A d v e r t i s e m e n t With Us

မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ဟု တောင်ကိုရီးယား ပြော

မြောက်ကိုရီးယားနိုင်ငံဟာ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ဒုံးကျည်နှစ်စင်း ပစ်ခတ်စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယား ဒုနိုင်ငံခြားရေး ဝန်ကြီးချွဲဆန်းဟွေက ကြေညာအပြီး နာရီပိုင်းအကြာမှာ အခုလို ဒုံးကျည် ပစ်ခတ်စမ်းသပ်ခဲ့တာပါ။  တောင်ဖြောင်းအမ်း ပြည်နယ် ကေချွန်မြို့ကနေ ပစ်လွှတ်လိုက်တဲ့ တာတိုပစ်ဒုံးကျည် နှစ်စင်းဟာ အရှေ့ဘက် ၂၀၅ မိုင် အကွာအဝေးအထိ ပျံသန်းခဲ့တယ်လို့  တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။  အင်္ဂါနေ့က ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ သမိုင်းဝင် တွေ့ဆုံခဲ့တဲ့ ဇွန်လ နောက်ပိုင်း ၈ ကြိမ်မြောက် ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
Zawgyi Version ေျမာက္ကိုရီးယားက ဒုံးက်ည္ႏွစ္စင္း စမ္းသပ္ပစ္ခတ္ခဲ့ဟု ေတာင္ကိုရီးယား ေျပာ DVB ေျမာက္ကိုရီးယားႏိုင္ငံဟာ စက္တင္ဘာ ၁၀ ရက္ မနက္ပိုင္းမွာ ဒုံးက်ည္ႏွစ္စင္း ပစ္ခတ္စမ္းသပ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္႐ုံးက ေျပာပါတယ္။ ေျမာက္ကိုရီးယားအေနနဲ႔ စက္တင္ဘာလေႏွာင္းပိုင္းမွာ အေမရိကန္နဲ႔ ေဆြးေႏြးပြဲေတြ ျပန္စဖို႔ ဆႏၵရွိတယ္လို႔ ေျမာက္ကိုရီးယား ဒုႏိုင္ငံျခားေရး ဝန္ႀကီးခြၽဲဆန္းေဟြက ေၾကညာအၿပီး နာရီပိုင္းအၾကာမွာ အခုလို ဒုံးက်ည္ ပစ္ခတ္စမ္းသပ္ခဲ့တာပါ။ ေတာင္ေျဖာင္းအမ္း ျပည္နယ္ ေကခြၽန္ၿမိဳ႕ကေန ပစ္လႊတ္လိုက္တဲ့ တာတိုပစ္ဒုံးက်ည္ ႏွစ္စင္းဟာ အေရွ႕ဘက္ ၂၀၅ မိုင္ အကြာအေဝးအထိ ပ်ံသန္းခဲ့တယ္လို႔  ေတာင္ကိုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္႐ုံးက ေျပာပါတယ္။ အဂၤါေန႔က ဒုံးက်ည္ပစ္ခတ္စမ္းသပ္မႈဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ ကိုရီးယားႏွစ္ႏိုင္ငံ နယ္စပ္မွာ သမိုင္းဝင္ ေတြ႕ဆုံခဲ့တဲ့ ဇြန္လ ေနာက္ပိုင္း ၈ ႀကိမ္ေျမာက္ ပစ္ခတ္မႈလည္း ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up