အတုအယောင် သတင်းစာမျက်နှာများကို အရေးယူရန် အစိုးရနှင့်လွှတ်တော်တွင် တာဝန်ရှိဟုဆို

သတင်းခိုးတဲ့ အတုအယောင် သတင်းစာမျက်နှာတွေကို အရေးယူဖို့ အစိုးရနဲ့လွှတ်တော်မှာ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ တာဝန်ရှိသူက သုံးသပ်လိုက်ပါတယ်။
တရားဝင်သတင်းဌာနတွေဆီက သတင်းတွေကို ခိုးယူဖော်ပြနေတဲ့ အတုအယောင် သတင်းစာမျက်နှာ ၃၁ ခုစာရင်းကို သတင်းမီဒီယာကောင်စီက ဇွန်လမှာ ပထမအကြိမ် ထုတ်ပြန်ခဲ့တာပါ။
သြဂုတ်လအတွင်းမှာတော့ နောက်ထပ် အတုအယောင် သတင်းစာမျက်နှာ ၄၈ ခုကို ကောင်စီက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကြောင့် ကျင့်ဝတ်နဲ့မညီတဲ့ နာမည်ပျက် အတုအယောင် သတင်းစာမျက်နှာ ၇၉ ခုအထိ ရှိလာပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေး ရှုပ်ထွေးစေနိုင်တဲ့ အတုအယောင် သတင်းစာမျက်နှာတွေကို အစိုးရက အရေးယူပေးဖို့ လိုအပ်နေပါတယ်။ လွှတ်တော်ကလည်း ဥပဒေကြောင်းအရ ထိရောက်တဲ့ အရေးယူတာတွေ ပြုလုပ်နိုင်ဖို့ ဥပဒေပြဋ္ဌာန်းတာမျိုး၊ ရှိပြီးသား ဥပဒေတွေကို ပြင်ဆင်တာမျိုး ဆောင်ရွက်ပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူ အတွင်းရေးမှူး ဦးဇေယျာလှိုင်က သုံးသပ်ပါတယ်။
“အစိုးရအာဏာပိုင်အဖွဲ့အစည်းအနေနဲ့ လုပ်မယ်ဆိုရင် ပိုပြီးထိရောက်နိုင်ခြေ ရှိပါတယ်။ Facebook page တွေက ခိုးမြဲ ခိုးဆဲ၊ တချို့ဆို ပိုတောင် အသံကျယ်လာသေးတယ်။ ခပ်တည်တည်နဲ့ သူတို့မပါသလိုမျိုး ထပ်ပြီး သတင်းတွေဖြန့်ချိတာပေါ့။ တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးနိုင်တဲ့ ကိစ္စမျိုးက အာဏာပိုင်အစိုးရအဖွဲ့အစည်းမှာပဲ ရှိပါတယ်။ နောက်တခုက ဥပဒေပေါ့။ ဉာဏပစ္စည်း ခိုးတယ်ဆိုတာမျိုးတွေပေါ့။ ဥပဒေပြုလွှတ်တော်က ခေတ်နဲ့လျော်ညီအောင်လို့ ပြင်ဆင်ဖြည့်စွက် အသစ်ရေးဆွဲတာမျိုး လုပ်မယ်ဆိုရင် ပိုပြီး ထိရောက်မယ်လို့ မြင်ပါတယ်။”
အတုအယောင် သတင်းစာမျက်နှာတွေကို Facebook က ဖျက်သိမ်းပေးဖို့ Facebook Team နဲ့ ပူးပေါင်းနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူ အတွင်းရေးမှူး-၂ ဦးမြင့်ကျော်က ပြောပါတယ်။
