Home
မြန်မာသတင်း
လွတ်လပ်မျှတမှုမရှိသည့် တရားစီရင်ရေးစနစ်နှင့် စစ်ပွဲအလိုမရှိကြောင်း ကချင်စစ်ရှောင်များ ဆန္ဒပြ
နော်နိုရင်း
·
September 9, 2019
ကချင်စစ်ရှောင်ပြည်သူတွေခံစားနေရဲ့ ဒုက္ခတွေ သိရှိဖို့၊ လွတ်လပ်ပြီးမျှတမှု မရှိတဲ့ တရားစီရင်ရေးစနစ်နဲ့ စစ်ပွဲအလိုမရှိကြောင်း ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ဒီနေ့မနက်ပိုင်းက ကချင်စစ်ရှောင်တွေ ဆန္ဒပြခဲ့ကြပါတယ်။ ကချင်စစ်ရှောင်လူငယ်တွေ စုဝေးပြီး မြစ်ကြီးနားမြို့ တရားရုံးအနောက်ဘက်မှာ စစ်ရှောင် ပြည်သူတွေခံစားနေရဲ့ ဒုက္ခတွေကို မြို့ပေါ်မှာ နေထိုင်တဲ့ပြည်သူလည်း သိရှိနားလည်ဖို့၊ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးအလိုမရှိ၊ စစ်ဟာ အဖြေမဟုတ်ကြောင်း၊ စစ်ကြောင့် ပြည်သူတွေခံစားနေရတာတွေ တော်သင့်ပြီဆိုပြီး ဆန္ဒပြတောင်းဆိုနေကြတာပါ။  ဒီဆန္ဒပြ တောင်းဆိုမှုကို စက်တင်ဘာလ ၅၊ ၆ နဲ့ ဒီကနေ့ ၉ ရက်နေ့ ၃ ရက်တာ ကျင်းပပြုလုပ်တာလို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ “အဓိကဆန္ဒပြတာက နံပါတ် ၁ အချက်က စစ်ရှောင်ပြည်သူတွေ ခံစားနေတဲ့ ဒုက္ခတွေကို မြို့ပေါ်မှာ နေထိုင်တဲ့ပြည်သူတွေလည်း သိရှိပြီးတော့ တကယ့်တကယ် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ နေရာမှာ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့အတွက်ပေါ့နော်။ ဒုတိယကကျတော့ လွန်ခဲ့တဲ့အပတ်မှာ ကျမတို့ရဲ့ လူငယ်ခေါင်းဆောင် ၂ ဦး ကိုပေါလုနဲ့မဆိုင်းနုပန် ပုဒ်မ ၁၉ ငြိမ်းစုစီနဲ့ထောင်ကျ သွားတယ်ပေါ့နော်။ အဲလို လွတ်လပ်ပြီးမျှတမှု မရှိတဲ့တရားစီရင်ရေးစနစ်ကို မလိုချင်ဘူး။ ဒါကြောင့်မို့လို့ အခု အိုင်ဒီပီကမ့်က လူငယ်တွေ ဦးစီးဦးဆောင်ပြီးတော့ ဆန္ဒထုတ်ဖော်နေတာ ဖြစ်တယ်။ နော်ကထပ်တခုက ပြည်သူတွေက စစ်ရဲ့ဓားစာခံ မဟုတ်ဘူးပေါ့နော်။ အခုဒီနေ့ဒီမှာ ဆန္ဒထုတ်ဖော်တာဆိုရင် စစ်ရှောင်ကမ့်အသီးသီးက လူငယ်တွေ ပူးပေါင်းပြီးမှ ဒီလိုအတူတကွ ဆန္ဒထုတ်ဖော်ရခြင်းပဲဖြစ်တယ်။ သူတို့တွေက အဓိက ထုတ်ဖော်တာဟာ စစ်ဟာ အဖြေ မဟုတ်ဘူး။ စစ်ကြောင့်ပြည်သူတွေခံစားနေရတာက တော်သင့်ပြီဆိုတဲ့ ဆောင်ပုဒ်တွေကို ကိုင်ဆောင်ပြီးတော့ တောင်းဆိုနေတာဖြစ်ပါတယ်။ ” ဒီကနေ့ ဆန္ဒပြပွဲမှာတော့ ရဲကား၊ စစ်တပ်ကားနဲ့ တင့်တာတွေနဲ့ လှည့်လည်နေတာကို တွေ့ရတဲ့အတွက် ဒါဟာ မေးခွန်းထုတ်စရာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။  “ကျမတို့လည်း မေးခွန်းထုတ်စရာဖြစ်နေတယ်။ အခု ဒီနေ့ မြို့ထဲပတ်နေတာ ၃ ကြိမ် လောက်ရှိနေပြီပေါ့နော်။ ကျမတို့ဆန္ဒပြနေတဲ့ရှေ့ကတင့်ကားတွေ စစ်သားစစ်အင်အားတွေ နည်းနည်းများတယ်။ သူတို့ရဲ့ကား လူအင်အား ၅စီးလောက်နဲ့ တင့်ကား ၃ စီးလောက်နဲ့ သူတို့တွေ သွားနေတာ။ ပြီးတော့ အခုနတုန်းကလည်းတခေါက်ထပ်ဖြတ်သွားသေးတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ကလည်း ဒီပေါ်မှာ ဘာလဲလို့မေးခွန်းထုတ်မိတယ်။ မြို့ပေါ်မှာ ပြည်သူတွေနေတထိုင်တဲ့ မြို့ပေါ်မှာ စစ်ရေးပြသလို ဒီလိုလိုက်ပတ်နေတာတွေက သူတိုတွေဘာအစီစဉ်ရှိလဲတော့မသိဘူး. ပြည်သူတယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒါက မလုပ်သင့်ဘူးပေါ့နော်။ ပြီးတော့ စစ်တပ်က ဒီလို သွားနေတဲ့ဟာကို ရဲဖက်ဆိုင်ရာ ရဲကားတွေက လုံခြုံရေး လိုက်ယူသလိုမျိုး လိုက်လုပ်နေသေးတယ် ဆိုတော့ ကျမတို့လည်း စဉ်းစားစရာတွေ အရမ်းများနေတယ်။ ” ဇွန် ၉ ရက်နေက တကျော့ပြန်စစ်ပွဲဖြစ်ပွားခြင်း ၈ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့  မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံအနီးနှင့် ပြည်သူ့ရင်ပြင်မှာ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝတေးသရုပ်ဖော်မှု အစီအစဉ်ပြုလုပ်ခဲ့ကြပြီး ဦးဆောင်သူ ကိုပေါလုနဲ့ မဆိုင်းနူးပန်ကို ငြိမ်းစုစီပုဒ်မှ ၁၂ နဲ့  စက်တင်ဘာ ၂ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒီအပေါ် ကိုပေါလုက မကျေနပ်လို့ မြို့နယ်တရားသူကြီအား ကြိုးညာပြတ်ချိန်ခွင်ကို ‌ပေးဆောင်ခဲ့ပါတယ်။ ဒီအပေါ် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက  ပြည်သူ့ဝန်ထမ်း တရားစီရင်ရေးဆောင်ရွက် နေစဉ် တမင်နှောင့်ယှက် မထီမဲ့မြင်ပြုမှုတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၈ နဲ့ ဦးတိုက်လျှောက်ခဲ့လို့ ကိုပေါလုကို မြစ်ကြီးနားမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၂၂၈ နဲ့ စက်တင်ဘာလ ၆ ရက်နေ့က ထောင်ဒဏ် ၃ လ ထပ်မံချမှတ်ခဲ့ပါတယ်။ ဓာတ်ပုံ - ထွန်းထွန်းသိန်း
