Home
မြန်မာသတင်း
ကယားကော်ဖီစိုက်ပျိုးတောင်သူများနှင့် အောင်နေလင်းထွန်း ကုမ္ပဏီတို့ လက်မှတ်ထိုး
နော်နိုရင်း
·
September 9, 2019
ကယားပြည်နယ်မှ ကော်ဖီစိုက်ပျိုးတောင်သူတွေနဲ့ အောင်နေလင်းထွန်း ကုမ္ပဏီ လီမိတက် (ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ) တို့ သဘောတူညီလက်မှတ်ထိုးပွဲကို စက်တင်ဘာလ ၇ ရက်နေ့က လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အောင်နေလင်းထွန်း ကုမ္ပဏီ လီမိတက်တာဝန်ရှိသူတွေ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့တွေအပြင် တောင်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ကတိပြုစာချုပ်မှာ ဈေးကွက်မှလက်ခံသော၊ အမှာရှိတဲ့ မျိုးစေ့သစ်ကို ထောက်ပံ့ပေးဖို့၊ တောင်သူဘက် မြေ၊ လုပ်အား၊ သွင်းအားစုယာဉ်ကျခံနိုင်မှုတွေ သတ်မှတ်ဖို့၊ စိုက်ပျိုးမှုနည်းပညာနဲ့ ရိတ်သိမ်းမှုနည်းပညာထောက်ပံ့မှု၊ ရိတ်သိမ်းတဲ့အချိန်မှာ အရည်အသွေးနဲ့ ဈေးနှုန်းသတ်မှတ်ပြီး ရာသီတခုစာ တည်ငြိမ်းတဲ့ဈေနှုန်းနဲ့ဝယ်ယူပေးဖို့ စတဲ့အချက်တွေကို သဘောတူလက်မှတ်ရေးထို ကြတာဖြစ်ပါတယ်။ အောင်နေလင်းထွန်းကုမ္ပဏီတည်ထောင်သူ ဦးငွေထွန်းက “တော်တော်များများက ဒိလိုမျိုးစာချုပ်နဲ့လုပ်တယ်ဆိုရင်ကြောက်ကြတယ်။ ဘယ်လိုမျိုး ဖြစ်မှာလဲပေါ့။ ကျနော်တို့ စာချုပ်ရဲ့ပုံစံက တောင်သူရဲ့တတ်နိုင်မှုအပေါ်မှာမူတည်ပါတယ်။ တချို့က မြေပဲတတ်နိုင်တယ်။ တချို့က အလုပ်သမားတတ်နိုင်တယ်။ တချို့က သွင်းအားစုတတ်နိုင်တယ်။ တချို့က ယာဉ်တို့၊ ပို့ဆောင်ရေးတို့ဘက်မှာတတ်နိုင်တယ်။ ဒီအပေါ်မှာမူတည်ပြီး ကျနော်တို့စာချုပ်ချုပ်ပါတယ်။ ” လို့ အခမ်းအနားအတွင်းမှာ ပြောပါတယ်.  ဒါ့အပြင် ကုမ္ပဏီဘက်က ပေါက်ဈေးအတိုင်းဝယ်ယူမှာဖြစ်ပြီး မဝယ်ယူနိုင်ရင်တော့ ဆုံးရှုံးနစ်နာမှုတွေကို တာဝန်ယူတာဝန်ခံမယ်ဆိုတာကိုလည်း စာချုပ်မှာ ထည့်ချုပ်ထားတယ်လို့လည်း အောင်နေလင်းထွန်းကုမ္ပဏီတည်ထောင်သူ ဦးငွေထွန်းက ပြောပါတယ်။  ကယားပြည်နယ်မှာ အခု ၂၀၁၉ ခုနှစ်အတွင်း ကော်ဖီဧက ၄၀၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးဖို့ရှိပြီး လျာထားပြီး တနှစ်ကို ကော်ဖီတန် ၁၂၀ အထိ ထုပ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ဦးငွေထွန်းက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ “ဟိုယာ၊ ဘီယာဒေသမှာ ဧက ၂၀ နောက်ပြီး လွိုင်လင်လေး ဒေသမှာ ၁၀ ဧက နောက်တခုကတော့ ရှားတော့မှာ ၁၀ ဧက ကျနော်တို့ဒါကို ဒီနှစ်မှာစပြီးတော့ pilot project နဲ့စတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီစိုက်ပျိုးမှု စနစ်တွေကို ကျနော်တို့ပေးပြီးမှ နောက်လူတွေကို ဒီဟာကိုကြည့်ပြီးတော့ ဆက်လက်ပြီးတော့လုပ်ကိုင်နိုင်ဖို့ ဆိုပြီးတော့ ကျနော်တို့ ဒီ pilot project ကို စပါတယ်။ အဲတော့ ဒီနှစ် ၂၀၁၉မှာ ကျနော်တို့ ဧက ၁၅၀ လောက်လောလောဆယ် စိုက်ပျိုးဖို့ဆိုပြီးတော့ ကတိပေးထားတာရှိပါတယ်။ ကျနော်တို့ ဒီနှစ်မှာ ခန့်မှန်ခြေအားလုံးပေါင်း ဧက ၄၀၀ ကယားပြည်နယ်တခုတည်းမှာ စိုက်ဖို့ဆိုပြီးတော့ ရည်ရွယ်ထားပါတယ်။  ” ဒါ့အပြင် လက်ရှိမှာလည်း ကယားပြည်နယ်ကထွက်ရှိတဲ့ ကော်ဖီတွေကို စင်ကာပူ၊ ဂျပန်နဲ့ ဟောင်ကောင်တို့မှာ ကယားပြည်နယ်ကော်ဖီဆိုပြီးရောက်ရှိ ရောင်းချနေပြီလို့လည်း ပေါပါတယ်။ ဒါ့အပြင် ဒီကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအားဖြင့် အမျိုးသား ၄၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။ ကော်ဖီအပြင်တခြား OGENIC သီးနှံတွေဖြစ်တဲ့ လက်ဖက်၊ ပင်မှည့်၊ ငရုတ်နဲ့ ဂျပန်နိုင်ငံက ရွှေဖရုံသီးတွေကိုလည်း စိုက်ပျိုးနိုင်အောင် လျာထားတယ်လို့လည်း ပြောပါတယ်။ ဒေသခံအဖွဲ့အစည်းတခုဖြစ်တဲ့ ကယားဖူးအဖွဲ့အစည်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်နော်လေးမြာကတော့ တောင်သူတွေအတွက် လိုအပ်နေတာ နည်းပညာနဲ့ ဈေးကွက်သာ လိုအပ်တယ်လို့ ပြောပါတယ်။ “တကယ်တမ်းကျတော့ တောင်သူက အရေးကြီးဆုံးကတော့ နည်းပညာဖြစ်ပါတယ်။ ဆိုတော့ သူတို့ကို စနစ်တကျနဲ့ နည်းပညာချပြပေးရင်တော့  သူတို့က ကောင်းကောင်းနဲ့ စိုက်ပျိုးနေကြပဲဆိုတော့ ဒီထက်ကောင်းမွန်တဲ့ အရည်အသွေးတွေတက်လာမှာပေါ့။ နောက်ပြီးတော့ အဓိကတော့ ဈေးကွက် ချိတ်ဆက်မှုပါပဲ။ တကယ်တမ်းကျတော့ ကျမတို့ဆီမှာ တနိုင်တပိုင်စိုက်ကြပါတယ်။ ဒါပေမယ့် ဈေးကွက်ရောင်းတဲ့အခါမှာ ထုတ်လုပ်မှုစနစ်ကလည်း နည်းနည်းလေးအားနည်သေးတဲ့အခါမှာ ဈေးကွက်က ကျမတို့ လိုချင်တဲ့ဈေးကွက်မရဘူးပေါ့။ ဒါပေမယ့် အခုဈေးကွက်ကို ဝင်ဖို့ ဒီဉာဏ်ကြီးရှင်ကို ကျမတို့ ရောင်းတဲ့အခါမှာ ကျမတို့လိုချင်တဲ့ ဈေးကွက်ကိုပေးမယ်။ ဆိုတော့ စနစ်တကျထုတ်လုပ်တတ်မယ် အရည်အသွေးကောင်းမွန် လာပြီဆိုလို့ရှိရင် ဈေးကွက်မြင့်သွားပြီလေ။ ” အောင်နေလင်းထွန်း ကုမ္ပဏီလီလီမိတက် (ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ)ဟာ မြန်မာနိုင်ငံတဝှမ်းက ကော်ဖီတွေကို ဝယ်ယူပြီး ကော်ဖီအမျိုးအစား ၂၅ မျိုးလောက်ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပကို ဖြန့်ဖြူ ရောင်းချနေပါတယ်။ ပြည်အနေနဲ့ နိုင်ငံပေါင်း ၂၀ ကျော်ကိုပေးပို့ရောင်းချနေပြီး ဂျပန်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာလည်းဖြစ်ပါတယ်။
ကယားေကာ္ဖီစိုက္ပ်ိဳးေတာင္သူမ်ားႏွင့္ ေအာင္ေနလင္းထြန္း ကုမၸဏီတို႔ လက္မွတ္ထိုး ေနာ္ႏိုရင္း ကယားျပည္နယ္မွ ေကာ္ဖီစိုက္ပ်ိဳးေတာင္သူေတြနဲ႔ ေအာင္ေနလင္းထြန္း ကုမၸဏီ လီမိတက္ (ဉာဏ္ႀကီးရွင္ ရွမ္းေတာင္ျမင့္ေကာ္ဖီ) တို႔ သေဘာတူညီလက္မွတ္ထိုးပြဲကို စက္တင္ဘာလ ၇ ရက္ေန႔က လြိဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမမွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီအခမ္းအနားမွာ ေအာင္ေနလင္းထြန္း ကုမၸဏီ လီမိတက္တာဝန္ရွိသူေတြ၊ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရဖြဲ႕ေတြအျပင္ ေတာင္သူေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။ အဆိုပါ ကတိျပဳစာခ်ဳပ္မွာ ေဈးကြက္မွလက္ခံေသာ၊ အမွာရွိတဲ့ မ်ိဳးေစ့သစ္ကို ေထာက္ပံ့ေပးဖို႔၊ ေတာင္သူဘက္ ေျမ၊ လုပ္အား၊ သြင္းအားစုယာဥ္က်ခံႏိုင္မႈေတြ သတ္မွတ္ဖို႔၊ စိုက္ပ်ိဳးမႈနည္းပညာနဲ႔ ရိတ္သိမ္းမႈနည္းပညာေထာက္ပံ့မႈ၊ ရိတ္သိမ္းတဲ့အခ်ိန္မွာ အရည္အေသြးနဲ႔ ေဈးႏႈန္းသတ္မွတ္ၿပီး ရာသီတခုစာ တည္ၿငိမ္းတဲ့ေဈႏႈန္းနဲ႔ဝယ္ယူေပးဖို႔ စတဲ့အခ်က္ေတြကို သေဘာတူလက္မွတ္ေရးထို ၾကတာျဖစ္ပါတယ္။ ေအာင္ေနလင္းထြန္းကုမၸဏီတည္ေထာင္သူ ဦးေငြထြန္းက “ေတာ္ေတာ္မ်ားမ်ားက ဒိလိုမ်ိဳးစာခ်ဳပ္နဲ႔လုပ္တယ္ဆိုရင္ေၾကာက္ၾကတယ္။ ဘယ္လိုမ်ိဳး ျဖစ္မွာလဲေပါ့။ က်ေနာ္တို႔ စာခ်ဳပ္ရဲ႕ပုံစံက ေတာင္သူရဲ႕တတ္ႏိုင္မႈအေပၚမွာမူတည္ပါတယ္။ တခ်ိဳ႕က ေျမပဲတတ္ႏိုင္တယ္။ တခ်ိဳ႕က အလုပ္သမားတတ္ႏိုင္တယ္။ တခ်ိဳ႕က သြင္းအားစုတတ္ႏိုင္တယ္။ တခ်ိဳ႕က ယာဥ္တို႔၊ ပို႔ေဆာင္ေရးတို႔ဘက္မွာတတ္ႏိုင္တယ္။ ဒီအေပၚမွာမူတည္ၿပီး က်ေနာ္တို႔စာခ်ဳပ္ခ်ဳပ္ပါတယ္။ ” လို႔ အခမ္းအနားအတြင္းမွာ ေျပာပါတယ္. ဒါ့အျပင္ ကုမၸဏီဘက္က ေပါက္ေဈးအတိုင္းဝယ္ယူမွာျဖစ္ၿပီး မဝယ္ယူႏိုင္ရင္ေတာ့ ဆုံးရႈံးနစ္နာမႈေတြကို တာဝန္ယူတာဝန္ခံမယ္ဆိုတာကိုလည္း စာခ်ဳပ္မွာ ထည့္ခ်ဳပ္ထားတယ္လို႔လည္း ေအာင္ေနလင္းထြန္းကုမၸဏီတည္ေထာင္သူ ဦးေငြထြန္းက ေျပာပါတယ္။ ကယားျပည္နယ္မွာ အခု ၂၀၁၉ ခုႏွစ္အတြင္း ေကာ္ဖီဧက ၄၀၀ ခန႔္အထိ တိုးခ်ဲ႕စိုက္ပ်ိဳးဖို႔ရွိၿပီး လ်ာထားၿပီး တႏွစ္ကို ေကာ္ဖီတန္ ၁၂၀ အထိ ထုပ္လုပ္ဖို႔ ရည္မွန္းထားတယ္လို႔ ဦးေငြထြန္းက အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။ “ဟိုယာ၊ ဘီယာေဒသမွာ ဧက ၂၀ ေနာက္ၿပီး လြိဳင္လင္ေလး ေဒသမွာ ၁၀ ဧက ေနာက္တခုကေတာ့ ရွားေတာ့မွာ ၁၀ ဧက က်ေနာ္တို႔ဒါကို ဒီႏွစ္မွာစၿပီးေတာ့ pilot project နဲ႔စတယ္။ ဘာလို႔လဲဆိုေတာ့ ေကာ္ဖီစိုက္ပ်ိဳးမႈ စနစ္ေတြကို က်ေနာ္တို႔ေပးၿပီးမွ ေနာက္လူေတြကို ဒီဟာကိုၾကည့္ၿပီးေတာ့ ဆက္လက္ၿပီးေတာ့လုပ္ကိုင္ႏိုင္ဖို႔ ဆိုၿပီးေတာ့ က်ေနာ္တို႔ ဒီ pilot project ကို စပါတယ္။ အဲေတာ့ ဒီႏွစ္ ၂၀၁၉မွာ က်ေနာ္တို႔ ဧက ၁၅၀ ေလာက္ေလာေလာဆယ္ စိုက္ပ်ိဳးဖို႔ဆိုၿပီးေတာ့ ကတိေပးထားတာရွိပါတယ္။ က်ေနာ္တို႔ ဒီႏွစ္မွာ ခန႔္မွန္ေျခအားလုံးေပါင္း ဧက ၄၀၀ ကယားျပည္နယ္တခုတည္းမွာ စိုက္ဖို႔ဆိုၿပီးေတာ့ ရည္႐ြယ္ထားပါတယ္။ ” ဒါ့အျပင္ လက္ရွိမွာလည္း ကယားျပည္နယ္ကထြက္ရွိတဲ့ ေကာ္ဖီေတြကို စင္ကာပူ၊ ဂ်ပန္နဲ႔ ေဟာင္ေကာင္တို႔မွာ ကယားျပည္နယ္ေကာ္ဖီဆိုၿပီးေရာက္ရွိ ေရာင္းခ်ေနၿပီလို႔လည္း ေပါပါတယ္။ ဒါ့အျပင္ ဒီေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္မႈအားျဖင့္ အမ်ိဳးသား ၄၀ ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသမီး ၆၀ ရာခိုင္ႏႈန္းကို အလုပ္အကိုင္ ဖန္တီးေပးႏိုင္မယ္လို႔ ဆိုပါတယ္။ ေကာ္ဖီအျပင္တျခား OGENIC သီးႏွံေတြျဖစ္တဲ့ လက္ဖက္၊ ပင္မွည့္၊ င႐ုတ္နဲ႔ ဂ်ပန္ႏိုင္ငံက ေ႐ႊဖ႐ုံသီးေတြကိုလည္း စိုက္ပ်ိဳးႏိုင္ေအာင္ လ်ာထားတယ္လို႔လည္း ေျပာပါတယ္။ ေဒသခံအဖြဲ႕အစည္းတခုျဖစ္တဲ့ ကယားဖူးအဖြဲ႕အစည္းက တာဝန္ရွိသူတဦးျဖစ္တဲ့ ေဒၚေနာ္ေလးျမာကေတာ့ ေတာင္သူေတြအတြက္ လိုအပ္ေနတာ နည္းပညာနဲ႔ ေဈးကြက္သာ လိုအပ္တယ္လို႔ ေျပာပါတယ္။ “တကယ္တမ္းက်ေတာ့ ေတာင္သူက အေရးႀကီးဆုံးကေတာ့ နည္းပညာျဖစ္ပါတယ္။ ဆိုေတာ့ သူတို႔ကို စနစ္တက်နဲ႔ နည္းပညာခ်ျပေပးရင္ေတာ့ သူတို႔က ေကာင္းေကာင္းနဲ႔ စိုက္ပ်ိဳးေနၾကပဲဆိုေတာ့ ဒီထက္ေကာင္းမြန္တဲ့ အရည္အေသြးေတြတက္လာမွာေပါ့။ ေနာက္ၿပီးေတာ့ အဓိကေတာ့ ေဈးကြက္ ခ်ိတ္ဆက္မႈပါပဲ။ တကယ္တမ္းက်ေတာ့ က်မတို႔ဆီမွာ တႏိုင္တပိုင္စိုက္ၾကပါတယ္။ ဒါေပမယ့္ ေဈးကြက္ေရာင္းတဲ့အခါမွာ ထုတ္လုပ္မႈစနစ္ကလည္း နည္းနည္းေလးအားနည္ေသးတဲ့အခါမွာ ေဈးကြက္က က်မတို႔ လိုခ်င္တဲ့ေဈးကြက္မရဘူးေပါ့။ ဒါေပမယ့္ အခုေဈးကြက္ကို ဝင္ဖို႔ ဒီဉာဏ္ႀကီးရွင္ကို က်မတို႔ ေရာင္းတဲ့အခါမွာ က်မတို႔လိုခ်င္တဲ့ ေဈးကြက္ကိုေပးမယ္။ ဆိုေတာ့ စနစ္တက်ထုတ္လုပ္တတ္မယ္ အရည္အေသြးေကာင္းမြန္ လာၿပီဆိုလို႔ရွိရင္ ေဈးကြက္ျမင့္သြားၿပီေလ။ ” ေအာင္ေနလင္းထြန္း ကုမၸဏီလီလီမိတက္ (ဉာဏ္ႀကီးရွင္ ရွမ္းေတာင္ျမင့္ေကာ္ဖီ)ဟာ ျမန္မာႏိုင္ငံတဝွမ္းက ေကာ္ဖီေတြကို ဝယ္ယူၿပီး ေကာ္ဖီအမ်ိဳးအစား ၂၅ မ်ိဳးေလာက္ထုတ္လုပ္ၿပီး ျပည္တြင္းျပည္ပကို ျဖန႔္ျဖဴ ေရာင္းခ်ေနပါတယ္။ ျပည္အေနနဲ႔ ႏိုင္ငံေပါင္း ၂၀ ေက်ာ္ကိုေပးပို႔ေရာင္းခ်ေနၿပီး ဂ်ပန္ႏိုင္ငံကို အဓိက တင္ပို႔ေရာင္းခ်ေနတာလည္းျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024