တိုက်စစ်မှူး လူကာဂျိုဗစ် ဒဏ်ရာရရှိခဲ့သဖြင့် ရီးရဲလ်အခက်ကြုံ
ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး လူကာဂျိုဗစ် နိုင်ငံအသင်း ဆားဗီးယားအတွက် ကစားတဲ့ ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားတာကြောင့် အခက်တွေ့နေပါတယ်။  ရီးရဲလ်အသင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အေဒင်ဟာဇက်၊ ဂျိမ်းရိုဒရီဂွက်ဇ်၊ အစ္စကို၊ အဆန်စီယို စတဲ့ ကစားသမားတွေဟာလည်း ဒဏ်ရာပြဿနာရှိနေခဲ့တာပါ။  ရီးရဲလ်နည်းပြ ဇီဒန်းဟာ တိုက်စစ်ပိုင်းမှာ လူကာဂျိုဗစ်နဲ့ ဘင်ဇီမာကို တွဲဖက်အသုံးပြုနေပြီး ယိုဗစ် ဒဏ်ရာရသွားတာက အသင်းအတွက်ထိုးနှက်ချက်ဖြစ်စေခဲ့တာပါ။  ဆားဘီးယားတိုက်စစ်မှူး ဂျိုဗစ်ဟာ  ပေါ်တူဂီအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး လူဇင်ဘက်နဲ့ ကစားမယ့် ပွဲစဉ်ကိုပါ လွဲချော်တော့မှာဖြစ်ပါ တယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လူကာဂျိုဗစ်ကို ပြောင်းရွှေ့ကြေးပေါင် ၅၃ သန်းနဲ့ ဖရန့်ဖတ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.
Donate
More News
Up