Home
မြန်မာသတင်း
ဂိမ်းပစ္စည်းများနှင့်ဂူးဂဲလ်ပလေးစတိုး အပလီကေးရှင်းများ အူရီဒူးဖုန်းဘီလ်ဖြင့် ပေးချေဝယ်ယူနိုင်
DVB
·
September 9, 2019
ဂိမ်းထဲက ပစ္စည်းတွေနဲ့ ဂူးဂဲလ်ပလေးစတိုး (Google Play Store)က ငွေပေးရတဲ့ အပလီကေးရှင်းတွေကို အူရီဒူးဖုန်းဘီလ်နဲ့ ပေးချေဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဂူးဂဲလ်ပလေးစတိုးပါဝင်ပြီးဖြစ်တဲ့ အန်းဒရွိုက်ဖုန်းတွေမှာ အူရီဒူးဆင်းမ်ကတ်သုံးတယ်ဆိုရင် ဖုန်းဘီလ်နဲ့တိုက်ရိုက်ငွေချေပေးနိုင်တာဖြစ်ပါတယ်။ ပလေးစတိုးက အပလီကေးရှင်းဝယ်မယ်ဆိုရင် ဂျီမေးလ်အကောင့်နဲ့ ဝင်ရောက်ထားရတာ ဖြစ်ပါတယ်။ တချို့ဂိမ်းထဲက ပစ္စည်းတွေဟာ ငွေပေးဝယ်ယူရတာဖြစ်ပြီး ဂူးဂဲလ်ပလေးစတိုးက တချို့ အပလီကေးရှင်းတွေနဲ့ လုပ်ဆောင်ချက်တွေဟာလည်း ငွေနဲ့ရောင်းချတာဖြစ်ပါတယ်။ ဒါတွေကို ဝယ်ယူမယ်ဆိုရင် အရင်ကတော့ နိုင်ငံခြားဘဏ်ကတ်တွေနဲ့ပဲ ပေးချေခဲ့ရတာပါ။ အူရီဒူးဖုန်းဘီလ်နဲ့ငွေပေးချေမယ်ဆိုရင် ငွေချေမယ့်အဆင့်မှာ Use Ooredoo Billing လို့တွေ့ရမှာ ဖြစ်ပြီး အဲဒါကို ရွေးချယ်ရမှာပါ။ ဒါဟာ ဂူးဂဲလ်ကနေ ဖုန်းဘီလ်နဲ့ ဝယ်ယူနိုင်တာ ပထမဆုံးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အပလီကေးရှင်းနဲ့ ဂိမ်းပစ္စည်းတွေကိုပဲ ငွေချေနိုင်သေးပြီး စာအုပ်နဲ့ သီချင်းတွေကိုတော့ ဝယ်လို့ မရသေးပါဘူး။ ငွေကြေးသတ်မှတ်ဖော်ပြထားတာထဲမှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းမပါသေးတာ ကြောင့် အဲဒီအခွန်ကိုလည်း ထပ်ပေါင်းဖြတ်တောက်မယ်လို့ အူရီဒူးက ကြေညာထားပါတယ်။ ဒါပေမယ့် နောက်ထပ်ဝန်ဆောင်ခတော့ မပေးရပါဘူး။ ဂူးဂယ်ပလေးစတိုးဟာ အပလီကေးရှင်းတွေဝယ်ယူပြီး ၂ နာရီအတွင်းမှာ မဝယ်တော့ဘူးဆိုရင် ငွေပြန်တောင်းနိုင်ပြီး ဒီအတွက်ကတော့ ဂူးဂဲလ်နဲ့ပဲ ချိတ်ဆက်တောင်းခံရမှာဖြစ်ပြီး ဂူးဂဲလ်က အကြောင်းကြားလာမှ ငွေပြန်အမ်းတယ် ဆိုပါတယ်။ ပြီးတော့ ဈေးနှုန်းသတ်မှတ်တာ၊ အပလီကေးရှင်းတွေရဲ့ တိကျ စစ်မှန်တာ၊ ဗိုင်းရပ်စ်ကင်းတာ စတာတွေအတွက်လည်း ဂူးဂဲလ်နဲ့ပဲ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
