Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ရထားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွား၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
September 10, 2019
တောင်တွင်းကြီးမြို့နယ် မင်းရွာကျေးရွာရထားလမ်းကူးမှာ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က ရထားနဲ့ဆိုင်ကယ် တိုက်မိတဲ့အတွက် ဆိုင်ကယ်နောက်ကနေ လိုက်ပါစီးနင်းတဲ့ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်လို့ ဆတ်သွားနယ်မြေရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ရထားလမ်းမိုင်တိုင်အမှတ်(၂၄၀/၂၀-၂၁)ကြား မင်းရွာကျေးရွာနဲ့ ပရပ်ကြယ် ကျေးရွာကြားရှိ မီးရထားသံလမ်းကူး(တရားမဝင်) မှာ မနီလာဝင်း မောင်းနှင်ပြီး မိခင်ဖြစ်သူ ဒေါ်သန်းမြင့် (အသက် ၆၇) လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ နေပြည်တော်ကနေ ပြည်ကို ထွက်ခွာလာတဲ့ စက်ခေါင်းအမှတ် RBE-5048 အမှတ်(၁၀၉)အဆန်ရထားရဲ့ စက်ခေါင်းယာဘက်ခြမ်း ကိုယ်ထည်နဲ့ တိုက်မိကာ ဆိုင်ကယ်မှာ လမ်းဘေး လွင့်စင်တိမ်းမှောက်သွားတာပါ။ မနီလာဝင်းမှာ ယာလက်မောင်း ဖုယောင်ဒဏ်ရာ ဝဲခြေသလုံးဖုယောင်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်သန်းမြင့်တွင် နဖူး၊ ဦးခေါင်းယာဘက်ခြမ်းနဲ့ မေးစေ့တို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရထားလမ်းကို မဆင်မခြင်ဖြတ်ကူးမောင်းနှင်သူ မနီလာဝင်း ကို ဆတ်သွားနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၀၅/၂၀၁၉၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ နဲ့  အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သားကြီး (တောင်တွင်းကြီး)
ေတာင္တြင္းႀကီးတြင္ ရထားႏွင့္ဆိုင္ကယ္ တိုက္မႈျဖစ္ပြား၊ အမ်ိဳးသမီး ၁ ဦး ေသဆုံး DVB ေတာင္တြင္းႀကီးၿမိဳ႕နယ္ မင္း႐ြာေက်း႐ြာရထားလမ္းကူးမွာ စက္တင္ဘာ ၉ ရက္ ေန႔လယ္ ၁၂ နာရီခြဲေလာက္က ရထားနဲ႔ဆိုင္ကယ္ တိုက္မိတဲ့အတြက္ ဆိုင္ကယ္ေနာက္ကေန လိုက္ပါစီးနင္းတဲ့ အမ်ိဳးသမီးတဦး ေသဆုံးသြားခဲ့တယ္လို႔ ဆတ္သြားနယ္ေျမရဲစခန္းက သိရပါတယ္။ ျဖစ္စဥ္မွာ ရထားလမ္းမိုင္တိုင္အမွတ္(၂၄၀/၂၀-၂၁)ၾကား မင္း႐ြာေက်း႐ြာနဲ႔ ပရပ္ၾကယ္ ေက်း႐ြာၾကားရွိ မီးရထားသံလမ္းကူး(တရားမဝင္) မွာ မနီလာဝင္း ေမာင္းႏွင္ၿပီး မိခင္ျဖစ္သူ ေဒၚသန္းျမင့္ (အသက္ ၆၇) လိုက္ပါလာတဲ့ ဆိုင္ကယ္နဲ႔ ေနျပည္ေတာ္ကေန ျပည္ကို ထြက္ခြာလာတဲ့ စက္ေခါင္းအမွတ္ RBE-5048 အမွတ္(၁၀၉)အဆန္ရထားရဲ႕ စက္ေခါင္းယာဘက္ျခမ္း ကိုယ္ထည္နဲ႔ တိုက္မိကာ ဆိုင္ကယ္မွာ လမ္းေဘး လြင့္စင္တိမ္းေမွာက္သြားတာပါ။ မနီလာဝင္းမွာ ယာလက္ေမာင္း ဖုေယာင္ဒဏ္ရာ ဝဲေျခသလုံးဖုေယာင္ဒဏ္ရာ ရရွိခဲ့ၿပီး ေဒၚသန္းျမင့္တြင္ နဖူး၊ ဦးေခါင္းယာဘက္ျခမ္းနဲ႔ ေမးေစ့တို႔မွာ ဒဏ္ရာေတြရရွိခဲ့ၿပီး အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ပါတယ္။ အဆိုပါျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ရထားလမ္းကို မဆင္မျခင္ျဖတ္ကူးေမာင္းႏွင္သူ မနီလာဝင္း ကို ဆတ္သြားနယ္ေျမရဲစခန္းမွ ယာဥ္(ပ)၁၀၅/၂၀၁၉၊ ရထားပို႔ေဆာင္ေရးလုပ္ငန္း ဥပေဒပုဒ္မ ၈၅ နဲ႔ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။ သားႀကီး (ေတာင္တြင္းႀကီး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024