A d v e r t i s e m e n t With Us

သီရိလင်္ကာ စီတန်းလှည့်လည်ပွဲ ဆင် ၂ ကောင်ဝင်နင်း၊ ၁၇ ဦး ဒဏ်ရာရ (ရုပ်သံ)

သီရိလင်္ကာနိုင်ငံမှာ စက်တင်ဘာ ၇ ရက်ကကျင်းပတဲ့ ကော့တေမြို့ရဲ့ လမ်းပေါ်က အလှပြ စီတန်းလှည့်လည်ပွဲအတွင်း ဆင် ၂ ကောင် အနင်းခံရတာကြောင့် လူ ၁၇ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ဆင် ၁ ကောင် လမ်းအတိုင်း ပြေးလာပြီး လမ်းဘေးက ရပ်ကြည့်နေသူတွေကို နင်းမချေခင် လူအုပ်ဆီကနေ လန့်ပြေးပုံ ရုပ်သံကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ နှစ်စဉ် ကျင်းပတဲ့ ပေရာဟေရာ ချီတက်ပွဲဟာ နှစ် ၆ ရာ သက်တမ်းရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကနေစပြီး ထွက်ပါတယ်။ ကော့တေမြို့ရဲ့ လမ်းတွေအတိုင်း ကကြိုးတန်ဆာ ဆင်ယင်ထားတဲ့ ဆင်တွေ၊ ကချေသည်တွေနဲ့ ခမ်းခမ်းနားနား ချီတက်လေ့ ရှိပါတယ်။ ဒဏ်ရာရသူတွေကို ကာလူဘိုဝီလာဆေးရုံ၊ ကိုလံဘို အထွေထွေဆေးရုံနဲ့ စရီဂျယာဝါဒေနပူရ အထွေထွေဆေးရုံတွေမှာ ကုသပေးနေတယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version သီရိလကၤာ စီတန္းလွည့္လည္ပြဲ ဆင္ ၂ ေကာင္ဝင္နင္း၊ ၁၇ ဦး ဒဏ္ရာရ (႐ုပ္သံ) သီရိလကၤာႏိုင္ငံမွာ စက္တင္ဘာ ၇ ရက္ကက်င္းပတဲ့ ေကာ့ေတၿမိဳ႕ရဲ႕ လမ္းေပၚက အလွျပ စီတန္းလွည့္လည္ပြဲအတြင္း ဆင္ ၂ ေကာင္ အနင္းခံရတာေၾကာင့္ လူ ၁၇ ေယာက္ ဒဏ္ရာရတယ္လို႔ ေဒသခံ မီဒီယာက အစီရင္ခံပါတယ္။ ဆင္ ၁ ေကာင္ လမ္းအတိုင္း ေျပးလာၿပီး လမ္းေဘးက ရပ္ၾကည့္ေနသူေတြကို နင္းမေခ်ခင္ လူအုပ္ဆီကေန လန႔္ေျပးပုံ ႐ုပ္သံကို ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။ ႏွစ္စဥ္ က်င္းပတဲ့ ေပရာေဟရာ ခ်ီတက္ပြဲဟာ ႏွစ္ ၆ ရာ သက္တမ္းရွိတဲ့ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးေက်ာင္းကေနစၿပီး ထြက္ပါတယ္။ ေကာ့ေတၿမိဳ႕ရဲ႕ လမ္းေတြအတိုင္း ကႀကိဳးတန္ဆာ ဆင္ယင္ထားတဲ့ ဆင္ေတြ၊ ကေခ်သည္ေတြနဲ႔ ခမ္းခမ္းနားနား ခ်ီတက္ေလ့ ရွိပါတယ္။ ဒဏ္ရာရသူေတြကို ကာလူဘိုဝီလာေဆး႐ုံ၊ ကိုလံဘို အေထြေထြေဆး႐ုံနဲ႔ စရီဂ်ယာဝါေဒနပူရ အေထြေထြေဆး႐ုံေတြမွာ ကုသေပးေနတယ္လို႔ ေဒသခံ မီဒီယာက ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up