မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲအား အဆိုးရွားဆုံးပွဲအဖြစ် ဗီဒစ်သတ်မှတ်

မန်ယူအသင်းမှာ ကစားတုန်းက  အဆိုးရွားဆုံးပွဲစဉ်နဲ့ ထိန်းချုပ်ရ အခက်ဆုံး တိုက်စစ်မှူးကို နောက်ခံလူဟောင်း ဗီဒစ်က ထုတ်ဖော်ပြောလိုက်ပါတယ်။  အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ နောက်ခံလူ ဗီဒစ်ဟာ ယူနိုက်တက်အသင်းမှာ ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလား ၅ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။  ယူနိုက်တက်မှာ ကစားခဲ့စဉ်က ဗီဒစ်အတွက် အဆိုးရွားဆုံး ပွဲစဉ်ကတော့ နည်းပြ ဒေးဗစ်မိုယက်စ်လက်ထက်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ် ဖြစ်ပြီး ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ အဲဒီရှုံးပွဲဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ကြိမ်ဆက်တိုက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ရှုံးနိမ့်မှုထက် ခံစားခဲ့ရတယ်လို့ ဗီဒစ်ကဆိုပါတယ်။  ထိန်းချုပ်အရအခက်ဆုံး တိုက်စစ်မှူးကတော့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဖြစ်ပြီး သူဟာ ဘောလုံး ဘယ်နေရာကနေ ရောက်လာမလဲဆိုတာ ကြိုတင်ခန့်မှန်းတတ်သူဖြစ်တယ်လို့ ဗီဒစ်ကဆိုသွားခဲ့ပါတယ်
မန္စီးတီးကို ဂိုးျပတ္ရႈံးနိမ့္ခဲ့သည့္ပြဲအား အဆိုး႐ြားဆုံးပြဲအျဖစ္ ဗီဒစ္သတ္မွတ္ DVB မန္ယူအသင္းမွာ ကစားတုန္းက  အဆိုး႐ြားဆုံးပြဲစဥ္နဲ႔ ထိန္းခ်ဳပ္ရ အခက္ဆုံး တိုက္စစ္မႉးကို ေနာက္ခံလူေဟာင္း ဗီဒစ္က ထုတ္ေဖာ္ေျပာလိုက္ပါတယ္။ အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေနာက္ခံလူ ဗီဒစ္ဟာ ယူႏိုက္တက္အသင္းမွာ ပြဲေပါင္း ၃၀၀ ေက်ာ္ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ ဆုဖလား ၅ လုံးအထိ ရယူႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္မွာ ကစားခဲ့စဥ္က ဗီဒစ္အတြက္ အဆိုး႐ြားဆုံး ပြဲစဥ္ကေတာ့ နည္းျပ ေဒးဗစ္မိုယက္စ္လက္ထက္က မန္စီးတီးနဲ႔ ကစားခဲ့တဲ့ မန္ခ်က္စတာ ဒါဘီပြဲစဥ္ ျဖစ္ၿပီး ၄ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရတာပါ။ အဲဒီရႈံးပြဲဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၂ ႀကိမ္ဆက္တိုက္ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရတဲ့ ရႈံးနိမ့္မႈထက္ ခံစားခဲ့ရတယ္လို႔ ဗီဒစ္ကဆိုပါတယ္။ ထိန္းခ်ဳပ္အရအခက္ဆုံး တိုက္စစ္မႉးကေတာ့ မန္စီးတီးတိုက္စစ္မႉး အဂြဲ႐ိုးျဖစ္ၿပီး သူဟာ ေဘာလုံး ဘယ္ေနရာကေန ေရာက္လာမလဲဆိုတာ ႀကိဳတင္ခန႔္မွန္းတတ္သူျဖစ္တယ္လို႔ ဗီဒစ္ကဆိုသြားခဲ့ပါတယ္

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up