A d v e r t i s e m e n t With Us

ဘန်ကောက် ကျူလာလောင်ကွန်ဆေးရုံကြီး မီးလောင်

ထိုင်းနိုင်ငံ ဘန်ကောက် ပထုမ်ဝမ်းနယ်မြေ ဖရလမ်းဆီ လမ်းမကြီးပေါ်ရှိ ကျူလာလောင်ကွန်ဆေးရုံကြီးမှာ စက်တင်ဘာ ၉ ရက် ည ၇ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ သတင်းအရ မီးသတ်ကားတွေနဲ့အတူ သွားရောက်ငြိမ်းသတ်ရာမှာ ဆေးရုံရဲ့ ဖုန်းဆီရီ မင်္ဂလာနုဆွန်တိုက် ဒုတိယထပ်မှာ မီးခိုးတွေ အူထွက်နေတာကို တွေ့ရပြီး ၁၅ မိနစ်လောက်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ပထုမ်ဝမ်းနယ်မြေရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘဲ မီးစလောင်တဲ့နေရာကတော့ လျှပ်စစ်သံလိုက်စစ်ဆေးရာ၊  ကွန်ပျူတာထားရှိတဲ့နေရာမှာဖြစ်ပြီး လူနာတွေလည်းရှိနေကြောင်း၊ ဒါပေမယ့် လူနာတွေကိုတော့ ပြောင်းရွှေ့ချိန်ရလိုက်ပြီး  ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားတော့ မရှိဘူးလို့ ဒုဆေးရုံ အုပ်ဒေါက်တာချန်ချိုင်း ဆစ်ထိဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါတိုက်မှာ ၂၉ ထပ်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကမှ တိုက်သစ်ဖွင့်ပွဲ ကျင်းပခဲ့တာပါ။ Source - bugaboo.tv
ဘန္ေကာက္ က်ဴလာေလာင္ကြန္ေဆး႐ုံႀကီး မီးေလာင္ ဒီဗြီဘီ ထိုင္းႏိုင္ငံဘန္ေကာက္ ပထုမ္ဝမ္းနယ္ေျမ ဖရလမ္းဆီ လမ္းမႀကီးေပၚရွိ က်ဴလာေလာင္ကြန္ေဆး႐ုံႀကီးမွာ စက္တင္ဘာ ၉ ရက္ ည ၇ နာရီေက်ာ္က မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။ သတင္းအရ မီးသတ္ကားေတြနဲ႔အတူ သြားေရာက္ၿငိမ္းသတ္ရာမွာ ေဆး႐ုံရဲ႕ ဖုန္းဆီရီ မဂၤလာႏုဆြန္တိုက္ ဒုတိယထပ္မွာ မီးခိုးေတြ အူထြက္ေနတာကို ေတြ႕ရၿပီး ၁၅ မိနစ္ေလာက္ၾကာ မီးျငႇိမ္းသတ္ခဲ့ရတယ္လို႔ ပထုမ္ဝမ္းနယ္ေျမရဲစခန္းတာဝန္ရွိသူက သတင္းေထာက္ကို ေျပာပါတယ္။ မီးေလာင္မႈျဖစ္ပြားရတဲ့အေၾကာင္းရင္းကိုေတာ့ မသိရေသးဘဲ မီးစေလာင္တဲ့ေနရာကေတာ့ လွ်ပ္စစ္သံလိုက္စစ္ေဆးရာ၊ ကြန္ပ်ဴတာထားရွိတဲ့ေနရာမွာျဖစ္ၿပီး လူနာေတြလည္းရွိေနေၾကာင္း၊ ဒါေပမယ့္ လူနာေတြကိုေတာ့ ေျပာင္းေ႐ႊ႕ခ်ိန္ရလိုက္ၿပီး ပ်က္စီးဆုံးရႈံးမႈ ႀကီးႀကီးမားမားေတာ့ မရွိဘူးလို႔ ဒုေဆး႐ုံ အုပ္ေဒါက္တာခ်န္ခ်ိဳင္း ဆစ္ထိဖန္းက သတင္းေထာက္ေတြကို ေျပာပါတယ္။ အဆိုပါတိုက္မွာ ၂၉ ထပ္ရွိၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၇ ရက္ေန႔ကမွ တိုက္သစ္ဖြင့္ပြဲ က်င္းပခဲ့တာပါ။ Source - bugaboo.tv

A d v e r t i s e m e n t With Us

More News
Up