Home
မြန်မာသတင်း
ကိုယ်တိုင် ဂိုးမသွင်းနိုင်ပေမယ့် အသင်းအနိုင်ရရေး အဓိကဟု ဟန်ဒါဆန် ပြော
DVB
·
September 10, 2019
၉ နှစ်ကြာတဲ့အထိ အင်္ဂလန်အတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း အသင်းအနိုင်ရဖို့သာ အဓိကဖြစ်တယ်လို့ ကွင်းလယ်လူ ဟန်ဒါဆန်ကပြောပါတယ်။  လီဗာပူးလ်ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက အင်္ဂလန် လက်ရွေးစင်အသင်းကြီးမှာ စတင် ပွဲထွက်ခွင့်ရခဲ့တာပါ။  အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၅၂ ပွဲအထိ ပါဝင်ကစားထားပြီး လက်ရှိကစားသမား စာရင်းမှာ တောင်ပံကစားသမား စတာလင်နဲ့ အတူပွဲအများဆုံး ကစားထားသူဖြစ်ပါတယ်။ ဂိုးသွင်းယူနိုင်ဖို့က သက်သေပြရမယ့်အရာ တခုဖြစ်ပေမယ့် အင်္ဂလန်အတွက် ပွဲအများစုကို ကွင်းလယ်ခံစစ်ကစာသမားအဖြစ် ကစားခဲ့ရတာကြောင့် ဖြစ်တယ်လို့ ဟန်ဒါဆန်ကဆိုပါတယ်။  ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေတော့ရရှိခဲ့ပြီး သွင်းယူနိုင်ခဲ့မယ်ဆိုရင် ကျေနပ်စရာဖြစ် ပေမယ့် အသင်းအနိုင်ဖို့က အဓိက ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ ဟန်ဒါဆန်ကဆိုပါတယ်။ ကစာသမားဘဝတလျှောက်လုံး ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ရင်တောင် အင်္ဂလန်အသင်းက ပွဲတိုင်း အနိုင်ရခဲ့မယ်ဆိုရင်  ပျော်ရွှင်မယ်လို့လည်း ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။
ကိုယ္တိုင္ ဂိုးမသြင္းႏိုင္ေပမယ့္ အသင္းအႏိုင္ရေရး အဓိကဟု ဟန္ဒါဆန္ ေျပာ DVB ၉ ႏွစ္ၾကာတဲ့အထိ အဂၤလန္အတြက္ ဂိုးသြင္းယူႏိုင္ျခင္း မရွိခဲ့ေပမယ့္လည္း အသင္းအႏိုင္ရဖို႔သာ အဓိကျဖစ္တယ္လို႔ ကြင္းလယ္လူ ဟန္ဒါဆန္ကေျပာပါတယ္။ လီဗာပူးလ္ကြင္းလယ္လူ ေဂ်ာ္ဒန္ဟန္ဒါဆန္ဟာ ၂၀၁၀ ျပည့္ႏွစ္ကတည္းက အဂၤလန္ လက္ေ႐ြးစင္အသင္းႀကီးမွာ စတင္ ပြဲထြက္ခြင့္ရခဲ့တာပါ။ အဂၤလန္အသင္းအတြက္ စုစုေပါင္း ၅၂ ပြဲအထိ ပါဝင္ကစားထားၿပီး လက္ရွိကစားသမား စာရင္းမွာ ေတာင္ပံကစားသမား စတာလင္နဲ႔ အတူပြဲအမ်ားဆုံး ကစားထားသူျဖစ္ပါတယ္။ ဂိုးသြင္းယူႏိုင္ဖို႔က သက္ေသျပရမယ့္အရာ တခုျဖစ္ေပမယ့္ အဂၤလန္အတြက္ ပြဲအမ်ားစုကို ကြင္းလယ္ခံစစ္ကစာသမားအျဖစ္ ကစားခဲ့ရတာေၾကာင့္ ျဖစ္တယ္လို႔ ဟန္ဒါဆန္ကဆိုပါတယ္။ ဂိုးသြင္းႏိုင္မယ့္ အခြင့္အေရးေတြေတာ့ရရွိခဲ့ၿပီး သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ ေက်နပ္စရာျဖစ္ ေပမယ့္ အသင္းအႏိုင္ဖို႔က အဓိက ဦးစားေပးပစ္မွတ္ျဖစ္တယ္လို႔ ဟန္ဒါဆန္ကဆိုပါတယ္။ ကစာသမားဘဝတေလွ်ာက္လုံး ဂိုးသြင္းႏိုင္ျခင္းမရွိခဲ့ရင္ေတာင္ အဂၤလန္အသင္းက ပြဲတိုင္း အႏိုင္ရခဲ့မယ္ဆိုရင္ ေပ်ာ္႐ႊင္မယ္လို႔လည္း ဟန္ဒါဆန္က ေျပာၾကားခဲ့ပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024