Home
မြန်မာသတင်း
ရန်ကုန်တိုင်း၌ ဇူလိုင်လအတွင်း လျှပ်စစ်ဓာတ်အားခ ကျပ် ၃၆ ဒသမ ၈ ဘီလီယံကျော် တိုးမြှင့်ရရှိ
အာကာ
·
September 9, 2019
လျှပ်စစ်မီတာခတိုးမြှင့်လိုက်တဲ့ ၂၀၁၉ ဇူလိုင်လမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ဓာတ်အားခ ကျပ် ၃၆ ဒသမ ၈ ဘီလီယံကျော် တိုးမြှင့်ရရှိခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC က ပြောပါတယ်။ ရန်ကုန်အားပေးရေးရုံးမှာ စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့မီဒီယာတွေ့ဆုံပွဲမှာ အခုလို သတင်းထုတ်ပြန်ခဲ့တာပါ။ ဇူလိုင်လထဲမှာ ရန်ကုန်တိုင်းဒေသကြီးထဲက မီးသုံးစွဲသူ ၁ ဒသမ ၃၈ သန်းဟာ မီးသုံးစွဲမှုလျှော့ချခဲ့တဲ့အတွက် ၂၀၁၉ ခု ဇွန်လထက် ယူနစ် ၂၁ ဒသမ ၉ သန်းလျော့နည်းခဲ့တယ်လို့ YESC က သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၉ ခု ဇွန်လက ဓာတ်အားခ ၅၅ ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခု ဇူလိုင်လအတွက် ၉၁  ဘီလီယံကျော် ရရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်ယူနစ်ပျောက်ဆုံးမှုဟာ ၁၄ ရာခိုင်နှုန်းထိရှိနေပြီး ဇွန်လမှာ ကျပ် ၅ ဘီလီယံဖိုးနဲ့ ဇူလိုင်လမှာ ကျပ် ၁၁ ဘီလီယံဖိုး ဆုံးရှုံးနေသေးတယ်လို့ သိရပါတယ်။
ရန္ကုန္တိုင္း၌ ဇူလိုင္လအတြင္း လွ်ပ္စစ္ဓာတ္အားခ က်ပ္ ၃၆ ဒသမ ၈ ဘီလီယံေက်ာ္ တိုးျမႇင့္ရရွိ အာကာ လွ်ပ္စစ္မီတာခတိုးျမႇင့္လိုက္တဲ့ ၂၀၁၉ ဇူလိုင္လမွာ ရန္ကုန္တိုင္းေဒသႀကီးမွာ ဓာတ္အားခ က်ပ္ ၃၆ ဒသမ ၈ ဘီလီယံေက်ာ္ တိုးျမႇင့္ရရွိခဲ့တယ္လို႔ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း YESC က ေျပာပါတယ္။ ရန္ကုန္အားေပးေရး႐ုံးမွာ စက္တင္ဘာ ၉ ရက္ေန႔က ျပဳလုပ္တဲ့မီဒီယာေတြ႕ဆုံပြဲမွာ အခုလို သတင္းထုတ္ျပန္ခဲ့တာပါ။ ဇူလိုင္လထဲမွာ ရန္ကုန္တိုင္းေဒသႀကီးထဲက မီးသုံးစြဲသူ ၁ ဒသမ ၃၈ သန္းဟာ မီးသုံးစြဲမႈေလွ်ာ့ခ်ခဲ့တဲ့အတြက္ ၂၀၁၉ ခု ဇြန္လထက္ ယူနစ္ ၂၁ ဒသမ ၉ သန္းေလ်ာ့နည္းခဲ့တယ္လို႔ YESC က သတင္းထုတ္ျပန္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးမွာ ၂၀၁၉ ခု ဇြန္လက ဓာတ္အားခ ၅၅ ဘီလီယံရွိခဲ့ၿပီး ၂၀၁၉ ခု ဇူလိုင္လအတြက္ ၉၁ ဘီလီယံေက်ာ္ ရရွိခဲ့ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ လွ်ပ္စစ္ယူနစ္ေပ်ာက္ဆုံးမႈဟာ ၁၄ ရာခိုင္ႏႈန္းထိရွိေနၿပီး ဇြန္လမွာ က်ပ္ ၅ ဘီလီယံဖိုးနဲ႔ ဇူလိုင္လမွာ က်ပ္ ၁၁ ဘီလီယံဖိုး ဆုံးရႈံးေနေသးတယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024