ဥရောပ အကြီးဆုံး အီလက်ထရောနစ်ပစ္စည်းပြပွဲ ကျင်းပ

ဥရောပရဲ့အကြီးဆုံး အီလက်ထရောနစ် ပစ္စည်းပြပွဲ IFA ကို ဂျာမနီနိုင်ငံရဲ့ မြို့တော် ဘာလင်မှာ ကျင်းပနေတာပါ။
နောက်ဆုံးပေါ် နည်းပညာတွေကို ထုတ်ဖော်ပြသတဲ့ ဒီပွဲကို စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်ခဲ့တာပါ။
နည်းပညာလုပ်ငန်းကြီး ဆမ်ဆောင်းရဲ့ ခေါက်လို့ရတဲ့ ဖုန်းအသစ် Galaxy Fold 5G ကို ဝယ်ဖို့ ဧည့်သည်တွေ တနေကုန် တန်းစီနေချိန်မှာ တခြားဧည့်သည်တွေက Galaxy Note 10 ပြပွဲကောင်တာ ရှေ့မှာ စုပုံနေပါတယ်။
စမတ်ဖုန်းဈေးကွက်ထဲက တခြားလုပ်ငန်းတွေလိုပဲ တယ်လီကွန်လုပ်ငန်း စွန့်ဦးတီထွင်သူ နိုကီယာကလည်း "Nokia Originals" ဖုန်းအသစ်အမျိုးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်စုပ်စက်၊ ဆံပင်အခြောက်ခံ လေမှုတ်စက်တွေကနေ ရုပ်မြင်သံကြားစက် အကြီးကြီးတွေနဲ့ ဒရုန်းယာဉ် တွေထိ အီလက်ထရောနစ် ပစ္စည်းပေါင်းစုံကို IFA မှာ ခင်းကျင်းပြသနေပါတယ်။
လာမယ့် ဗုဒ္ဒဟူးနေ့ထိ ခင်းကျင်းပြသမယ့် နိုင်ငံတကာ အီလက်ထရောနစ်ပြပွဲမှာ ခင်းကျင်းပြသသူ ၁၉၃၉ ဖွဲ့က လာရောက် ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဥေရာပ အႀကီးဆုံး အီလက္ထေရာနစ္ပစၥည္းျပပြဲ က်င္းပ
ဥေရာပရဲ႕အႀကီးဆုံး အီလက္ထေရာနစ္ ပစၥည္းျပပြဲ IFA ကို ဂ်ာမနီႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ဘာလင္မွာ က်င္းပေနတာပါ။
ေနာက္ဆုးေပၚ နည္းပညာေတြကို ထုတ္ေဖာ္ျပသတဲ့ ဒီပြဲကို စက္တင္ဘာ ၇ ရက္က ဖြင့္လွစ္ခဲ့တာပါ။
နည္းပညာလုပ္ငန္းႀကီး ဆမ္ေဆာင္းရဲ႕ ေခါက္လို႔ရတဲ့ ဖုန္းအသစ္ Galaxy Fold 5G ကို ဝယ္ဖို႔ ဧည့္သည္ေတြ တေနကုန္ တန္းစီေနခ်ိန္မွာ တျခားဧည့္သည္ေတြက Galaxy Note 10 ျပပြဲေကာင္တာ ေရွ႕မွာ စုပုံေနပါတယ္။
စမတ္ဖုန္းေဈးကြက္ထဲက တျခားလုပ္ငန္းေတြလိုပဲ တယ္လီကြန္လုပ္ငန္း စြန႔္ဦးတီထြင္သူ ႏိုကီယာကလည္း "Nokia Originals" ဖုန္းအသစ္အမ်ိဳးမ်ိဳးကို မိတ္ဆက္ခဲ့ပါတယ္။ ဖုန္စုပ္စက္၊ ဆံပင္အေျခာက္ခံ ေလမႈတ္စက္ေတြကေန ႐ုပ္ျမင္သံၾကားစက္ အႀကီးႀကီးေတြနဲ႔ ဒ႐ုန္းယာဥ္ ေတြထိ အီလက္ထေရာနစ္ ပစၥည္းေပါင္းစုံကို IFA မွာ ခင္းက်င္းျပသေနပါတယ္။
လာမယ့္ ဗုဒၵဟူးေန႔ထိ ခင္းက်င္းျပသမယ့္ ႏိုင္ငံတကာ အီလက္ထေရာနစ္ျပပြဲမွာ ခင္းက်င္းျပသသူ ၁၉၃၉ ဖြဲ႕က လာေရာက္ ခင္းက်င္းျပသမွာ ျဖစ္ပါတယ္။