အလီဘာဘာလုပ်ငန်းဥက္ကဋ္ဌ ဂျက်မာ ရာထူးမှ နုတ်ထွက်တော့မည်

Photo : Sean Gallup/Getty Images
1.3K
အမေရိကန်ဒေါ်လာ ဘီလီယံ ၄၆၀ တန် အလီဘာဘာ လုပ်ငန်းကြီးကို ပူးတွဲတည်ထောင်သူ ဂျက်မာဟာ စက်တင်ဘာ အလီဘာဘာရဲ့ ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။
တရုတ်အစိုးရက တန်းဆန့်လုပ်ငန်းစုက ပိုနီမာ အပါအဝင် သူ့လို လုပ်ငန်းရှင် သူကြွယ်ကြီးတွေအပေါ် တင်းကျပ်မှု တိုးလာချိန်မှာ ဂျက်မာက ရာထူးက နုတ်ထွက်ဖို့ စီစဉ်လိုက်တာပါ။
ဒါပေမဲ့ သူဟာ လက်ရှိရာထူးကို သက်တမ်းကုန်ဆုံးချိန် ၂၀၂၀ ထိ ဆက်လက် ထမ်းဆောင်မှာ ဖြစ်ပါတယ်။
ဘီလျံနာ သူကြွယ်ကြီး ဂျက်မာဟာ ကျန်ခဲ့တဲ့ နှစ်တွေအတွင်း အလီဘာဘာရဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေကို ပျိုးထောင်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး အရင်းရှင်ကြီး ဖြစ်နေပေမယ့် ဂျက်မာဟာ ပြဿနာတွေ ကင်းကင်းနဲ့ နေထိုင်ဆဲပါ။
အလီဘာဘာ လုပ်ငန်းကနေ နှစ်စဉ် ပြန်ရငွေဟာ လက်ရှိ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၇၂ ဘီလီယံထိ ရှိပြီး ၃၆ ရာခိုင်နှုန်းထိ တိုးတက်မယ်လို့ ဘဏ္ဍာရေး ဈေးကွက် သုတေသန လုပ်ငန်းကြီး Refinitiv က ခန့်မှန်းထားပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
အလီဘာဘာလုပ္ငန္းဥကၠ႒ ဂ်က္မာ ရာထူးမွ ႏုတ္ထြက္ေတာ့မည္
အေမရိကန္ေဒၚလာ ဘီလီယံ ၄၆၀ တန္ အလီဘာဘာ လုပ္ငန္းႀကီးကို ပူးတြဲတည္ေထာင္သူ ဂ်က္မာဟာ စက္တင္ဘာ အလီဘာဘာရဲ႕ ဥကၠ႒ ရာထူးကေန ႏုတ္ထြက္ေတာ့မယ္လို႔ သိရပါတယ္။
တ႐ုတ္အစိုးရက တန္းဆန႔္လုပ္ငန္းစုက ပိုနီမာ အပါအဝင္ သူ႔လို လုပ္ငန္းရွင္ သူႂကြယ္ႀကီးေတြအေပၚ တင္းက်ပ္မႈ တိုးလာခ်ိန္မွာ ဂ်က္မာက ရာထူးက ႏုတ္ထြက္ဖို႔ စီစဥ္လိုက္တာပါ။
ဒါေပမဲ့ သူဟာ လက္ရွိရာထူးကို သက္တမ္းကုန္ဆုံးခ်ိန္ ၂၀၂၀ ထိ ဆက္လက္ ထမ္းေဆာင္မွာ ျဖစ္ပါတယ္။
ဘီလ်ံနာ သူႂကြယ္ႀကီး ဂ်က္မာဟာ က်န္ခဲ့တဲ့ ႏွစ္ေတြအတြင္း အလီဘာဘာရဲ႕ မ်ိဳးဆက္သစ္ ေခါင္းေဆာင္ေတြကို ပ်ိဳးေထာင္ေပးခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ အေက်ာ္ၾကားဆုံး အရင္းရွင္ႀကီး ျဖစ္ေနေပမယ့္ ဂ်က္မာဟာ ျပႆနာေတြ ကင္းကင္းနဲ႔ ေနထိုင္ဆဲပါ။
အလီဘာဘာ လုပ္ငန္းကေန ႏွစ္စဥ္ ျပန္ရေငြဟာ လက္ရွိ ဘ႑ာေရးႏွစ္မွာ အေမရိကန္ ေဒၚလာ ၇၂ ဘီလီယံထိ ရွိၿပီး ၃၆ ရာခိုင္ႏႈန္းထိ တိုးတက္မယ္လို႔ ဘ႑ာေရး ေဈးကြက္ သုေတသန လုပ္ငန္းႀကီး Refinitiv က ခန႔္မွန္းထားပါတယ္။