Home
မြန်မာသတင်း
အဆင့်မြှင့်တင်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း စတင်ဖွင့်လှစ်
ပြည့်ဘုန်းအောင်
·
September 9, 2019
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်နေတာမှာ ကြည့်မြင့်တိုင်ဘူတာကနေ ဘုရားလမ်းဘူတာ ရန်ကုန်မြို့ ဗိုလ်ချုပ်စျေးအနောက်ပေါက်အထိ လမ်းတခြမ်း ပြီးစီးသွားတာကြောင့် ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။  ရထားအချိန်စာရင်း မပြောင်းလဲပေမယ့် လမ်းသစ်ကနေ ရန်ကုန်မှ အင်းစိန်၊ တညင်းကုန်း၊ လှော်ကားကို သွားမယ့်ရထားတွေကို စတင်ပြေးဆွဲမှာပါ။  ရန်ကုန်မြို့ပတ် ရထားလမ်းပြင်ဆင်မှုဟာ တညင်းကုန်း-အင်းစိန်- ကြည့်မြင်တိုင်လမ်းပိုင်း မှာ နှစ်လမ်းစလုံး ပြင်ဆင်ပြီးသွားပြီလို့ မြန်မာနီးရထားက ဆိုပါတယ်။ ကျန်နေသေးတဲ့ ကြည့်မြင်တိုင်-ဘုရားလမ်း ရထားလမ်းတခြမ်းကို ဒီကနေ့မှာ စတင်အဆင်မြင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရဲ့ အရှေ့ဘက်အခြမ်း တညင်းကုန်း-မင်္ဂလာဒုံ- ပရွက်ဆိတ်ကုန်း လမ်းပိုင်းကိုတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ပြန်လည်ဖွင့်လှစ်ဖို့ မြန်မာ့မီးရထားက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆင့္ျမင့္တင္ေနသည့္ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း စတင္ဖြင့္လွစ္ ျပည့္ၿဖိဳးေက်ာ္ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္ေနတာမွာ ၾကည့္ျမင့္တိုင္ဘူတာကေန ဘုရားလမ္းဘူတာ ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေစ်းအေနာက္ေပါက္အထိ လမ္းတျခမ္း ၿပီးစီးသြားတာေၾကာင့္ ဒီကေန႔ စတင္ဖြင့္လွစ္လိုက္ပါတယ္။ ရထားအခ်ိန္စာရင္း မေျပာင္းလဲေပမယ့္ လမ္းသစ္ကေန ရန္ကုန္မွ အင္းစိန္၊ တညင္းကုန္း၊ ေလွာ္ကားကို သြားမယ့္ရထားေတြကို စတင္ေျပးဆြဲမွာပါ။ ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္းျပင္ဆင္မႈဟာ တညင္းကုန္း-အင္းစိန္- ၾကည့္ျမင္တိုင္လမ္းပိုင္း မွာ ႏွစ္လမ္းစလုံး ျပင္ဆင္ၿပီးသြားၿပီလို႔ ျမန္မာနီးရထားက ဆိုပါတယ္။ က်န္ေနေသးတဲ့ ၾကည့္ျမင္တိုင္-ဘုရားလမ္း ရထားလမ္းတျခမ္းကို ဒီကေန႔မွာ စတင္အဆင္ျမင့္ျပင္ဆင္မႈေတြ ျပဳလုပ္ေနပါတယ္။ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းရဲ႕ အေရွ႕ဘက္အျခမ္း တညင္းကုန္း-မဂၤလာဒုံ- ပ႐ြက္ဆိတ္ကုန္း လမ္းပိုင္းကိုေတာ့ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ ျပန္လည္ဖြင့္လွစ္ဖို႔ ျမန္မာ့မီးရထားက ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024