Home
မြန်မာသတင်း
အဂတိမှုဖြင့် တရားစွဲခံထားရသည့် အင်းစိန် BPI စက်ရုံမှူးကို ဝန်ထမ်းများ ထောက်ခံဝန်းရံ 
ပြည့်ဘုန်းအောင်
·
September 9, 2019
6
5
4
3
2
70878208_2579886668740828_1961882142451433472_n
70496471_2098898953749575_8025309459599327232_n
69859777_2098898787082925_8052186342735478784_n
69826650_2098898667082937_3040978648208244736_n
69752320_2098898723749598_3637391473516740608_n
69712223_2098898617082942_3280338326665560064_n
အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ တရားစွဲခံထားရတဲ့ အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးရာ ဝန်ထမ်းတွေက လာရောက်ဝန်းရံ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ဟာ ကိုယ်ကျိုးမဖက်ဘဲ စက်ရုံ တိုးတက်အောင်ပဲ လုပ်ဆောင်ခဲ့တယ်ဆိုပြီး BPI စက်ရုံဝန်ထမ်းအယောက် ၁၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ “စက်ရုံမှူးက ရိုးသားတယ်။ ဝန်ထမ်းတွေအပေါ်လည်း သက်ညှာမှုရှိတယ်၊ ဒီအမှုကို သူကျူးလွန်မယ်လို့ မထင်ဘူး၊ အဲ့ဒါကြောင့် ကိုယ့်ဆန္ဒနဲ့ ကိုယ် လာရောက်ဝန်းရံတာပါ” လို့ BPI စက်ရုံ ဝန်ထမ်း ဦးအုန်းမောင်က ပြောပါတယ်။ BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ဟာ ဆေးဝါးတွေ ထုပ်ပိုးဖို့အတွက် လိုအပ်တဲ့ ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဝယ်ယူခဲ့တာကြောင့် အဂတိလိုက်စားမှုနဲ့ အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အဂတိမႈျဖင့္ တရားစြဲခံထားရသည့္ အင္းစိန္ BPI စက္႐ုံမႉးကို ဝန္ထမ္းမ်ား ေထာက္ခံဝန္းရံ ျပည့္ဘုန္းေအာင္ အဂတိလိုက္စားမႈစြပ္စြဲခ်က္နဲ႔ တရားစြဲခံထားရတဲ့ အင္းစိန္ BPI ေဆးဝါးစက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ကို အင္းစိန္ ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးမွာ ဒီေန႔ ႐ုံးထုတ္စစ္ေဆးရာ ဝန္ထမ္းေတြက လာေရာက္ဝန္းရံ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ အင္းစိန္ BPI ေဆးဝါးစက္႐ုံမႉး ေဒါက္တာ ေအာင္ေဇာ္ဟာ ကိုယ္က်ိဳးမဖက္ဘဲ စက္႐ုံ တိုးတက္ေအာင္ပဲ လုပ္ေဆာင္ခဲ့တယ္ဆိုၿပီး BPI စက္႐ုံဝန္ထမ္းအေယာက္ ၁၀၀ ေက်ာ္က ဆႏၵေဖာ္ထုတ္ခဲ့ၾကတာပါ။ “စက္႐ုံမႉးက ႐ိုးသားတယ္။ ဝန္ထမ္းေတြအေပၚလည္း သက္ညႇာမႈရွိတယ္၊ ဒီအမႈကို သူက်ဴးလြန္မယ္လို႔ မထင္ဘူး၊ အဲ့ဒါေၾကာင့္ ကိုယ့္ဆႏၵနဲ႔ ကိုယ္ လာေရာက္ဝန္းရံတာပါ” လို႔ BPI စက္႐ုံ ဝန္ထမ္း ဦးအုန္းေမာင္က ေျပာပါတယ္။ BPI စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ဟာ ေဆးဝါးေတြ ထုပ္ပိုးဖို႔အတြက္ လိုအပ္တဲ့ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္းနဲ႔မညီဘဲ ဝယ္ယူခဲ့တာေၾကာင့္ အဂတိလိုက္စားမႈနဲ႔ အေရးယူလိုက္ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024