A d v e r t i s e m e n t With Us

ဂျော်ဂျီယာကမ်းလွန်တွင် ကုန်တင်သင်္ဘောမီးလောင်၊ ပျောက်ဆုံးသင်္ဘောသား ၄ ဦးကို ရှာဖွေနေ

ဂျော်ဂျီယာ ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက Golden Ray ကုန်တင်သင်္ဘော မီးလောင်အပြီး ပျောက်ဆုံး သင်္ဘောသား ၄ ယောက်ကို အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က ရှာနေပါတယ်။ အလျား ၆၅၆ ပေရှိတဲ့ အဲဒီကုန်သင်္ဘော ပျက်စီးအပြီးမှာ ကမ်းရိုးတန်းစောင့် ရဟတ်ယာဉ်နဲ့ တခြားယာဉ်တွေက လူအယောက် ၂၀ ကို ကယ်တင်ခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ခုလိုဖြစ်ရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရှိနိုင်သေးပဲ မနက်အစောပိုင်း ၂ နာရီလောက်မှာ သင်္ဘောရဲ့ ဘယ်ဘက်(သို့)ဆိပ်ကမ်းဘက်ခြမ်းအပိုင်းက စတင်ခဲ့တယ်လို့ စီအဲန်အဲန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။  ကမ်းရိုးတန်းစောင့်တပ်မှ ဗိုလ်ကြီး ဂျွန်ရိဒ်ကတော့ ကုန်တင်သင်္ဘောအတွင်းပိုင်း အခြေအနေဟာ မီးခိုးလုံးတွေ၊ မီးတောက်မီးလျှံတွေအဖြစ် ရှိနေသေးတာကြောင့် အ တွင်းပိုင်းထိ ဝင်ရောက်ဖို့ အန္တရာယ်ကြား စွန့်စားရမယ့်အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။ မာရှယ်ကျွန်းရဲ့ အလံကို လွှင့်ထူထားတဲ့ သင်္ဘောဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့ကို စက်တင်ဘာ ၉ ရက်နေ့မှာ ဆိုက်ကပ်ဖို့ စီစဉ် ထားချိန် လမ်းခရီးမှာ ခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေဂ်ာ္ဂ်ီယာကမ္းလြန္တြင္ ကုန္တင္သေဘၤာမီးေလာင္၊ ေပ်ာက္ဆုံးသေဘၤာသား ၄ ဦးကို ရွာေဖြေန ေဂ်ာ္ဂ်ီယာ ကမ္း႐ိုးတန္းရဲ႕ ကမ္းလြန္ပင္လယ္ျပင္မွာ စက္တင္ဘာ ၈ ရက္ေန႔ မနက္ပိုင္းက Golden Ray ကုန္တင္သေဘၤာ မီးေလာင္အၿပီး ေပ်ာက္ဆုံး သေဘၤာသား ၄ ေယာက္ကို အေမရိကန္ ကမ္း႐ိုးတန္းေစာင့္တပ္က ရွာေနပါတယ္။ အလ်ား ၆၅၆ ေပရွိတဲ့ အဲဒီကုန္သေဘၤာ ပ်က္စီးအၿပီးမွာ ကမ္း႐ိုးတန္းေစာင့္ ရဟတ္ယာဥ္နဲ႔ တျခားယာဥ္ေတြက လူအေယာက္ ၂၀ ကို ကယ္တင္ခဲ့တယ္လို႔ ကမ္း႐ိုးတန္းေစာင့္တပ္က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။ ခုလိုျဖစ္ရတဲ့ အေျခအေန အေသးစိတ္ကိုေတာ့ မသိရွိႏိုင္ေသးပဲ မနက္အေစာပိုင္း ၂ နာရီေလာက္မွာ သေဘၤာရဲ႕ ဘယ္ဘက္(သို႔)ဆိပ္ကမ္းဘက္ျခမ္းအပိုင္းက စတင္ခဲ့တယ္လို႔ စီအဲန္အဲန္သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။ ကမ္း႐ိုးတန္းေစာင့္တပ္မွ ဗိုလ္ႀကီး ဂြၽန္ရိဒ္ကေတာ့ ကုန္တင္သေဘၤာအတြင္းပိုင္း အေျခအေနဟာ မီးခိုးလုံးေတြ၊ မီးေတာက္မီးလွ်ံေတြအျဖစ္ ရွိေနေသးတာေၾကာင့္ အ တြင္းပိုင္းထိ ဝင္ေရာက္ဖို႔ အႏၲရာယ္ၾကား စြန႔္စားရမယ့္အေျခအေနမွာ ရွိေနတယ္လို႔ ေျပာပါတယ္။ မာရွယ္ကြၽန္းရဲ႕ အလံကို လႊင့္ထူထားတဲ့ သေဘၤာဟာ အေမရိကန္ႏိုင္ငံ၊ ေမရီ လန္းျပည္နယ္၊ ေဘာ္လ္တီမိုးၿမိဳ႕ကို စက္တင္ဘာ ၉ ရက္ေန႔မွာ ဆိုက္ကပ္ဖို႔ စီစဥ္ ထားခ်ိန္ လမ္းခရီးမွာ ခုလို ျဖစ္ရပ္နဲ႔ ႀကဳံေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up