ဆီးရီးယားတွင် အမေရိကန်-တူရကီ ပူးပေါင်းကင်းလှည့် 

Photo : Reuters
ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်မှာ အမေရိကန်-တူရကီ ပူးပေါင်းကင်းလှည့် စစ်ဆင်ရေးကို  စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက စတင်ခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်း ဆီးရီးယားနဲ့ တူရကီ နယ်စပ်အကြား ဘေးကင်းဇုန် တည်ထောင်ဖို့ ကြိးပမ်းမှု ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။   ဆီးရီးယားအနောက်မြောက်ဘက် နယ်စပ်နားက တူရကီနယ်စပ်မြို့ အက်ကာခါလီမြို့ အရှေ့ဘက် ၉ မိုင်အကွာမှာ တူရကီအလံ လွှင့်ထူထားတဲ့ ကားတွေဟာ အမေရိကန်အလံ လွှင့်ထားတဲ့ ကားတွေနဲ့ သွားရောက် ပူးပေါင်းခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်စပ်နားက ယူဖရေးတီးမြစ် အရှေ့ဘက်ဒေသဟာ ကာဒ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPG တွေ ထိန်းချုပ်ထားတဲ့ နယ်မြေပါ။ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ တူရကီဟာ ဆီးရီးယား-တူရကီ နယ်စပ်မှာ ရဟတ်ယာဉ်တွေ သုံးပြီး လေကြောင်းကင်းလှည့်တဲ့ စစ်ဆင်ရေးကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဆီးရီးယားတြင္ အေမရိကန္-တူရကီ ပူးေပါင္းကင္းလွည့္  ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ဘက္မွာ အေမရိကန္-တူရကီ ပူးေပါင္းကင္းလွည့္ စစ္ဆင္ေရးကို  စက္တင္ဘာ ၈ ရက္ေန႔ မနက္ပိုင္းက စတင္ခဲ့ပါတယ္။ ဒါဟာ အိမ္နီးခ်င္း ဆီးရီးယားနဲ႔ တူရကီ နယ္စပ္အၾကား ေဘးကင္းဇုန္ တည္ေထာင္ဖို႔ ႀကိးပမ္းမႈ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ဆီးရီးယားအေနာက္ေျမာက္ဘက္ နယ္စပ္နားက တူရကီနယ္စပ္ၿမိဳ႕ အက္ကာခါလီၿမိဳ႕ အေရွ႕ဘက္ ၉ မိုင္အကြာမွာ တူရကီအလံ လႊင့္ထူထားတဲ့ ကားေတြဟာ အေမရိကန္အလံ လႊင့္ထားတဲ့ ကားေတြနဲ႔ သြားေရာက္ ပူးေပါင္းခဲ့ပါတယ္။ ႏွစ္ႏိုင္ငံ နယ္စပ္နားက ယူဖေရးတီးျမစ္ အေရွ႕ဘက္ေဒသဟာ ကာဒ့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ YPG ေတြ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမပါ။ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံေတြ ျဖစ္ၾကတဲ့ အေမရိကန္နဲ႔ တူရကီဟာ ဆီးရီးယား-တူရကီ နယ္စပ္မွာ ရဟတ္ယာဥ္ေတြ သုံးၿပီး ေလေၾကာင္းကင္းလွည့္တဲ့ စစ္ဆင္ေရးကိုလည္း ပူးေပါင္းလုပ္ေဆာင္ခဲ့ၿပီး ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up