နာမည်ကြီး It Chapter Two ရုပ်ရှင် ကန်ဒေါ်လာ ၉၁ သန်းဖြင့် ရုံတင်ဝင်ငွေ ထိပ်ဆုံးဦးဆောင်

ပြီးခဲ့တဲ့ သောကြာနေ့ကမှ ရုံတင်ပြသခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင် IT Chapter Two ဟာ Box Office ရုံတင်ဝင်ငွေဇယားမှာ အမေရိကန်ဒေါ်လာ ၉၁ သန်းနဲ့ ဦးဆောင်နေပါတယ်။ Supernatural Horror အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို  နာမည်ကြီး Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာဖြစ်ပြီး အရင် IT ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင်ဒါရိုက်တာ Andy Muschietti ကပဲ  ထပ်မံပြီးတော့ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အမေရိကန် နာမည်ကြီးစာရေးဆရာ စတီဖင်ကင်းရဲ့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပထမရုပ်ရှင်ကား IT ထဲမှာတော့ Derry မြို့ငယ်လေးကို ရောက်ရှိလာခဲ့တဲ့ ချောက်ချားစရာ သွင်ပြင်နဲ့ မိစ္ဆာကောင်ကြီး Pennywise နဲ့ လူငယ်လေးတစုက ရင်ဆိုင်ခဲ့ကြရတာကို ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲရုပ်ရှင် Chapter Two ထဲမှာတော့ အချိန် ၂၇ နှစ်ကြာပြီးနောက်မှာ အဲဒီမြို့ကလေးကို Pennywise ပြန်ရောက်လာသလို သူ့ကို လက်စရှင်းဖို့ အရွယ်ရောက်ခဲ့ပြီဖြစ်တဲ့ Losers’ Club က လူငယ်လေးတွေကလည်း မြို့လေးကို ပြန်ရောက်လာကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။  ဘယ်လို သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသား James McAvoy ပါဝင်လာခဲ့ပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ့ Jay Ryan တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တဲ့ ပထမဆုံး IT ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေ အ မေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာမို့ ခုနောက်ဆက်တွဲ ရုပ်ရှင်ကရော စံချိန်ချိုးနိုင်ပါ့မလား ဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ နာမည်ကြီး ဖို့ဘ်စ်မဂ္ဂဇင်းမှာတော့ ခုအသစ်ရုံတင်တဲ့ IT Chapter Two ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရုံတင်ခဲ့တဲ့ IT ရုပ်ရှင်ကားရဲ့ ပထမသီတင်းပတ် ရုံတင်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁၂၃ သန်းကို မမီခဲ့ဘူးလို့ သုံးသပ်ထားပါတယ်။ Box Office ရဲ့ ဝင်ငွေထိပ်တန်းဇယားရဲ့ ဒုတိယနေရာမှာတော့ ၃ ပတ်မြောက် ပြသခဲ့ပြီး ပထမသီတင်းပတ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ သန်း၊ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃ ဒဿမ ၅ သန်း ရရှိထားတဲ့ Angel Has Fallen ရုပ်ရှင်ကား ရှိနေပြီး တတိယ နေရာမှာတော့ ၄ ပတ်မြောက် ပြသခဲ့ပြီး ပထမသီတင်းပတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၄ သန်း၊ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆ ဒဿမ ၈ သန်း ရရှိထားတဲ့ Good Boys ရုပ်ရှင်ကားတွေက အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version နာမည္ႀကီး It Chapter Two ႐ုပ္ရွင္ ကန္ေဒၚလာ ၉၁ သန္းျဖင့္ ႐ုံတင္ဝင္ေငြ ထိပ္ဆုံးဦးေဆာင္ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကမွ ႐ုံတင္ျပသခဲ့တဲ့ နာမည္ႀကီး ေဟာလိဝုဒ္႐ုပ္ရွင္ IT Chapter Two ဟာ Box Office ႐ုံတင္ဝင္ေငြဇယားမွာ အေမရိကန္ေဒၚလာ ၉၁ သန္းနဲ႔ ဦးေဆာင္ေနပါတယ္။ Supernatural Horror အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကို  နာမည္ႀကီး Warner Bros. ႐ုပ္ရွင္ထုတ္လုပ္ေရးကေန တင္ဆက္လိုက္တာျဖစ္ၿပီး အရင္ IT ႐ုပ္ရွင္ကားကို ႐ိုက္ကူးခဲ့တဲ့ အာဂ်င္တီးနား ႐ုပ္ရွင္ဒါ႐ိုက္တာ Andy Muschietti ကပဲ  ထပ္မံၿပီးေတာ့ ပုံေဖာ္႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားဟာ အေမရိကန္ နာမည္ႀကီးစာေရးဆရာ စတီဖင္ကင္းရဲ႕ ၁၉၈၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ IT ဝတၳဳကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ပထမ႐ုပ္ရွင္ကား IT ထဲမွာေတာ့ Derry ၿမိဳ႕ငယ္ေလးကို ေရာက္ရွိလာခဲ့တဲ့ ေခ်ာက္ခ်ားစရာ သြင္ျပင္နဲ႔ မိစာၦေကာင္ႀကီး Pennywise နဲ႔ လူငယ္ေလးတစုက ရင္ဆိုင္ခဲ့ၾကရတာကို ရႈစားခဲ့ၾကရတာ ျဖစ္ပါတယ္။ ေနာက္ဆက္တြဲ႐ုပ္ရွင္ Chapter Two ထဲမွာေတာ့ အခ်ိန္ ၂၇ ႏွစ္ၾကာၿပီးေနာက္မွာ အဲဒီၿမိဳ႕ကေလးကို Pennywise ျပန္ေရာက္လာသလို သူ႔ကို လက္စရွင္းဖို႔ အ႐ြယ္ေရာက္ခဲ့ၿပီျဖစ္တဲ့ Losers’ Club က လူငယ္ေလးေတြကလည္း ၿမိဳ႕ေလးကို ျပန္ေရာက္လာၾကတဲ့အခါ ဘာေတြ ဆက္ျဖစ္လာမလဲ။  ဘယ္လို ေသြးပ်က္ထိတ္လန႔္စရာေကာင္းတဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီးထားမလဲ ဆိုတာကိုေတာ့ မၾကာခင္မွာပဲ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသား James McAvoy ပါဝင္လာခဲ့ၿပီး သူနဲ႔အတူ တျခား သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ႔ Jay Ryan တို႔ကလည္း အတြဲညီညီ ပါဝင္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ ၃၅ သန္း အကုန္အက်ခံ ႐ိုက္ကူးခဲ့တဲ့ ပထမဆုံး IT ႐ုပ္ရွင္ကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ ႐ုံတင္ျပသခဲ့ၿပီး Box Office မွာ ဝင္ေငြ အ ေမရိကန္ေဒၚလာ သန္း ၇၀၀ ေက်ာ္ရရွိခဲ့ၿပီး စံခ်ိန္တင္ႏိုင္ခဲ့တာမို႔ ခုေနာက္ဆက္တြဲ ႐ုပ္ရွင္ကေရာ စံခ်ိန္ခ်ိဳးႏိုင္ပါ့မလား ဆိုတာကို ပရိသတ္ေတြက စိတ္ဝင္စားေနခဲ့ၾကတာ ျဖစ္ပါတယ္။ နာမည္ႀကီး ဖို႔ဘ္စ္မဂၢဇင္းမွာေတာ့ ခုအသစ္႐ုံတင္တဲ့ IT Chapter Two ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က ႐ုံတင္ခဲ့တဲ့ IT ႐ုပ္ရွင္ကားရဲ႕ ပထမသီတင္းပတ္ ႐ုံတင္ဝင္ေငြ အေမ ရိကန္ေဒၚလာ ၁၂၃ သန္းကို မမီခဲ့ဘူးလို႔ သုံးသပ္ထားပါတယ္။ Box Office ရဲ႕ ဝင္ေငြထိပ္တန္းဇယားရဲ႕ ဒုတိယေနရာမွာေတာ့ ၃ ပတ္ေျမာက္ ျပသခဲ့ၿပီး ပထမသီတင္းပတ္ဝင္ေငြ အေမရိကန္ေဒၚလာ ၆ သန္း၊ စုစုေပါင္းဝင္ေငြ အေမရိကန္ေဒၚလာ ၅၃ ဒႆမ ၅ သန္း ရရွိထားတဲ့ Angel Has Fallen ႐ုပ္ရွင္ကား ရွိေနၿပီး တတိယ ေနရာမွာေတာ့ ၄ ပတ္ေျမာက္ ျပသခဲ့ၿပီး ပထမသီတင္းပတ္ဝင္ေငြ အေမရိကန္ ေဒၚလာ ၅ ဒႆမ ၄ သန္း၊ စုစုေပါင္းဝင္ေငြ အေမရိကန္ေဒၚလာ ၆၆ ဒႆမ ၈ သန္း ရရွိထားတဲ့ Good Boys ႐ုပ္ရွင္ကားေတြက အသီးသီး ရပ္တည္ေနတာ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up