“သူတို့ပို့ထားတာ တန်းစီနေတာပဲ။ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ၊ ဆဲဗင်းဒေး၊ မြန်မာနောင်း စသဖြင့် တန်းစီပြီး ခိုးနေတာတွေ ရှိတော့။ အဲဒါမျိုးတွေက သာမန် တချို့ အဖွဲ့အစည်းတွေ၊ အခု သတင်းစာအဖွဲ့အစည်း ဖွဲ့တာလည်း ရှိတယ်။ မီဒီယာပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေက စုပြီးဆွဲရင်တော့ ပိုပြီးအားကောင်းလိမ့်မယ်လို့ ကျနော် မြင်တယ်။”
ကျင့်ဝတ်နဲ့ညီတဲ့ တရားဝင် သတင်းမီဒီယာတွေကလည်း အတုအယောင် သတင်းစာမျက်နှာတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
သတင်းမီဒီယာကောင်စီ ဥပဒေအရ အတုအယောင် သတင်းစာမျက်နှာတွေကို ကောင်စီက နာမည်ပျက်စာရင်းသွင်းပြီး ကြေညာရုံသာ အရေးယူနိုင်ပါသေးတယ်။ သတင်းမီဒီယာကောင်စီ ဥပဒေအရ ပြစ်မှုပြစ်ဒဏ်ကလည်း ငွေဒဏ်သာဖြစ်တဲ့အတွက် အတုအယောင် သတင်းမီဒီယာ တွေဟာ ပိုနေမြဲ ကျားနေမြဲ သတင်းခိုး ကူးနေဆဲသာ ဖြစ်ပါတယ်။
အတုအေယာင္ သတင္းစာမ်က္ႏွာမ်ားကို အေရးယူရန္ အစိုးရႏွင့္လႊတ္ေတာ္တြင္ တာဝန္ရွိဟုဆို
ေဇယ်ာခ်မ္းေအး
သတင္းခိုးတဲ့ အတုအေယာင္ သတင္းစာမ်က္ႏွာေတြကို အေရးယူဖို႔ အစိုးရနဲ႔လႊတ္ေတာ္မွာ တာဝန္ရွိတယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာ ေကာင္စီ တာဝန္ရွိသူက သုံးသပ္လိုက္ပါတယ္။
တရားဝင္သတင္းဌာနေတြဆီက သတင္းေတြကို ခိုးယူေဖာ္ျပေနတဲ့ အတုအေယာင္ သတင္းစာမ်က္ႏွာ ၃၁ ခုစာရင္းကို သတင္းမီဒီယာေကာင္စီက ဇြန္လမွာ ပထမအႀကိမ္ ထုတ္ျပန္ခဲ့တာပါ။
ၾသဂုတ္လအတြင္းမွာေတာ့ ေနာက္ထပ္ အတုအေယာင္ သတင္းစာမ်က္ႏွာ ၄၈ ခုကို ေကာင္စီက ထပ္မံထုတ္ျပန္ခဲ့ပါတယ္။ အဲဒါေၾကာင့္ က်င့္ဝတ္နဲ႔မညီတဲ့ နာမည္ပ်က္ အတုအေယာင္ သတင္းစာမ်က္ႏွာ ၇၉ ခုအထိ ရွိလာပါတယ္။
၂၀၂၀ ေ႐ြးေကာက္ပြဲနီးလာတာနဲ႔အမွ် ႏိုင္ငံေရး ရႈပ္ေထြးေစႏိုင္တဲ့ အတုအေယာင္ သတင္းစာမ်က္ႏွာေတြကို အစိုးရက အေရးယူေပးဖို႔ လိုအပ္ေနပါတယ္။ လႊတ္ေတာ္ကလည္း ဥပေဒေၾကာင္းအရ ထိေရာက္တဲ့ အေရးယူတာေတြ ျပဳလုပ္ႏိုင္ဖို႔ ဥပေဒျပ႒ာန္းတာမ်ိဳး၊ ရွိၿပီးသား ဥပေဒေတြကို ျပင္ဆင္တာမ်ိဳး ေဆာင္႐ြက္ေပးဖို႔ လိုတယ္လို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ တာဝန္ရွိသူ အတြင္းေရးမႉး ဦးေဇယ်ာလႈိင္က သုံးသပ္ပါတယ္။
