Home
မြန်မာသတင်း
ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁ လတာ တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာ
DVB
·
September 9, 2019
ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ၁ လတာ တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာချက်လိုက်ပါတယ်။ ညီနောင်မဟာမိတ် ၃  ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) ရခိုင် (ULA/AA) တို့က ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းတွေ လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘ‌ာ ၈ ရက်နေ့အထိ ၁ လတာ တဖက်သတ် အပစ်အခတ်ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။ တီအန်အလ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က “အားလုံးအပြည့်အစုံပါပါတယ်။ အဓိကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အတွက်ကို ကျနော်တို့ တိုက်ပွဲကို ၁ လ တဖက်သတ် အပစ်ရပ်ထားတာဖြစ်တယ်” လို့ ပြောပါတယ်။  ကြေညာထားတဲ့ ကာလအတွင်း မြန်မာစစ်တပ်အား လက်ဦးမှုယူ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မပြလုပ်ပေမဲ့ မြန်မာစစ်တပ်က စတင်တိုက်ခိုက်တာ၊ မိမိတို့ဒေသတွင်း စစ်ဆင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လာရောက်ပြုလုပ်တာ၊ လက်နက်ကြီးအမြောက်တွေနဲ့ စုပြုံပစ်ခတ်တိုက်ခိုက်တာ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်လာမည်ဆိုပါက ခုခံကာကွယ်တဲ့အနေနဲ့ အချိန်နေရာမရွေး ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်းမှာ သြဂုတ်​လ ၉ ရက်​​နေ့ကစပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တီအန်အယ်အေ၊ အေအေ၊ ကိုးကန့်အဖွဲ့တို့နဲ့ တပ်​မ​တော်​ကြား တိုက်​ပွဲတွေ ဖြစ်​ပွားနေတာဖြစ်ပြီး တိုက်​ပွဲ​ကြောင့် စစ်​​ဘေး​ရှောင်​ ပြည်​သူ​တွေ ​ထောင်​နဲ့ချီ ထွက်​​ပြေးတိမ်းရှောင်ခဲ့ရကာ သေဆုံး ဒဏ်ရာရတွေလည်း ရှိခဲ့ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပထမဆုံးအကြိမ် ၁ လတာ တဖတ်သက် အပစ်ရပ်စဲကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ တပ်မတော်ကတော့ စစ်တိုင်း ၅ ခုမှာ စစ်ရေး လှုပ်ရှားတာတွေ ရပ်ဖို့ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ တကြိမ်၊ ၂၀၁၉ မေ ၁ ရက်ကနေ ဇွန် ၃၀ အထိ တကြိမ်၊ ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ တကြိမ် ၃ ကြိမ် ကြေညာထားပါတယ်။ နောက်ဆုံးအကြိမ် စက်တင်ဘာ ၁ ရက်အထိ ၂၁ ရက်အထိ တဖက်သတ်အပစ်ရပ် ၁ ကြိမ် ထပ်ပြီး ကြေညာထားပါတယ်။
ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ၁ လတာ တဖက္သတ္အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာ DVB ျပည္တြင္းစစ္ပြဲရပ္တန႔္ၿပီး ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းေရးလုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ၁ လတာ တဖက္သတ္အပစ္အခတ္ရပ္စဲေၾကာင္း ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ဒီေန႔ ထုတ္ျပန္ေၾကညာခ်က္လိုက္ပါတယ္။ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ ကိုးကန႔္ (MNTJP/MNDAA)၊ တအာင္း (PSLF/TNLA) ရခိုင္ (ULA/AA) တို႔က ျပည္တြင္းစစ္ပြဲရပ္တန႔္ၿပီး ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းေရးလုပ္ငန္းေတြ လက္ေတြ႕က်က်ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာ ၉ ရက္ကေန ေအာက္တိုဘ‌ာ ၈ ရက္ေန႔အထိ ၁ လတာ တဖက္သတ္ အပစ္အခတ္ရပ္ဆိုင္းလိုက္တာလို႔ ဆိုပါတယ္။ တီအန္အလ္ေအ ေျပာခြင့္ရသူ ဗိုလ္မႉးမိုင္အိုက္ေက်ာ္က “အားလုံးအျပည့္အစုံပါပါတယ္။ အဓိကေတာ့ က်ေနာ္တို႔ ေတြ႕ဆုံေဆြးေႏြးေရးလုပ္ငန္းမ်ား လက္ေတြ႕က်က် အေကာင္အထည္ေဖာ္ဖို႔အတြက္ကို က်ေနာ္တို႔ တိုက္ပြဲကို ၁ လ တဖက္သတ္ အပစ္ရပ္ထားတာျဖစ္တယ္” လို႔ ေျပာပါတယ္။ ေၾကညာထားတဲ့ ကာလအတြင္း ျမန္မာစစ္တပ္အား လက္ဦးမႈယူ ထိုးစစ္ဆင္ တိုက္ခိုက္တာေတြ မျပလုပ္ေပမဲ့ ျမန္မာစစ္တပ္က စတင္တိုက္ခိုက္တာ၊ မိမိတို႔ေဒသတြင္း စစ္ဆင္ေရးနဲ႔ စစ္ေရးလႈပ္ရွားမႈေတြ လာေရာက္ျပဳလုပ္တာ၊ လက္နက္ႀကီးအေျမာက္ေတြနဲ႔ စုၿပဳံပစ္ခတ္တိုက္ခိုက္တာ၊ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြ ျပဳလုပ္လာမည္ဆိုပါက ခုခံကာကြယ္တဲ့အေနနဲ႔ အခ်ိန္ေနရာမေ႐ြး ျပန္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ရွမ္းျပည္​နယ္​ ​ေျမာက္​ပိုင္းမွာ ၾသဂုတ္​လ ၉ ရက္​​ေန႔ကစၿပီး ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ တီအန္အယ္ေအ၊ ေအေအ၊ ကိုးကန႔္အဖြဲ႕တို႔နဲ႔ တပ္​မ​ေတာ္​ၾကား တိုက္​ပြဲေတြ ျဖစ္​ပြားေနတာျဖစ္ၿပီး တိုက္​ပြဲ​ေၾကာင့္ စစ္​​ေဘး​ေရွာင္​ ျပည္​သူ​ေတြ ​ေထာင္​နဲ႔ခ်ီ ထြက္​​ေျပးတိမ္းေရွာင္ခဲ့ရကာ ေသဆုံး ဒဏ္ရာရေတြလည္း ရွိခဲ့ပါတယ္။ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ပထမဆုံးအႀကိမ္ ၁ လတာ တဖတ္သက္ အပစ္ရပ္စဲေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ တပ္မေတာ္ကေတာ့ စစ္တိုင္း ၅ ခုမွာ စစ္ေရး လႈပ္ရွားတာေတြ ရပ္ဖို႔ ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက္ကေန ဧၿပီ ၃၀ ရက္အထိ တႀကိမ္၊ ၂၀၁၉ ေမ ၁ ရက္ကေန ဇြန္ ၃၀ အထိ တႀကိမ္၊ ဇူလိုင္ ၁ ရက္ကေန ဩဂုတ္ ၃၁ ရက္အထိ တႀကိမ္ ၃ ႀကိမ္ ေၾကညာထားပါတယ္။ ေနာက္ဆုံးအႀကိမ္ စက္တင္ဘာ ၁ ရက္အထိ ၂၁ ရက္အထိ တဖက္သတ္အပစ္ရပ္ ၁ ႀကိမ္ ထပ္ၿပီး ေၾကညာထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024