန်မာနိုင်ငံအရေးလည်း လုပ်ဆောင်ရာကျသလို အာဆီယံအရေးကိုလည်း ပိုမိုအားကောင်းအောင် လုပ်ဆောင်တဲ့အရာ ဖြစ်ပါတယ်လို့ အသိပေးချင်ပါတယ်။” ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ထိုင္းအစိုးရ ကန႔္သတ္မႈေတြ၊ ဝင္စြက္ဖက္မႈေတြ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ လက္မခံတာပါ - ဦးေအာင္မ်ိဳးမင္း ၂၀၁၉ ခုႏွစ္ အာဆီယံအရပ္ဘက္အဖြဲ႕အစည္းမ်ားညီလာခံ-လူထုဖိုရမ္ (ACSC/APF) ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ စက္တင္ဘာ ၁၀ ရက္ကေန  ၁၂ ရက္အထိ က်င္းပေနပါတယ္။ ဒီဖိုရမ္ကို အေစာပိုင္းက ဘန္ေကာက္ၿမိဳ႕လယ္မွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ အစိုးရရဲ႕ ကန႔္သတ္မႈေတြေၾကာင့္ ၿမိဳ႕ျပင္ကို ေျပာင္း‌ေ႐ႊ႕ျပဳလုပ္ခဲ့ရပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ညီမွ်ျခင္းျမန္မာ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကို  ကိုပီတာေအာင္က ဖိုရမ္အတြင္း ေတြ႕ဆုံေမးျမန္းထားပါတယ္။ ဒီဖိုရမ္က ၿမိဳ႕ထဲမွာ က်င္းပဖို႔လုပ္ရာကေနၿပီးေတာ့ ေ႐ႊ႕လိုက္တယ္လို႔ သိရတယ္၊ အဲဒီအေၾကာင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ ရွင္းျပေပးပါလား။ “အစပိုင္းမွာ ၿမိဳ႕ထဲမွာရွိတဲ့ ဟိုတယ္မွာ လုပ္မလို႔ပါ။  ထိုင္းအစိုးရကလည္း ဒါကို သူတို႔ ပံ့ပိုးကူညီၿပီး ေငြးေၾကးအရ ကူညီမႈရွိမယ္လို႔ ေျပာထားတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ဒီလိုမ်ိဳး အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြလုပ္တဲ့ အစီစဥ္ေတြ တက္ေရာက္လာတဲ့သူေတြကို ထိုင္းအစိုးရက ဘယ္သူေတြ တက္လဲ ဆိုတာကို သိခ်င္တယ္တို႔၊ ေနာက္တခါ အစီအစဥ္မွာ ဝင္ေရာက္စြက္ဖက္တဲ့ဟာ မ်ားတဲ့အတြက္ ဒီကိစၥဟာ အစိုးရနဲ႔သက္ဆိုင္တဲ့ပြဲ မဟုတ္ဘူး။ အရပ္ဘက္လူမႈအဖြဲ႕အစည္းနဲ႔ သက္ဆိုင္တဲ့ပြဲ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ဒါကို လက္မခံဘူး။ လက္မခံတဲ့အေနနဲ႔ က်ေနာ္တို႔က သူတို႔ေပးတဲ့ေငြနဲ႔ က်ေနာ္တို႔ မယူေတာ့ဘဲနဲ႔ သူတို႔ စီစဥ္တဲ့ေနရာမွာ မက်င္းပဘဲ အခုလိုမ်ိဳး ၿမိဳ႕ျပင္မွာ လုပ္တာ ျဖစ္ပါတယ္။ သူတို႔ကေတာ့ ပူးေပါင္းေဆာင္႐ြက္မယ္ဆိုတဲ့သေဘာ ရွိတယ္။ ဒါေပမဲ့ ပူးေပါင္းေဆာင္႐ြက္မယ္ဆိုတဲ့ ေနရာမ်ိဳးမွာ သူတို႔က ဝင္ေရာက္ၿပီးေတာ့ ျခယ္လွယ္မႈေတြ၊ ကန႔္သတ္မႈေတြ လုပ္လာတဲ့အတြက္ေၾကာင့္မို႔လို႔ အခုလိုမ်ိဳး အရပ္ဘက္အဖြဲ႕အစည္းေတြ သီးသန႔္ေဖာ္ေဆာင္တဲ့ ေနရာတခုကို က်ေနာ္တို႔ စီစဥ္လိုက္တာ ျဖစ္ပါတယ္။ ” အဓိကအားျဖင့္ ေငြေၾကးျဖတ္တာလို႔လည္း က်ေနာ္တို႔ ၾကားတယ္။ အဲဒီေတာ့ အေရးေပၚေငြေၾကးေတြ လိုက္ၿပီးအကူအညီေတာင္းၿပီးေတာ့ မရမက လုပ္လိုက္တယ္လို႔ သိရပါတယ္။  အဲဒါေတြ ေျပာျပေပးပါလား။ “သူတို႔ ျဖတ္တာ မဟုတ္ပါဘူး။ က်ေနာ္တို႔က လက္မခံေတာ့တာ။ ေငြေထာက္ပံ့တယ္ဆို ၿပီးေတာ့ အရပ္ဘက္အဖြဲ႕အစည္းရဲ႕ကိစၥေတြ ဝင္ေရာက္စီမံခန႔္ခြဲတာေတြ မျဖစ္သင့္ဘူး။ ဒီအာဆီယံ people forum ဆိုတာ အာဆီယံမွာရွိတဲ့ ျပည္သူေတြက အဓိက ဦးေဆာင္လုပ္ၿပီးေတာ့ အစိုးရက ပံ့ပို႔ေပးတဲ့သေဘာမ်ိဳးပဲ။ ဒါေပမဲ့ အခုနလိုမ်ိဳး ေငြေၾကးေပးမယ္၊ အစီစဥ္ေတြ တက္ေရာက္တဲ့လူေတြကို ကန႔္သတ္မႈေတြ၊ ဝင္ေရာက္စြက္ဖက္မႈေတြ ျဖစ္တဲ့အတြက္ က်ေနာ္တို႔က လက္မခံတာပါ။ ေနာက္ဆုံးမိနစ္ ျဖစ္တဲ့အတြက္ အစိုးရက ေပးထားမယ့္ေငြကို က်ေနာ္တို႔ ျပန္အပ္လိုက္တဲ့အခါမွာ ေငြေၾကးအခက္အခဲေတာ့ အမ်ားႀကီးရွိပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ဒီမွာရွိတဲ့ တခ်ိဳ႕ေသာ သံ႐ုံးေတြ ဖိုင္းနင္းအင္ဂ်င္စီေတြကို ေနာက္ဆုံးမိနစ္မွာ အသည္းအသန္ က်ေနာ္တို႔ ျပန္ၿပီးေတာ့ ေတာင္းရတယ္။ အဲဒီေတာ့ ျဖစ္တဲ့ေနရာမွာ ရသေလာက္ က်ေနာ္တို႔ ျပန္ၿပီးေတာ့ လုပ္ႏိုင္တာဟာ ဒီပြဲေလးရဲ႕ အႏွစ္သာရပဲ ျဖစ္ပါတယ္။” အရင္တုန္းကေတာ့ ထိုင္းအစိုးရက စစ္အစိုးရေပါ့၊ အခုကေတာ့ ေ႐ြးေကာက္ခံ အစိုးရ ျဖစ္လာရက္နဲ႔ ဘာေၾကာင့္မို႔လို႔ အရပ္ဘက္အဖြဲ႕အစည္းေတြ လုပ္တဲ့ပြဲေတြကို အားမေပးတဲ့အျပင္ကို အဆင္မေျပေအာင္ အခုလိုမ်ိဳး လုပ္တာ ဘာေၾကာင့္လို႔ ထင္လဲ။ “က်ေနာ္တို႔က ပထမဆုံး ထိုင္းႏိုင္ငံက အရင္တုန္းကလိုပဲ ဒီမိုကေရစီပြင့္လင္းၿပီးေတာ့ ဒီပြဲကို တကယ့္ကို အရပ္ဘက္လူမႈအဖြဲ႕အစည္းအခန္းက႑ လြတ္လြတ္လပ္လပ္ ေျပာႏိုင္မယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ျဖစ္တာက ဘယ္လိုလဲဆိုရင္ေတာ့ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္က သူ႔မွာ National sicurity လို႔ေခၚတဲ့ အမ်ိဳးသားလုံၿခဳံေရးကိစၥကို သူတို႔ စိုးရိမ္တယ္။ ဒါ့ေၾကာင့္မို႔လို႔ တခ်ိဳ႕ကိစၥေတြ တခ်ိဳ႕ေသာသူ တက္ေရာက္ဖို႔အတြက္ သူတို႔မွာ စိုးရိမ္ပူပန္မႈ National sicurity  ဆိုတဲ့ အျမင္ဘက္ကေန သူတို႔ ကန႔္သတ္တာရွိပါတယ္။ အမွန္ေတာ့ ဒီပြဲေလးဟာ ထိုင္းႏိုင္ငံတခုတည္း မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံတခုတည္း မဟုတ္ပါဘူး။ အာဆီယံမွာ ျဖစ္ေနတဲ့ကိစၥေတြကို ေဖာ္ေဆာင္ေဆြးေႏြးၿပီးေတာ့ အာဆီယံအစိုးရေတြကို ပိုမိုေကာင္းမြန္တဲ့ လူ႔အခြင့္အေရးကိစၥ၊ အျခားေသာက႑ေတြ ေပၚေပါက္လာလို႔ တိုက္တြန္းမယ့္ပြဲ ျဖစ္ပါတယ္။ ဒါေပမဲ့ အခုန ထိုင္းႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို ဦးစားေပးၿပီးေတာ့ ကန႔္သတ္မႈေတြ ရွိလာတယ္လို႔ က်ေနာ္တို႔ ဒါ တြက္ဆမိပါတယ္။ ထိုင္းႏိုင္ငံ တႏိုင္ငံတည္းနဲ႔ သက္ဆိုင္တဲ့ကိစၥ မဟုတ္ပါဘူး။ အာဆီယံေဒသလုံးမွာ ရွိတဲ့ ႏိုင္ငံ ၁၀ ႏိုင္ငံအျပင္ မၾကာမီမွာ အဖြဲ႕ဝင္ႏိုင္ငံျဖစ္မယ့္ တီေမာႏိုင္ငံ အပါအဝင္ ရွိေနတဲ့ ျပည္သူေတြရဲ႕အသံ၊ ဆႏၵ၊ သူတို႔ရဲ႕ တိုက္တြန္းခ်က္ေတြကို ေဖာ္ေဆာင္မယ့္ပြဲပဲ ျဖစ္ပါတယ္။” အခုလိုမ်ိဳး ေနာက္ဆုံးမိနစ္မွာ ေ႐ႊ႕ေျပာင္းလိုက္ရတဲ့အတြက္ေၾကာင့္ ျမန္မာျပည္က အစ္ကိုတို႔လို အရပ္ဘက္အဖြဲ႕အစည္းေတြက တက္ေရာက္မယ့္လူေတြအတြက္ ဘယ္လိုမ်ိဳး အခက္အခဲေတြ ႀကဳံခဲ့ရလဲ။ “က်ေနာ္တို႔ ေနထိုင္သြားလာမႈ ေတာ္ေတာ္ႀကီးကို အဆင္မေျပတာ ျဖစ္တယ္။ အရင္က ၿမိဳ႕ထဲမွာ စီစဥ္ထားတယ္။ အဲဒါေၾကာင့္ ဒီကို ေျပာင္းတဲ့အခါ ေနရာသစ္ရွာရတဲ့အျပင္ အရင္တုန္းက ေပးထားတဲ့ စေပၚေတြ ဆုံးရႈံးတာလည္း ရွိတယ္။ အရင္တုန္းကဆိုရင္ အလုပ္႐ုံ ေဆြးေႏြးပြဲေတြက သုံးဆယ္ေက်ာ္ ရွိပါတယ္။ အခုက အေျခအေနရ ေလွ်ာ့လိုက္ရတယ္။ တခ်ိဳ႕ workshop ၃ ခုေလာက္ကို ေပါင္းလိုက္ရတဲ့အခါမွာ တခ်ိဳ႕ issue ေတြက အရင္တုန္းကလို က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ ျပည့္ျပည့္ဝဝ ေဆြးေႏြးႏိုင္မယ့္ အေနအထားမ်ိဳး သိပ္မရွိေတာ့ဘဲနဲ႔ ခ်ဳံ႔ၿပီး လုပ္ေဆာင္ရတဲ့ကိစၥမ်ိဳး ျဖစ္ပါတယ္။ ေနရာအေနအထားကိုက အခန္းေတြဖြဲ႕လို႔ရတဲ့ အေနအထားမ်ိဳး မရွိဘူး။ အဲဒီေတာ့ အစီအစဥ္ခ်ဳံ႔တာေတြ၊ မလိုလားအပ္ဘဲ ေငြေၾကးကုန္က်မႈ ပိုမိုမ်ားသြားတာေတြ အဓိကႀကဳံေတြ႕ရတဲ့ အခက္အခဲပါပဲ။” ဒီေန႔မွာ ကိုေအာင္မ်ိဳးမင္းကိုယ္တိုင္အေနနဲ႔ ေဆြးေႏြးဖို႔ မရွိေသးဘူးလို႔ သိရတယ္။ ေနာက္ေန႔မွာ အစ္ကို႔အေနနဲ႔ အဓိက ဘာေဆြးေႏြးဖို႔ ျပင္ထားလဲ။ “အခု အစီအစဥ္ ခ်ဳံ႔လိုက္တဲ့အတြက္ က်ေနာ္က အစီအစဥ္ႏွစ္ခုပဲ ရွိပါေတာ့တယ္။ တခုက လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အေၾကာင္းနဲ႔ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားရဲ႕ အေျခအေနေတြ တင္ျပတဲ့ workshop တခုရယ္၊ LGBT လို႔ ေခၚတဲ့ လိင္စိတ္ကြဲျပားသူမ်ားရဲ႕ အေျခအေန၊ ေဒသတြင္းမွာ သူတို႔ရဲ႕ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ႏွစ္ခုပဲ က်န္ပါေတာ့တယ္။ က်န္တဲ့ workshop ေတြလည္း အမ်ားႀကီးကေန ခ်ဳံ႔လိုက္ရတဲ့အတြက္ Speaker ၊ workshop ေဆြးေႏြးတဲ့ panel list အကူးအေျပာင္းပဲ ရွိပါတယ္။” အစ္ကို႔အေနနဲ႔ အဓိက တခုပဲ ေဆြးေႏြးရမယ္ဆိုေတာ့ အဲဒီ section မွာေရာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုမက္ေဆ့ခ်္ အဓိက ေပးခ်င္တာလဲ၊ သတင္းစကား ပါးခ်င္တာလဲ။ “က်ေနာ္ကေတာ့ အာဆီယံေဒသတခုလုံးမွာရွိတဲ့ကိစၥ လႊမ္းၿခဳံေျပာရမွာပါ။ ဒါေပမဲ့ ျမန္မာျပည္မွာ မၾကာခင္က ျဖစ္ခဲ့တဲ့ ၿငိမ္းစုစီေၾကာင့္ အဖမ္းခံထိတဲ့ ကိစၥေတြ၊ ဆက္သြယ္ေရးဥပေဒနဲ႔ အဖမ္းခံထိတဲ့သူေတြရဲ႕ စာရင္းေတြအျပင္ အာဆီယံေဒသတြင္းမွာလည္း လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြနဲ႔ပတ္သက္ၿပီး အႏၲရာယ္နဲ႔ ဆက္လက္ႀကဳံေတြ႕ေနရတယ္။ အာဆီယံေဒသတြင္းမွာ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြကို ကာကြယ္ႏိုင္မယ့္ ဥပေဒစိုးမိုးမႈေတြ၊ တရားဥပေဒ အားနည္းေနတဲ့ အခ်က္ေတြကို အဓိကထားၿပီး ေျပာမွာ ျဖစ္ပါတယ္။” ျမန္မာျပည္က LGBT လႈပ္ရွားတဲ့သူေတြအတြက္ေရာ ဘယ္လိုမ်ိဳးကိစၥေတြ ထည့္သြင္း‌ေဆြးေႏြးၾကဖို႔ ရွိလဲ။ “LGBT ကေတာ့ အာဆီယံေဒသအတြင္းမွာ လက္ခံတဲ့ႏိုင္ငံေတြ ရွိသလို လက္မခံတဲ့ ႏိုင္ငံေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ အထူးသျဖင့္ ပုဒ္မ ၃၇၇ လို႔ ေခၚတဲ့ ရာဇသတ္ႀကီး ပုဒ္မအရ LGBT ေတြကို ဓမၼတာႏွင့္ဆန႔္က်င္ေသာ အျပဳအမူဆိုတဲ့ သတ္မွတ္ခ်က္ေတြက ျမန္မာႏိုင္ငံအျပင္ မေလးရွား၊ စင္ကာပူ၊ ဘူ႐ူႏိုင္း စတဲ့ႏိုင္ငံေတြမွာ ဆက္လက္ရွိေနတုန္းပဲ။ ျမန္မာႏိုင္ငံမွာ ဒါကို ျပဳျပင္ေျပာင္းလဲဖို႔ ႀကိဳးစားေနသလို အာဆီယံမွာ က်န္တဲ့ႏိုင္ငံေတြနဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ကိစၥ။ ေနာက္တခုက LGBT ေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ၊ အၾကမ္းဖက္မႈေတြက ထိုင္းႏိုင္ငံလို ေနရာမ်ိဳးမွာလည္း ရွိေနတယ္လို႔ က်ေနာ္တို႔ ျပင္ဆင္ခ်က္မွာ ေတြ႕ရတယ္။ အဲဒီအခ်က္ေတြကို ဘယ္လိုမ်ိဳး ျပဳျပင္ေျပာင္းလဲႏိုင္မလဲ၊ အထူးသျဖင့္ အာဆီယံမွာရွိတဲ့ လူ႔အခြင့္အေရးယႏၲရားထဲမွာ LGBT ‌ေတြကို အထူးကာကြယ္ေပးတဲ့ အခ်က္ေတြ၊ အထူးကာကြယ္ေစာင့္ေရွာက္ေပးတဲ့ လုပ္ငန္းစဥ္ေတြ ေဖာ္ေဆာင္ဖို႔အတြက္ အာဆီယံအစိုးရကို တိုက္တြန္းသြားမွာ ျဖစ္ပါတယ္။” အက်ဥ္းခ်ဳံးၿပီး က်င္းပလိုက္ရတဲ့ ဒီဖိုရမ္ကေနၿပီးေတာ့ ျမန္မာျပည္သူလူထုေတြေရာ၊ အာဆီယံ ျပည္သူလူထုေတြအတြက္ေရာ ဘာအက်ိဳးရလဒ္ ရွိမယ္လို႔ ထင္လဲ။ “ဒီႏွစ္ကေတာ့ ထူးထူးျခားျခား အစိုးရနဲ႔ အဆင္ေျပၿပီးမွ ေနာက္ဆုံးမိနစ္အခ်ိန္မွာ ေျပာင္းလိုက္ရတယ္။ ကသီလင္တ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ဒီႏွစ္ပြဲက အာဆီယံမွာရွိတဲ့ အရပ္ဘက္ လူမႈအဖြဲ႕အစည္း၊ CSO ေတြ အစစ္အမွန္၊ People Organisation ေတြ အစစ္အမွန္ေတြ စုေဝးၿပီးေတာ့ တကယ့္အသံ ထုတ္ေဖာ္တဲ့ပြဲ ျဖစ္ပါတယ္။ အစိုးရကေန စပြန္ဆာေပးၿပီးေတာ့ အစိုးရ အလိုက် ေျပာမယ့္ပြဲမ်ိဳး မဟုတ္တာကို က်ေနာ္တို႔ ဂုဏ္ယူပါတယ္။ အဲဒါကေတာ့ အာဆီယံ people forum ရဲ႕ ရည္မွန္းခ်က္လည္း ျဖစ္သလို ေစာင့္ထိန္းရမယ့္ ဂုဏ္သိကၡာလည္း ျဖစ္ပါတယ္။ အခက္အခဲ ဘယ္လိုရွိရွိ အာဆီယံမွာရွိတဲ့ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြက ျဖစ္ေအာင္ လုပ္ႏိုင္တယ္။ အရပ္ဘက္လူမႈအဖြဲ႕အစည္း အသံကို ေဖာ္ေဆာင္ႏိုင္တယ္။ အဲဒီအသ့ေတြကို အာဆီယံအစိုးရေတြအားလုံး ေလးစားလိုက္နာေအာင္ အတတ္ႏိုင္ဆုံး ဆက္လက္လုပ္ေဆာင္သြားပါမယ္။ အာဆီယံအစိုးရထဲမွာလည္း ျမန္မာအစိုးရ ပါဝင္တဲ့အတြက္ အခုလို ေဒသအတြင္းမွာ ေျပာၾကားခ်က္ေတြကလည္း ျမန္မာႏိုင္ငံအစိုးရ လက္ရွိလုပ္ေဆာင္ေနတဲ့ အစိုးရေပၚလစီေတြ၊ အစိုးရရဲ႕ လုပ္ေဆာင္မႈအပိုင္းမွာလည္း သြားေရာက္သက္ေရာက္မႈ ရွိႏိုင္တဲ့အတြက္ ျမန္မာႏိုင္ငံအေရးလည္း လုပ္ေဆာင္ရာက်သလို အာဆီယံအေရးကိုလည္း ပိုမိုအားေကာင္းေအာင္ လုပ္ေဆာင္တဲ့အရာ ျဖစ္ပါတယ္လို႔ အသိေပးခ်င္ပါတယ္။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024