“အစိုးရအာဏာပိုင္အဖြဲ႕အစည္းအေနနဲ႔ လုပ္မယ္ဆိုရင္ ပိုၿပီးထိေရာက္ႏိုင္ေျခ ရွိပါတယ္။ Facebook page ေတြက ခိုးၿမဲ ခိုးဆဲ၊ တခ်ိဳ႕ဆို ပိုေတာင္ အသံက်ယ္လာေသးတယ္။ ခပ္တည္တည္နဲ႔ သူတို႔မပါသလိုမ်ိဳး ထပ္ၿပီး သတင္းေတြျဖန႔္ခ်ိတာေပါ့။ တကယ္တမ္း ပိုင္ပိုင္ႏိုင္ႏိုင္ ေဆြးေႏြးႏိုင္တဲ့ ကိစၥမ်ိဳးက အာဏာပိုင္အစိုးရအဖြဲ႕အစည္းမွာပဲ ရွိပါတယ္။ ေနာက္တခုက ဥပေဒေပါ့။ ဉာဏပစၥည္း ခိုးတယ္ဆိုတာမ်ိဳးေတြေပါ့။ ဥပေဒျပဳလႊတ္ေတာ္က ေခတ္နဲ႔ေလ်ာ္ညီေအာင္လို႔ ျပင္ဆင္ျဖည့္စြက္ အသစ္ေရးဆြဲတာမ်ိဳး လုပ္မယ္ဆိုရင္ ပိုၿပီး ထိေရာက္မယ္လို႔ ျမင္ပါတယ္။”
အတုအေယာင္ သတင္းစာမ်က္ႏွာေတြကို Facebook က ဖ်က္သိမ္းေပးဖို႔ Facebook Team နဲ႔ ပူးေပါင္းႏိုင္ဖို႔လည္း ႀကိဳးစားေနတယ္လို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ တာဝန္ရွိသူ အတြင္းေရးမႉး-၂ ဦးျမင့္ေက်ာ္က ေျပာပါတယ္။
“သူတို႔ပို႔ထားတာ တန္းစီေနတာပဲ။ ဘီဘီစီ၊ ဗြီအိုေအ၊ အာရ္အက္ဖ္ေအ၊ ဒီဗြီဘီ၊ ဆဲဗင္းေဒး၊ ျမန္မာေနာင္း စသျဖင့္ တန္းစီၿပီး ခိုးေနတာေတြ ရွိေတာ့။ အဲဒါမ်ိဳးေတြက သာမန္ တခ်ိဳ႕ အဖြဲ႕အစည္းေတြ၊ အခု သတင္းစာအဖြဲ႕အစည္း ဖြဲ႕တာလည္း ရွိတယ္။ မီဒီယာပိုင္းဆိုင္ရာ အဖြဲ႕အစည္းေတြက စုၿပီးဆြဲရင္ေတာ့ ပိုၿပီးအားေကာင္းလိမ့္မယ္လို႔ က်ေနာ္ ျမင္တယ္။”
က်င့္ဝတ္နဲ႔ညီတဲ့ တရားဝင္ သတင္းမီဒီယာေတြကလည္း အတုအေယာင္ သတင္းစာမ်က္ႏွာေတြကို ပူးေပါင္းတိုက္ဖ်က္ဖို႔ လိုတယ္လို႔လည္း ဆိုပါတယ္။
သတင္းမီဒီယာေကာင္စီ ဥပေဒအရ အတုအေယာင္ သတင္းစာမ်က္ႏွာေတြကို ေကာင္စီက နာမည္ပ်က္စာရင္းသြင္းၿပီး ေၾကညာ႐ုံသာ အေရးယူႏိုင္ပါေသးတယ္။ သတင္းမီဒီယာေကာင္စီ ဥပေဒအရ ျပစ္မႈျပစ္ဒဏ္ကလည္း ေငြဒဏ္သာျဖစ္တဲ့အတြက္ အတုအေယာင္ သတင္းမီဒီယာ ေတြဟာ ပိုေနၿမဲ က်ားေနၿမဲ သတင္းခိုး ကူးေနဆဲသာ ျဖစ္ပါတယ္။