A d v e r t i s e m e n t With Us

နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ 

အခုနှစ်ကျရောက်တဲ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ (၈) ရက်နေ့က ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို မြန်မာနိုင်ငံစာတတ်မြောက်ရေးနှင့်ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ကနေ ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ်ရာပြည့်ကိုကြိုဆိုတဲ့အနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ကျရောက်တဲ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ကိုတော့ စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေမြှင့်တင်စို့ ဆိုပြီး သတ်မှတ်ထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာလည်း တိုင်းရင်းသားစာပေဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်တချို့က အခြေခံပညာစာသင်ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကားတွေကို သင်ကြားနေပါတယ်။  စာတတ်မြောက်ရေးနှင့်ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ကို တက္ကသိုလ်သိပ္ပံကျောင်းပေါင်းစုံ အသုံးလုံးအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိမှာတော့ ကျေးလက်နေပြည်သူတွေကို အခမဲ့ဆေးကုတာတွေ၊ ဆေးဝါးထောက်ပံ့တာတွေ၊ အခြေခံပညာကျောင်းတွေမှာ အောင်ချက်မြင့်မားရေးအတွက် စာသင်ကြားပေးတာတွေ၊ ကျောင်းသုံးစာရေးကိရိယာတွေ လှူဒါန်းတာတွေနဲ့ အိမ်တွင်းမှုပညာတွေကို သင်ကြားပေးနေပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ အခမ္းအနား က်င္းပ  အခုႏွစ္က်ေရာက္တဲ့ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ အခမ္းအနားကို စက္တင္ဘာလ (၈) ရက္ေန႔က ရန္ကုန္တကၠသိုလ္ ဝိဇၨာခန္းမမွာ က်င္းပခဲ့ပါတယ္။ ဒီအခမ္းအနားကို ျမန္မာႏိုင္ငံစာတတ္ေျမာက္ေရးႏွင့္ေဒသဖြံ႕ၿဖိဳးမႈကူညီေရးအဖြဲ႕ကေန ဦးေဆာင္ၿပီး ရန္ကုန္တကၠသိုလ္ရာျပည့္ကိုႀကိဳဆိုတဲ့အေနနဲ႔ က်င္းပခဲ့တာျဖစ္ပါတယ္။ ဒီႏွစ္က်ေရာက္တဲ့ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ ေဆာင္ပုဒ္ကိုေတာ့ စာတတ္ေျမာက္ေရးဖြံ႕ၿဖိဳးဖို႔ တိုင္းရင္းသားဘာသာစာေပျမႇင့္တင္စို႔ ဆိုၿပီး သတ္မွတ္ထားပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာလည္း တိုင္းရင္းသားစာေပဖြံ႕ၿဖိဳးေရးႏွင့္ပတ္သက္ၿပီး တိုင္းနဲ႔ျပည္နယ္တခ်ိဳ႕က အေျခခံပညာစာသင္ေက်ာင္းေတြမွာ တိုင္းရင္းသားဘာသာစကားေတြကို သင္ၾကားေနပါတယ္။ စာတတ္ေျမာက္ေရးႏွင့္ေဒသဖြံ႕ၿဖိဳးမႈကူညီေရးအဖြဲ႕ကို တကၠသိုလ္သိပၸံေက်ာင္းေပါင္းစုံ အသုံးလုံးအဖြဲ႕ဝင္ေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေက်းလက္ေနျပည္သူေတြကို အခမဲ့ေဆးကုတာေတြ၊ ေဆးဝါးေထာက္ပံ့တာေတြ၊ အေျခခံပညာေက်ာင္းေတြမွာ ေအာင္ခ်က္ျမင့္မားေရးအတြက္ စာသင္ၾကားေပးတာေတြ၊ ေက်ာင္းသုံးစာေရးကိရိယာေတြ လႉဒါန္းတာေတြနဲ႔ အိမ္တြင္းမႈပညာေတြကို သင္ၾကားေပးေနပါတယ္။  

A d v e r t i s e m e n t With Us

More News
Up