လြတ္လပ္မွ်တမႈမရွိသည့္ တရားစီရင္ေရးစနစ္ႏွင့္ စစ္ပြဲအလိုမရွိေၾကာင္း ကခ်င္စစ္ေရွာင္မ်ား ဆႏၵျပ ေနာ္ႏိုရင္း ကခ်င္စစ္ေရွာင္ျပည္သူေတြခံစားေနရဲ႕ ဒုကၡေတြ သိရွိဖို႔၊ လြတ္လပ္ၿပီးမွ်တမႈ မရွိတဲ့ တရားစီရင္ေရးစနစ္နဲ႔ စစ္ပြဲအလိုမရွိေၾကာင္း ကခ်င္ျပည္နယ္ျမစ္ႀကီးနားၿမိဳ႕မွာ ဒီေန႔မနက္ပိုင္းက ကခ်င္စစ္ေရွာင္ေတြ ဆႏၵျပခဲ့ၾကပါတယ္။ ကခ်င္စစ္ေရွာင္လူငယ္ေတြ စုေဝးၿပီး ျမစ္ႀကီးနားၿမိဳ႕ တရား႐ုံးအေနာက္ဘက္မွာ စစ္ေရွာင္ ျပည္သူေတြခံစားေနရဲ႕ ဒုကၡေတြကို ၿမိဳ႕ေပၚမွာ ေနထိုင္တဲ့ျပည္သူလည္း သိရွိနားလည္ဖို႔၊ လြတ္လပ္ၿပီး တရားမွ်တမႈမရွိတဲ့ တရားစီရင္ေရးအလိုမရွိ၊ စစ္ဟာ အေျဖမဟုတ္ေၾကာင္း၊ စစ္ေၾကာင့္ ျပည္သူေတြခံစားေနရတာေတြ ေတာ္သင့္ၿပီဆိုၿပီး ဆႏၵျပေတာင္းဆိုေနၾကတာပါ။ ဒီဆႏၵျပ ေတာင္းဆိုမႈကို စက္တင္ဘာလ ၅၊ ၆ နဲ႔ ဒီကေန႔ ၉ ရက္ေန႔ ၃ ရက္တာ က်င္းပျပဳလုပ္တာလို႔ ဆႏၵျပပြဲဦးေဆာင္သူတဦးျဖစ္တဲ့ ဆြတ္ဆိုင္းထြယ္က ေျပာပါတယ္။ “အဓိကဆႏၵျပတာက နံပါတ္ ၁ အခ်က္က စစ္ေရွာင္ျပည္သူေတြ ခံစားေနတဲ့ ဒုကၡေတြကို ၿမိဳ႕ေပၚမွာ ေနထိုင္တဲ့ျပည္သူေတြလည္း သိရွိၿပီးေတာ့ တကယ့္တကယ္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္တဲ့ ေနရာမွာ ဒါေတြကို ထည့္သြင္းစဥ္းစားဖို႔အတြက္ေပါ့ေနာ္။ ဒုတိယကက်ေတာ့ လြန္ခဲ့တဲ့အပတ္မွာ က်မတို႔ရဲ႕ လူငယ္ေခါင္းေဆာင္ ၂ ဦး ကိုေပါလုနဲ႔မဆိုင္းႏုပန္ ပုဒ္မ ၁၉ ၿငိမ္းစုစီနဲ႔ေထာင္က် သြားတယ္ေပါ့ေနာ္။ အဲလို လြတ္လပ္ၿပီးမွ်တမႈ မရွိတဲ့တရားစီရင္ေရးစနစ္ကို မလိုခ်င္ဘူး။ ဒါေၾကာင့္မို႔လို႔ အခု အိုင္ဒီပီကမ့္က လူငယ္ေတြ ဦးစီးဦးေဆာင္ၿပီးေတာ့ ဆႏၵထုတ္ေဖာ္ေနတာ ျဖစ္တယ္။ ေနာ္ကထပ္တခုက ျပည္သူေတြက စစ္ရဲ႕ဓားစာခံ မဟုတ္ဘူးေပါ့ေနာ္။ အခုဒီေန႔ဒီမွာ ဆႏၵထုတ္ေဖာ္တာဆိုရင္ စစ္ေရွာင္ကမ့္အသီးသီးက လူငယ္ေတြ ပူးေပါင္းၿပီးမွ ဒီလိုအတူတကြ ဆႏၵထုတ္ေဖာ္ရျခင္းပဲျဖစ္တယ္။ သူတို႔ေတြက အဓိက ထုတ္ေဖာ္တာဟာ စစ္ဟာ အေျဖ မဟုတ္ဘူး။ စစ္ေၾကာင့္ျပည္သူေတြခံစားေနရတာက ေတာ္သင့္ၿပီဆိုတဲ့ ေဆာင္ပုဒ္ေတြကို