တိုင်ဖုန်းမုန်တိုင်းကြောင့် မြောက်ကိုရီးယားတွင် ၅ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မြောက်ကိုရီးယားနိုင်ငံကို လင်းလင်း တိုင်ဖုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်လို့ လူ ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က စက်တင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။ မုန်တိုင်းဟာ အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းတွေထဲကတခုပါ၊ တောင်ကိုရီးယားကို ဝင်ရောက် တိုက်ခတ်အပြီး စက်တင်ဘာ ၇ ရက်မှာ မြောက်ကိုရီးယားနိုင်ငံဆီ ဆက်လက် တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ဆင်းရဲမွဲတေတဲ့ နိုင်ငံအတွင်း ကောက်ပဲသီးနှံတွေ ပျက်စီးလို့ စားနပ်ရိက္ခာ ပြတ်လပ်မှာ စိုးရိမ်နေကြပါတယ်။ လမ်းတွေ ပျက်နေပုံ၊ သစ်ပင်တွေ အမြစ်က ကျွတ်လဲနေပုံနဲ့ လယ်သမားတွေက စစ်သားတွေရဲ့ အကူအညီနဲ့ လယ်မြေတွေကို ပြန်ပြင်နေပုံ ရုပ်သံတွေကို KCNA က ပြသပါတယ်။  ဒီရုပ်ပုံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။ စနေနေ့ထိ ကောက်ပဲသီးနှံ ဟက်တာ ၄၆၂၀၀ ပျက်စီးတယ်လို့ KCNA က ပြောပါတယ်။  စက်တင်ဘာ ၆ ရက်နေ့ အရေးပေါ် အစည်းအဝေးမှာတော့ မုန်တိုင်းနဲ့ပတ်သက်ပြီး အကူအညီ မပေးတာ၊ အရေးကြီးပုံကို မသိတာနဲ့ အေးရာ အေးကြောင်းနေခဲ့တာတွေအတွက် အကြီးတန်း အရာရှိတွေကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဒေါသတကြီး ဝေဖန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version တိုင္ဖုန္းမုန္တိုင္းေၾကာင့္ ေျမာက္ကိုရီးယားတြင္ ၅ ဦးေသဆုံး၊ ၃ ဦး ဒဏ္ရာရ ေျမာက္ကိုရီးယားႏိုင္ငံကို လင္းလင္း တိုင္ဖုန္းမုန္တိုင္း ျဖတ္သန္းတိုက္ခတ္လို႔ လူ ၅ ဦး ေသဆုံးၿပီး ၃ ဦး ဒဏ္ရာရတယ္လို႔ ေျမာက္ကိုရီးယားအစိုးရမီဒီယာ KCNA က စက္တင္ဘာ ၈ ရက္မွာ ေၾကညာပါတယ္။ မုန္တိုင္းဟာ အားအျပင္းဆုံး တိုင္ဖုန္းမုန္တိုင္းေတြထဲကတခုပါ၊ ေတာင္ကိုရီးယားကို ဝင္ေရာက္ တိုက္ခတ္အၿပီး စက္တင္ဘာ ၇ ရက္မွာ ေျမာက္ကိုရီးယားႏိုင္ငံဆီ ဆက္လက္ တိုက္ခတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဆင္းရဲမြဲေတတဲ့ ႏိုင္ငံအတြင္း ေကာက္ပဲသီးႏွံေတြ ပ်က္စီးလို႔ စားနပ္ရိကၡာ ျပတ္လပ္မွာ စိုးရိမ္ေနၾကပါတယ္။ လမ္းေတြ ပ်က္ေနပုံ၊ သစ္ပင္ေတြ အျမစ္က ကြၽတ္လဲေနပုံနဲ႔ လယ္သမားေတြက စစ္သားေတြရဲ႕ အကူအညီနဲ႔ လယ္ေျမေတြကို ျပန္ျပင္ေနပုံ ႐ုပ္သံေတြကို KCNA က ျပသပါတယ္။ ဒီ႐ုပ္ပုံေတြကို သီးျခား လြတ္လြတ္လပ္လပ္ စစ္ေဆးအတည္ျပဳႏိုင္မႈေတာ့ မရွိေသးပါဘူး။ စေနေန႔ထိ ေကာက္ပဲသီးႏွံ ဟက္တာ ၄၆၂၀၀ ပ်က္စီးတယ္လို႔ KCNA က ေျပာပါတယ္။ စက္တင္ဘာ ၆ ရက္ေန႔ အေရးေပၚ အစည္းအေဝးမွာေတာ့ မုန္တိုင္းနဲ႔ပတ္သက္ၿပီး အကူအညီ မေပးတာ၊ အေရးႀကီးပုံကို မသိတာနဲ႔ ေအးရာ ေအးေၾကာင္းေနခဲ့တာေတြအတြက္ အႀကီးတန္း အရာရွိေတြကို ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ေဒါသတႀကီး ေဝဖန္ ေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up