ဂိမ္းပစၥည္းမ်ားႏွင့္ဂူးဂဲလ္ပေလးစတိုး အပလီေကးရွင္းမ်ား အူရီဒူးဖုန္းဘီလ္ျဖင့္ ေပးေခ်ဝယ္ယူႏိုင္ DVB ဂိမ္းထဲက ပစၥည္းေတြနဲ႔ ဂူးဂဲလ္ပေလးစတိုး (Google Play Store)က ေငြေပးရတဲ့ အပလီေကးရွင္းေတြကို အူရီဒူးဖုန္းဘီလ္နဲ႔ ေပးေခ်ဝယ္ယူႏိုင္ၿပီျဖစ္ပါတယ္။ ဂူးဂဲလ္ပေလးစတိုးပါဝင္ၿပီးျဖစ္တဲ့ အန္းဒ႐ြိဳက္ဖုန္းေတြမွာ အူရီဒူးဆင္းမ္ကတ္သုံးတယ္ဆိုရင္ ဖုန္းဘီလ္နဲ႔တိုက္႐ိုက္ေငြေခ်ေပးႏိုင္တာျဖစ္ပါတယ္။ ပေလးစတိုးက အပလီေကးရွင္းဝယ္မယ္ဆိုရင္ ဂ်ီေမးလ္အေကာင့္နဲ႔ ဝင္ေရာက္ထားရတာ ျဖစ္ပါတယ္။ တခ်ိဳ႕ဂိမ္းထဲက ပစၥည္းေတြဟာ ေငြေပးဝယ္ယူရတာျဖစ္ၿပီး ဂူးဂဲလ္ပေလးစတိုးက တခ်ိဳ႕ အပလီေကးရွင္းေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြဟာလည္း ေငြနဲ႔ေရာင္းခ်တာျဖစ္ပါတယ္။ ဒါေတြကို ဝယ္ယူမယ္ဆိုရင္ အရင္ကေတာ့ ႏိုင္ငံျခားဘဏ္ကတ္ေတြနဲ႔ပဲ ေပးေခ်ခဲ့ရတာပါ။ အူရီဒူးဖုန္းဘီလ္နဲ႔ေငြေပးေခ်မယ္ဆိုရင္ ေငြေခ်မယ့္အဆင့္မွာ Use Ooredoo Billing လို႔ေတြ႕ရမွာ ျဖစ္ၿပီး အဲဒါကို ေ႐ြးခ်ယ္ရမွာပါ။ ဒါဟာ ဂူးဂဲလ္ကေန ဖုန္းဘီလ္နဲ႔ ဝယ္ယူႏိုင္တာ ပထမဆုံးလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အပလီေကးရွင္းနဲ႔ ဂိမ္းပစၥည္းေတြကိုပဲ ေငြေခ်ႏိုင္ေသးၿပီး စာအုပ္နဲ႔ သီခ်င္းေတြကိုေတာ့ ဝယ္လို႔ မရေသးပါဘူး။ ေငြေၾကးသတ္မွတ္ေဖာ္ျပထားတာထဲမွာ ကုန္သြယ္လုပ္ငန္းခြန္ ၅ ရာခိုင္ႏႈန္းမပါေသးတာ ေၾကာင့္ အဲဒီအခြန္ကိုလည္း ထပ္ေပါင္းျဖတ္ေတာက္မယ္လို႔ အူရီဒူးက ေၾကညာထားပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ဝန္ေဆာင္ခေတာ့ မေပးရပါဘူး။ ဂူးဂယ္ပေလးစတိုးဟာ အပလီေကးရွင္းေတြဝယ္ယူၿပီး ၂ နာရီအတြင္းမွာ မဝယ္ေတာ့ဘူးဆိုရင္ ေငြျပန္ေတာင္းႏိုင္ၿပီး ဒီအတြက္ကေတာ့ ဂူးဂဲလ္နဲ႔ပဲ ခ်ိတ္ဆက္ေတာင္းခံရမွာျဖစ္ၿပီး ဂူးဂဲလ္က အေၾကာင္းၾကားလာမွ ေငြျပန္အမ္းတယ္ ဆိုပါတယ္။ ၿပီးေတာ့ ေဈးႏႈန္းသတ္မွတ္တာ၊ အပလီေကးရွင္းေတြရဲ႕ တိက် စစ္မွန္တာ၊ ဗိုင္းရပ္စ္ကင္းတာ စတာေတြအတြက္လည္း ဂူးဂဲလ္နဲ႔ပဲ သက္ဆိုင္တယ္လို႔ ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024