Home
မြန်မာသတင်း
လူထုဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၁၈၅ သန်း ချေးယူရန် လွှတ်တော်တွင် တင်ပြ
နေဖြိုးဝင်း
·
September 10, 2019
လူထုဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကနေ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးယူဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒီစီမံကိန်းနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ၄ ခုက မြို့နယ် ၁၇ မြို့နယ်မှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောပါတယ်။ ချေးငွေအပြင် ဒီစီမံကိန်းအတွက် ထောက်ပံ့ငွေအဖြစ် အာရှဖွံ့ဖြိုးရေးရန်ပုံငွေ (ADF) က အမေရိကန်ဒေါ်လာ ၁၀ သန်း၊ အာရှရင်းနှီးမြှုပ်နှံမှုအကူအညီရန်ပုံငွေ (AIF) က အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅၈ သန်းနဲ့ ဂျပန်အစိုးရရဲ့ ဆင်းရဲလျော့ချရေး ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၃ သန်း ပေးအပ်ကြမှာဖြစ်ပြီး အစိုးရကနေ ၁၉ ဒသမ ၃၇ သန်း ထည့်ဝင်ရဦးမှာဖြစ်တဲ့အတွက် စီမံကိန်းရဲ့ ကုန်ကျမယ့် စုစုပေါင်းတန်ဖိုးမှာ ၂၄၄ ဒသမ ၉၅ သန်းဖြစ်တယ်လို့ သိရပါတယ်။ "စီမံကိန်းမြို့နယ် ၁၇ မြို့နယ်မှာရှိတဲ့ ကျေးရွာ ၂၉၄၂ ရွာက ကျေးလက်လူဦးရေ ၁ ဒသမ ၈၁ သန်းကို အကျိုးပြုစေမှာ ဖြစ်ပါတယ်။ စီမံကိန်းမှာ ဒေသခံလူငယ် ၁၃၉၅ ဦးကို လူထုစည်းရုံရေးမှုးတွေအဖြစ် ခန့်အပ်မှာဖြစ်လို့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိစေမှာဖြစ်ပါတယ်" လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ဆိုပါတယ်။ စီမံကိန်းကာလမှာ ၂၀၁၉-၂၀ ကနေ ၂၀၂၅-၂၆ ထိ ၇ နှစ် ဖြစ်ပြီး ချေးငွေ သတ်မှတ်ချက်တွေမှာ ဆိုင်းငံ့ကာလ ၈ နှစ် အတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ပြန်ဆပ်ကာလ ၂၄ နှစ်အတွက် အ တိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး စုစုပေါင်း ချေးငွေသက်တမ်းမှာ ၃၂ နှစ် ဖြစ်ပါတယ်။ “စီမံကိန်းရည်ရွယ်ချက်အတိုင်း လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ မိသားစုတွေရဲ့ ဝင်ငွေတိုးပွားစေခြင်း၊ လူနေမှု အဆင့်အတန်း မြင့်မားတိုးတက်စေခြင်းတို့မှတဆင့် နိုင်ငံတော်ရဲ့ ဂျီဒီပီ တိုးတက်မှုကို အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ ကျေးလက်နေပြည်သူတွေ အထူးသဖြင့် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသနေပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ စီမံကိန်းရန်ပုံငွေတွေကို ထိရောက်အောင် သုံးစွဲနိုင်ဖို့ အရေးကြီးပါတယ်" လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ စီမံကိန်းအကောင်အထည်ဖော်မယ့် ဧရီယာတွေမှာ ချင်းပြည်နယ်မှာ ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၄ မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၃ မြို့နယ်၊ တနင်္သာရီတိုင်းမှာ ၃ မြို့နယ်နဲ့ ဧရာဝတီတိုင်းမှာ ၃ မြို့နယ်တို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ၂၀၁၉ ခုနှစ် ဇွန်လထိ ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၃၉ ဒသမ ၀၂၂ သန်းရှိပြီး ပေးဆပ်ဖို့ လက်ကျန် အမေရိကန်ဒေါ်လာ ၈၄၉ ဒသမ ၅၈၁ သန်း ရှိတယ်လို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လူထုဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ ကန္ေဒၚလာ ၁၈၅ သန္း ေခ်းယူရန္ လႊတ္ေတာ္တြင္ တင္ျပ လူထုဖြံ႕ၿဖိဳးေရး စီမံကိန္းေဆာင္႐ြက္ဖို႔ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ကေန အေမရိကန္ေဒၚလာ ၁၈၅ သန္း ေခ်းယူဖို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက စက္တင္ဘာ ၉ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္ျပခဲ့ပါတယ္။ ဒီစီမံကိန္းနဲ႔ တိုင္းေဒသႀကီး၊ ျပည္နယ္ ၄ ခုက ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းေတြ၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးနဲ႔ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးလုပ္ငန္းေတြ ေဆာင္႐ြက္သြားမယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလွေက်ာ္က ေျပာပါတယ္။ ေခ်းေငြအျပင္ ဒီစီမံကိန္းအတြက္ ေထာက္ပံ့ေငြအျဖစ္ အာရွဖြံ႕ၿဖိဳးေရးရန္ပုံေငြ (ADF) က အေမရိကန္ေဒၚလာ ၁၀ သန္း၊ အာရွရင္းႏွီးျမႇဳပ္ႏွံမႈအကူအညီရန္ပုံေငြ (AIF) က အေမရိကန္ေဒၚလာ ၂၇ ဒသမ ၅၈ သန္းနဲ႔ ဂ်ပန္အစိုးရရဲ႕ ဆင္းရဲေလ်ာ့ခ်ေရး ရန္ပုံေငြက အေမရိကန္ေဒၚလာ ၃ သန္း ေပးအပ္ၾကမွာျဖစ္ၿပီး အစိုးရကေန ၁၉ ဒသမ ၃၇ သန္း ထည့္ဝင္ရဦးမွာျဖစ္တဲ့အတြက္ စီမံကိန္းရဲ႕ ကုန္က်မယ့္ စုစုေပါင္းတန္ဖိုးမွာ ၂၄၄ ဒသမ ၉၅ သန္းျဖစ္တယ္လို႔ သိရပါတယ္။ "စီမံကိန္းၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာ ၂၉၄၂ ႐ြာက ေက်းလက္လူဦးေရ ၁ ဒသမ ၈၁ သန္းကို အက်ိဳးျပဳေစမွာ ျဖစ္ပါတယ္။ စီမံကိန္းမွာ ေဒသခံလူငယ္ ၁၃၉၅ ဦးကို လူထုစည္း႐ုံေရးမႈးေတြအျဖစ္ ခန႔္အပ္မွာျဖစ္လို႔ အလုပ္အကိုင္ အခြင့္အလမ္းေတြလည္း ရရွိေစမွာျဖစ္ပါတယ္" လို႔ ဒုတိယဝန္ႀကီး ဦးလွေက်ာ္က ဆိုပါတယ္။ စီမံကိန္းကာလမွာ ၂၀၁၉-၂၀ ကေန ၂၀၂၅-၂၆ ထိ ၇ ႏွစ္ ျဖစ္ၿပီး ေခ်းေငြ သတ္မွတ္ခ်က္ေတြမွာ ဆိုင္းငံ့ကာလ ၈ ႏွစ္ အတြက္ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္း၊ ျပန္ဆပ္ကာလ ၂၄ ႏွစ္အတြက္ အ တိုးႏႈန္း ၁ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္ၿပီး စုစုေပါင္း ေခ်းေငြသက္တမ္းမွာ ၃၂ ႏွစ္ ျဖစ္ပါတယ္။ “စီမံကိန္းရည္႐ြယ္ခ်က္အတိုင္း လူထုကိုယ္တိုင္ ပါဝင္ေဆာင္႐ြက္ျခင္းျဖင့္ ေက်းလက္ေန မိသားစုေတြရဲ႕ ဝင္ေငြတိုးပြားေစျခင္း၊ လူေနမႈ အဆင့္အတန္း ျမင့္မားတိုးတက္ေစျခင္းတို႔မွတဆင့္ ႏိုင္ငံေတာ္ရဲ႕ ဂ်ီဒီပီ တိုးတက္မႈကို အေထာက္အကူ ျပဳႏိုင္ေအာင္ ေဆာင္႐ြက္သင့္ပါတယ္။ ေက်းလက္ေနျပည္သူေတြ အထူးသျဖင့္ ဖြံ႕ၿဖိဳးမႈ ေနာက္က်ေနတဲ့ ေဒသေနျပည္သူေတြရဲ႕ လူမႈစီးပြားဘဝေတြ အမွန္တကယ္ ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔ စီမံကိန္းရန္ပုံေငြေတြကို ထိေရာက္ေအာင္ သုံးစြဲႏိုင္ဖို႔ အေရးႀကီးပါတယ္" လို႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာပါတယ္။ စီမံကိန္းအေကာင္အထည္ေဖာ္မယ့္ ဧရီယာေတြမွာ ခ်င္းျပည္နယ္မွာ ၄ ၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းမွာ ၄ ၿမိဳ႕နယ္၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ၃ ၿမိဳ႕နယ္၊ တနသၤာရီတိုင္းမွာ ၃ ၿမိဳ႕နယ္နဲ႔ ဧရာဝတီတိုင္းမွာ ၃ ၿမိဳ႕နယ္တို႔ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနအေနနဲ႔ ၂၀၁၉ ခုႏွစ္ ဇြန္လထိ ျပည္ပေႂကြးၿမီ စုစုေပါင္း အေမရိကန္ေဒၚလာ ၂၀၃၉ ဒသမ ၀၂၂ သန္းရွိၿပီး ေပးဆပ္ဖို႔ လက္က်န္ အေမရိကန္ေဒၚလာ ၈၄၉ ဒသမ ၅၈၁ သန္း ရွိတယ္လို႔ ဦးေမာင္ေမာင္ဝင္းက ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024