ကိုင္ေဆာင္ၿပီးေတာ့ ေတာင္းဆိုေနတာျဖစ္ပါတယ္။ ” ဒီကေန႔ ဆႏၵျပပြဲမွာေတာ့ ရဲကား၊ စစ္တပ္ကားနဲ႔ တင့္တာေတြနဲ႔ လွည့္လည္ေနတာကို ေတြ႕ရတဲ့အတြက္ ဒါဟာ ေမးခြန္းထုတ္စရာျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ “က်မတို႔လည္း ေမးခြန္းထုတ္စရာျဖစ္ေနတယ္။ အခု ဒီေန႔ ၿမိဳ႕ထဲပတ္ေနတာ ၃ ႀကိမ္ ေလာက္ရွိေနၿပီေပါ့ေနာ္။ က်မတို႔ဆႏၵျပေနတဲ့ေရွ႕ကတင့္ကားေတြ စစ္သားစစ္အင္အားေတြ နည္းနည္းမ်ားတယ္။ သူတို႔ရဲ႕ကား လူအင္အား ၅စီးေလာက္နဲ႔ တင့္ကား ၃ စီးေလာက္နဲ႔ သူတို႔ေတြ သြားေနတာ။ ၿပီးေတာ့ အခုနတုန္းကလည္းတေခါက္ထပ္ျဖတ္သြားေသးတယ္။ အဲဒါေၾကာင့္မို႔လို႔ က်မတို႔ကလည္း ဒီေပၚမွာ ဘာလဲလို႔ေမးခြန္းထုတ္မိတယ္။ ၿမိဳ႕ေပၚမွာ ျပည္သူေတြေနတထိုင္တဲ့ ၿမိဳ႕ေပၚမွာ စစ္ေရးျပသလို ဒီလိုလိုက္ပတ္ေနတာေတြက သူတိုေတြဘာအစီစဥ္ရွိလဲေတာ့မသိဘူး. ျပည္သူတေယာက္အေနနဲ႔ ၾကည့္မယ္ဆိုရင္ ဒါက မလုပ္သင့္ဘူးေပါ့ေနာ္။ ၿပီးေတာ့ စစ္တပ္က ဒီလို သြားေနတဲ့ဟာကို ရဲဖက္ဆိုင္ရာ ရဲကားေတြက လုံၿခဳံေရး လိုက္ယူသလိုမ်ိဳး လိုက္လုပ္ေနေသးတယ္ ဆိုေတာ့ က်မတို႔လည္း စဥ္းစားစရာေတြ အရမ္းမ်ားေနတယ္။ ” ဇြန္ ၉ ရက္ေနက တေက်ာ့ျပန္စစ္ပြဲျဖစ္ပြားျခင္း ၈ ႏွစ္ျပည့္အထိမ္းအမွတ္အေနနဲ႔ ျမစ္ႀကီးနားၿမိဳ႕ စိမ္းျမဧရာပန္းၿခံအနီးႏွင့္ ျပည္သူ႔ရင္ျပင္မွာ စစ္ေဘးဒုကၡသည္ေတြရဲ႕ ဘဝေတးသ႐ုပ္ေဖာ္မႈ အစီအစဥ္ျပဳလုပ္ခဲ့ၾကၿပီး ဦးေဆာင္သူ ကိုေပါလုနဲ႔ မဆိုင္းႏူးပန္ကို ၿငိမ္းစုစီပုဒ္မွ ၁၂ နဲ႔ စက္တင္ဘာ ၂ ရက္ေန႔မွာ ေထာင္ဒဏ္ ၁၅ ရက္ ျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။ ဒီအေပၚ ကိုေပါလုက မေက်နပ္လို႔ ၿမိဳ႕နယ္တရားသူႀကီအား ႀကိဳးညာျပတ္ခ်ိန္ခြင္ကို ‌ေပးေဆာင္ခဲ့ပါတယ္။ ဒီအေပၚ ၿမိဳ႕နယ္တရားသူႀကီး ဦးသန္းထြန္းက ျပည္သူ႔ဝန္ထမ္း တရားစီရင္ေရးေဆာင္႐ြက္ ေနစဥ္ တမင္ေႏွာင့္ယွက္ မထီမဲ့ျမင္ျပဳမႈတယ္ဆိုၿပီး ရာဇသတ္ႀကီးပုဒ္မ ၂၂၈ နဲ႔ ဦးတိုက္ေလွ်ာက္ခဲ့လို႔ ကိုေပါလုကို ျမစ္ႀကီးနားၿမိဳ႕နယ္တရား႐ုံးက ရာဇသတ္ႀကီးပုဒ္မ ၂၂၈ နဲ႔ စက္တင္ဘာလ ၆ ရက္ေန႔က ေထာင္ဒဏ္ ၃ လ ထပ္မံခ်မွတ္ခဲ့ပါတယ္။ ဓာတ္ပုံ - ထြန္းထြန္းသိန္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024