Home
ရုပ်သံ
ရန်အောင်၊ ထွန်းထွန်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်တို့ ပါဝင်သည့် တန်ဖိုး ရုပ်ရှင်(နမူနာ)
DVB
·
September 10, 2019
ကိုရီးယားနဲ့ မြန်မာအနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့  Hkakabo Razi Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တာ ဖြစ်ပြီး ဒါရိုက်တာ ဂျွန်လရော်က ရိုက်ကူးပုံဖော်ပေးထားပါတယ်။ တန်ဖိုးရုပ်ရှင်ကားထဲမှာတော့ လူငယ်တွေရဲ့ဘဝ၊ လူငယ်တွေရဲ့ခံစားချက်တွေနဲ့ လူငယ်တွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုအခြေခံပြီး ရိုက်ကူးထားခဲ့တာပါ။ ဒီနေ့ခေတ်မှာလူငယ်တွေဟာ မူးယစ်ဆေးဝါးရဲ့သားကောင်တွေ ဖြစ်လာကြတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကို လမ်းမှားမရောက်ဖို့နဲ့ လူငယ်တွေအနေနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်နားလည်သိရှိဖို့ သတင်းစကားပါးတဲ့အနေနဲ့ ဇာတ်ကားကို ဖန်တီးထားတာလို့ သိရပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ရန္ေအာင္၊ ထြန္းထြန္း၊ ေအးျမတ္သူ၊ မို႔မို႔ျမင့္ေအာင္တို႔ ပါဝင္သည့္ တန္ဖိုး ႐ုပ္ရွင္(နမူနာ) DVB ကိုရီးယားနဲ႔ ျမန္မာအႏုပညာရွင္ေတြ ပူးေပါင္း႐ိုက္ကူးထားတဲ့ တန္ဖိုး႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ Hkakabo Razi Pictures ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္လိုက္တာ ျဖစ္ၿပီး ဒါ႐ိုက္တာ ဂြၽန္လေရာ္က ႐ိုက္ကူးပုံေဖာ္ေပးထားပါတယ္။ တန္ဖိုး႐ုပ္ရွင္ကားထဲမွာေတာ့ လူငယ္ေတြရဲ႕ဘဝ၊ လူငယ္ေတြရဲ႕ခံစားခ်က္ေတြနဲ႔ လူငယ္ေတြၾကားမွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြကိုအေျခခံၿပီး ႐ိုက္ကူးထားခဲ့တာပါ။ ဒီေန႔ေခတ္မွာလူငယ္ေတြဟာ မူးယစ္ေဆးဝါးရဲ႕သားေကာင္ေတြ ျဖစ္လာၾကတဲ့အတြက္ မူးယစ္ေဆးဝါးသုံးစြဲတဲ့ လူငယ္ေတြကို လမ္းမွားမေရာက္ဖို႔နဲ႔ လူငယ္ေတြအေနနဲ႔ ကိုယ့္တန္ဖိုးကို ကိုယ္နားလည္သိရွိဖို႔ သတင္းစကားပါးတဲ့အေနနဲ႔ ဇာတ္ကားကို ဖန္တီးထားတာလို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီကားထဲမွာေတာ့ ျမန္မာနာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ရန္ေအာင္၊ ထြန္းထြန္း၊ ဇင္ဝိုင္း၊ ေအးျမတ္သူ၊ မို႔မို႔ျမင့္ေအာင္၊ ခင္ဇာျခည္ေက်ာ္နဲ႔ တျခားသ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ လတ္တေလာအခ်ိန္ထိ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024